Posts

Showing posts from June, 2018

နို့ဆမ်းမှို / ​တော်​ဝင်​မှို စိုက်​ပျိုးခြင်း - ၁

Image
P.M.K MUSHROOM RESEARCH CENTRE (SINCE - 1975) Cultivation of Milky / Royal / Summer Mushroom - 1 နို့ဆမ်းမှို / ​တော်​ဝင်​မှို စိုက်​ပျိုးခြင်း - ၁ Calocybe indica P&C * ​တော်​ဝင်​မှိုဟာ စို​က်​ပျိုးမှို​တွေထဲမှာ မျိုးသစ်​မှိုမျိုးစိတ်​ New Species ဖြစ်​ပါတယ်​။ * အရသာ အထူး​ကောင်းမွန်​ပါတယ်​။ * တာရှည်​အထားခံပါတယ်​။ အနံ့အရသာ ပျက်​သွားခြင်းမရှိပါဘူး။ * စိုက်​ပျိုးရ အလွန်​လွယ်​ကူပါတယ်​။ * အပူချိန်​မြင့်​ကြိုက်​တဲ့မှို ဖြစ်​ပါတယ်​။ * အဟာရတန်​ဖိုး မြင့်​မားစွာ ပါဝင်​ပါတယ်​။ ​တော်​ဝင်​မှိုစိုက်​ပျိုးဖို့ရန်​အတွက်​ နည်းလမ်း အသွယ်​သွယ်​ရှိပါတယ်​။ အစဉ်​​ပြေရင်​ အားလုံး​ကို ဖော်​ပြ​ပေးပါ့မယ်​။ နည်းစဉ်​ - ၁ အပိုင်း - ၁ နည်းစဉ်​ - ၁၊ အပိုင်း - ၁ က​တော့ တတ်​ကျွမ်းနားလည်​ပြီးဖြစ်​တဲ့ Oyster Mushroom ​ငွေနှင်းမှို စိုက်​ထုပ်​​တွေ ထုတ်​လုပ်​တဲ့ နည်းစဉ်​အတိုင်းပဲ ဖြစ်​ပါတယ်​။ တချို့လည်း အဲ့ဒါ ကှို မထုတ်​လုပ်​တတ်​​သေး​ကြောင်း သိရတာမို့ စလုံး​ရေစ အစက​နေစ ​ဖော်​ပြပါ့မယ်​။ (ဒီ​နေရာမှာ ​ပြောချင်​တာက တချို့လူငယ်​​တွေဟာ လုပ်​ချင်​တာ သိချင်​တာသာရှိတယ်​။ တင်​​ပေးထားတဲ့ စာကို ​သေ​သေချာချာ မဖတ

ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့်အချက်များ (အပိုင်း - ၁)

PMK Mushroom Research Centre (Since - 1975) Paddy-straw Mushroom Volvariella volvacea (Bulliard:Fried) Singer ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့်အချက်များ (အပိုင်း - ၁) မှိုစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အပူချိန်လိုအပ်မှု့ အပေါ် အခြေခံထား ပိုင်းခြားစိတ်ဖြာကြည့်မယ် ဆိုရင် အပူချိန်မြင့် ကြိုက်တဲ့မှို High Temperature Mushroom နဲ့ အပူချိန်နိမ့် ကြိုက်တဲ့မှို Low Temperature Mushroom ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ကောက်ရိုးမှိုက အပူချိန်မြင့် ကြိုက်တဲ့မှို ဖြစ်ပါတယ်။ မှိုစိုက်ပျိုးသူတွေဟာ မိမိစိုက်ပျိုးတဲ့မှို ကောင်း ကောင်းထွက်ရှိလာဖို့အတွက် အသုံးပြုတဲ့မှိုစာ တွေရဲ့ ပိုးသန့် ရောဂါကင်းရှင်းမှု့ မှိုစာတွေရဲ့ အဟာရတန်ဖိုး အသုံးပြုမဲ့မျိုးရဲ့ သန့်စင်အား ကောင်းမှု့တွေအကြောင်း နားလည်သိရှိထားဖို့ အထူးလိုအပ်လှပါတယ်။ ဒါတွေအပြင် မိမိစိုက် မဲ့မှိုအတွက် လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆကို လည်း ကောင်းကောင်းကြီး နားလည်သဘော ပေါက်ထားရမှာ ဖြစ်သလို လိုအပ်သလိုလည်း ပြုပြင်ဆောင်ရွက်ပေးတတ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို နားမလည် မဆောင်ရွက်ပေးတတ်ရင် ဖြင့် မှိုစာတွေ မှိုမျိုးတွေ ဘယ်လောက်ကောင်း

မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်​ခြင်း - ၁

မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်​ခြင်း - ၁ မှို​တွေအားလုံးမှာ မျိုး​စေ့ဆိုတာ ရှိပါတယ်​။ အဲ့မျိုး​စေ့က ​သေးငယ်​လွန်းတာ​ကြောင့်​သာမာန်​မျက်​​စေ့နဲ့ မမြင်​ရပါဘူး။ ဒီမျိုး​စေ့ကို Seed လို့ မ​ခေါ်ဘူး။ Spore လို့​ခေါ်ပါတယ်​။ ဒီ Spores ​တွေကို အနုကြည့်​မှန်​ဘီလူး Microscope နဲ့ကြည့်​ရင်​​တော့ မြင်​ရပါတယ်​။ Spores ​တွေဟာ အစိုဓာတ်​ရှိပြီး လိုအပ်​တဲ့ အဟာရပြည့်​ဝတဲ့​နေရာ​ပေါ်ကျသွားရင်​ ​နောက်​မျိုးဆက်​အတွက်​ Germination ဖြစ်​ ± Hypha / Hyphae ဒီကမှ ပွားများလာ Primary mycelium / mycelia ဖြစ်​။ ဆက်​ပြီး + Hyoha နဲ့ -- Hypha တို့ ​ပေါင်းစပ်​ပြီး Secondary mycelium / mycelia ဖြစ်​ရင်း ​နောက်​ဆုံးမ​တော့ Spores ​တွေကို ထုတ်​​ပေး​နေတဲ့ Spores မျိုးသီးအိမ်​ Sporocarp လို့​ခေါ်တဲ့ မှိုပွင့်​ကြီး ဖြစ်​လာ​တော့တာပါပဲ။ ဒါက သဘာဝအရ ဒီလိုပဲ သွား​နေပါတယ်​။ ဒါကို ပညာရှင်​အများက ​လေ့လာ သု​တေသနပြု မျိုးပွား စိုက်​ပျိုးရင်းနဲ့ Cultivated mushrooms ​တွေလည်း အမယ်​​တွေ တစ်​​နေ့တခြား များသထက်​များလာသလို စိုက်​ပျိုး သူ​တွေလည်း ပွားသထက်​ပွားလာပြီမို့ တတ်​မှတ်​သ​လောက်​ ကိုယ်​လုပ်​ခဲ့တဲ့ မျိုးထည့်​ပုံထည့်​နည်း​လေးက

ခန်းပြင်ကောက်ရိုးမှို စိုက်ပျိုးနည်းအပေါ် လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ (အပိုင်း-၁)

ခန်းပြင်ကောက်ရိုးမှို စိုက်ပျိုးနည်းအပေါ် လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ (အပိုင်း-၁) ဒီနေ့ နိုင်ငံတော်မှာ အဓိကစိုက်ပျိုးနေတာက တော့ ကောက်ရိုးမှိုပါပဲ။ ငွေနှင်းမှို ငွေမိုးမှို ပြည် သာယာမှို ကြွက်နားရွက်မှို ထပ်တစ်ရာမှို ရှီတာကီမှို မျောက်ခေါင်းမှို လင်ဇီးမှို စတာတွေ လည်း စ်ုက်ကြပေမဲ့ ကောက်ရိုးမှိုနဲ့ယှဉ်ရင် နည်း ပါတယ်။ ကောက်ရိုးမှို စိုက်ပျိုးနေတာကို လေ့လာကြည့် ပြန်ရင်လည်း အဆောက်အဦးပြင်ပစိုက်ပျိုးခြင်း Outdoor cultivation နဲ့ အများဆုံး စိုက်ပျိုးနေ တာကို တွေ့ရပါတယ်။ ဒါကလည်း ဒီနည်းက အများသူငါ စိုက်နိုင်တဲ့ ကုန်ကျစရိတ်နည်းပါး တဲ့စိုက်နည်းဖြစ်သလို နည်းပညာလည်း အများ ကြီးမလိုအပ်လို့ပဲ ဖြစ်ပါတယ်။ ဒီ အဆောက်အဦးပြင်ပစိုက်ပျိုးခြင်းနည်းက အများသူငါ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ နည်း ဖြစ်ပေမဲ့ စံနစ်တကျ ပိုးသန့်စိုက်ပျိုးရတဲ့နည်း တော့မဟုတ်ပါဘူး။ ဒီလို စံနစ်မကျ ပိုးသန့်မှု့ မရှိတဲ့ စိုက်ပျိုးနည်း ဖြစ်တာမို့ မှိုထွက်မသေချာ မှိုမထွက် ရောဂါ တွေ အကျများတဲ့ ပြဿနာရပ်တွေနဲ့ မှိုစိုက် သူတွေ အမြဲရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့ ကြောင့် ဒါတွေဘာ့ကြောင့်ဖြစ်ရသလဲ ဘယ်လို ရင်ဆိုင် ကာကွယ်ရမလဲဆိုတာ ကောင်းကောင်း နားလည်

ခန်းတွင်းကောက်ရိုးမှို စိုက်ပျိုးခြင်း Indoor Cultivation of Paddy-straw Mushroom (အပိုင်း-၁)

Image
PMK Mushroom Research Centre (Since 1975) Paddy-straw Mushroom Volvariella volvacea (Bulliard:Fries) Singer ခန်းတွင်းကောက်ရိုးမှို စိုက်ပျိုးခြင်း Indoor Cultivation of Paddy-straw Mushroom (အပိုင်း-၁) အဆောက်အဦး * ခန်းတွင်းစိုက်ပျိုးဖို့အတွက် အဆောက်အဦး လိုအပ်ပါတယ်။ လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆ ကိုထိန်းထားနိုင်ဖို့ပါ။ ပြင်ပက ရောဂါတွေလည်း မဝင်ရောက်နိုင်အောင်လို့ပေါ့။ * တစ်ခုရှိတာက အဲ့အဆောက်အဦးထဲမှာ စင်ငါး စင်ရှိတယ် ဆိုပါစို့။ ငါးစင်စလုံး မှိုစာထည့် ပိုးသန့် တပြိုင်တည်း စိုက်ရမှာ ဖြစ်ပါတယ်။ * ဒါ့ကြောင့် နေ့စဉ် မှိုလိုချင်သပဆိုရင် ပုံစံတူ အ ဆောက်အဦး ငါးလုံးလောက်တော့ ဆောက်ရမှာ ဖြစ်ပါတယ်။ * ကုန်ကျစရိတ် သက်သာတဲ့ စံမှိုတဲတစ်လုံးကို အောက်ပါအတိုင်း ဆောက်လုပ်နိုင်ပါတယ်။ မှိုတဲ * စံမှိုတဲအဖြစ် အလျား ၈-မီတာ အနံ ၅-မီတာ ဆောက်ပါ။ အဝင်တံခါးကို လေကွယ်တဲ့ဖက်က တစ်ပေါက်တည်းဖေါက်ပါ။ စံအနေနဲ့ ဖေါ်ထြားတာပါ။ အလျား အနံကို မိမိ အိမ်ဝင်း ခြံဝင်း အနေအထားပေါ်မူတည်ပြီး ဆောက်နိုင်ပါတယ်။ * ပြူတင်းပေါက် ဖေါက်စရာ မလိုပါ။ ဒါပေမဲ့ မှိုခူး ရင် အလင်းရောင်ရစေဖို့ သန့်ရှင်းရေးလုပ်ရင် လွယ်ကူစေဖို့ ပြူတင်းပေါက် ဖေါက်လိုက

ကောက်​ရိုးမှိုကို ​ကောက်​ရိုးအသုံးပြု ဇလားဖြင့်​ ပုံသွင်းစိုက်​ပျိုးခြင်း -- ၁

Image
ကောက်​ရိုးမှိုကို ​ကောက်​ရိုးအသုံးပြု ဇလားဖြင့်​ ပုံသွင်းစိုက်​ပျိုးခြင်း -- ၁ ကြို့ပင်​​ကောက်​သွား​တော့ ပြည်​မြို့​အောက်​ပိုင်း အဲ့ ကြို့ပင်​​ကောက်​အထိ ကားလမ်း ဝဲယာမယ်​ ဝင်းမှည့်​​နေတဲ့ စပါးခင်း​တွေ မြင်​ခဲ့ရပါတယ်​။ တချို့လည်း ရိတ်​သိမ်း​နေကြပြီ​။ ဒါနဲ့ပဲ ကြို့ပင်​​ကောက်​​ရောက်​၊ ​ကောက်​ရိုး​မှိုစိုက်​တာနဲ့ ပတ်​သက်​လို့ ​ပြောကြဆိုကြ​တော့ ​ကောက်​ရိုးတို့ ရိုးပြတ်​တို့ရဲ့အ​ကြောင်း ပါမလာပဲ ​ဗေဒါအ​ကြောင်းသာ ပါပါ​နေသမို့ ​ကောက်​ရိုးမှိုကို ​ကောက်​ရိုးနဲ့စိုက်​ဖို့အ​ကြောင်း​လေး ​ပြောပြဖြစ်​ခဲ့ပါတယ်​။ မှိုဆိုတာက အ​ဆွေးစားပင်​ Saprophytes ဆို​တော့ ​ဆွေ​မြေ့ပျက်​ဆီးနိုင်​တဲ့အရာ ဘာ နဲ့မဆို စိုက်​နိုင်​တယ်​​လေ။ သူ့မျိုးစိတ်​နဲ့သူ ကန့်​သပ်​ချက်​ ခြွင်းချက်​​တွေ​တော့ ရှိတာပေါ့။ ဒီ​နေရာမှာ ​ကောက်​ရိုးမှိုအတွက်​က​တော့ ​ကောက်​ရိုး ​ရိုးပြတ်​ ဗေဒါ လွှစာ စက္ကူ လဘက်​​ခြောက်​ပြုတ်​ဖတ်​ ဝါ​လေ ဆီအုန်းဖတ်​အုန်းခွံ ငှက်​​ပျော စတာ​တွေနဲ့ စိုက်​ပျိုးဖြစ်​ထွန်း​နေ တာ သတိထားမိကြပါလိမ့်​မယ်​။ အဓိက ​ခေါင်းထဲထည့်​မှတ်​ထားရမှာက ကိုယ့်​အရပ်​ကိုယ်​​ဒေသမှာ ဘာ​တွေ​ပေါသလဲ ဘာ​တွေနဲ့စိုက်​ရင်​ဖြစ်​ထွန်းမလဲ

သီးနှံပင်​များ အရွက်​ဝါခြင်းအ​ကြောင်း

Image
သီးနှံပင်များ အရွက်ဝါခြင်းအကြောင်း =====================  အရွက်စိမ်းများတွင် ရှိနေသော အစိမ်းရောင်၊ရောင်ချယ်မှာ ကလိုရိုဖီးလ် Chlorophyll ဖြစ်သည်။ ထိုအစိမ်းရောင် ရောင်ချည်ရှိမှသာ အပင်များသည် လေထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့နှင့် အမြစ်မှ စုပ်ယူရရှိသောရေကို ဓါတ်ပြုပြီး၊ အခြေခံအစာဖြစ်သော ကာဘိုဟိုက်ဒရိတ်ဟုခေါ်သော သကြား၊ ကစီများကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။အစိမ်းရောင် ရောင်ချယ်ကလိုရိုဖီးလ်မရှိပါက အပင်များအစာ မချက်လုပ်နိုင်တော့ပါ။ ထိုအခြေအနေမှာကြီးထွားခြင်းကိုထိခိုက်စေပြီး၊ အဆုံးတွင်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပေသည်။အရွက်များ အစိမ်းရောင်ပျောက်ပြီးဝါလာရသည့် အကြောင်းရင်း အတော်များများ ရှိနေပါသည်။ထို့ကြောင့်အရွက်များဝါလာခြင်းကို နည်းတစ်မျိုးတည်းဖြင့် မကုစားနိုင်ပါ။ အနာနှင့်ဆေး တိုက်ဆိုင်ရန် လိုအပ်ပါသည်။ အစိမ်းရောင်ချယ်ကလိုရိုဖီးလ်၏အဓိကပါဝင်သောအစိမ်းရောင်ကို မဂ္ဂနီဆီယမ်က အဓိက တာဝန်  ရှိသည်။ လူတို့တွင် သွေးအားနည်း၍ ဖြူဖတ်ဖြူရော်ဖြစ်သောအခါ အိုင်းရွန်း(ခေါ်) သံဓါတ်ပါသော ဖဲရပ်ဆာလ်ဖိတ်ကဲ့သို့သော ဆေးတစ်မျိုးမျိုးကို စားသုံးရသည်။လူတို့၏ သွေးနီရန်သံဓါတ် လိုအပ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ပုဇွန်များတွင်ကား