ခန်းတွင်းကောက်ရိုးမှို စိုက်ပျိုးခြင်း Indoor Cultivation of Paddy-straw Mushroom (အပိုင်း-၁)
PMK Mushroom Research Centre
(Since 1975)
Paddy-straw Mushroom
Volvariella volvacea (Bulliard:Fries) Singer
ခန်းတွင်းကောက်ရိုးမှို စိုက်ပျိုးခြင်း
Indoor Cultivation of Paddy-straw Mushroom
(အပိုင်း-၁)
အဆောက်အဦး
* ခန်းတွင်းစိုက်ပျိုးဖို့အတွက် အဆောက်အဦး လိုအပ်ပါတယ်။ လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆ ကိုထိန်းထားနိုင်ဖို့ပါ။ ပြင်ပက ရောဂါတွေလည်း မဝင်ရောက်နိုင်အောင်လို့ပေါ့။
* တစ်ခုရှိတာက အဲ့အဆောက်အဦးထဲမှာ စင်ငါး
စင်ရှိတယ် ဆိုပါစို့။ ငါးစင်စလုံး မှိုစာထည့် ပိုးသန့်
တပြိုင်တည်း စိုက်ရမှာ ဖြစ်ပါတယ်။
* ဒါ့ကြောင့် နေ့စဉ် မှိုလိုချင်သပဆိုရင် ပုံစံတူ အ
ဆောက်အဦး ငါးလုံးလောက်တော့ ဆောက်ရမှာ
ဖြစ်ပါတယ်။
* ကုန်ကျစရိတ် သက်သာတဲ့ စံမှိုတဲတစ်လုံးကို
အောက်ပါအတိုင်း ဆောက်လုပ်နိုင်ပါတယ်။
မှိုတဲ
* စံမှိုတဲအဖြစ် အလျား ၈-မီတာ အနံ ၅-မီတာ
ဆောက်ပါ။ အဝင်တံခါးကို လေကွယ်တဲ့ဖက်က
တစ်ပေါက်တည်းဖေါက်ပါ။
စံအနေနဲ့ ဖေါ်ထြားတာပါ။ အလျား အနံကို မိမိ
အိမ်ဝင်း ခြံဝင်း အနေအထားပေါ်မူတည်ပြီး
ဆောက်နိုင်ပါတယ်။
* ပြူတင်းပေါက် ဖေါက်စရာ မလိုပါ။ ဒါပေမဲ့ မှိုခူး
ရင် အလင်းရောင်ရစေဖို့ သန့်ရှင်းရေးလုပ်ရင် လွယ်ကူစေဖို့ ပြူတင်းပေါက် ဖေါက်လိုက ဖေါက်
ထားနိုင်ပါတယ်။
* အမိုးအကာအားလုံးကို မိမိဒေသထွက် ထန်း
ရွက် သမန်းရွက် ကောက်ရိုး ဝက်လံ သက်ကယ်
များနဲ့ ဆောက်နိုင်ပါတယ်။ ပလတ်စတစ် မိုးကာ
စနဲ့လည်း ဆောက်လို့ရပါတယ်။ အညာဒေသ ဆိုရင်တော့ နွေရာသီ အပူလွန်မှာကိုတော့ ဂရု
စိုက်ရပါလိမ့်မယ်။
* ထရံကာ အဆောက်အဦးနဲ့လည်း ဆောက်
နိုင်ပါတယ်။
* သတိထားဖို့ကတော့ နွေရာသီ March to May အပူချိန် ၃၅ ထက်ပိုတဲ့ အရပ်ဒေသတွေမှာ
သွပ်မိုးသွပ်ကာ အဆောက်အဦးတွေ မဆောက်
ဖို့ပါပဲ။
* အတွင်းဘေးပတ်ပတ်လည်ရယ် အထက်မျက်
နှာကျက်ရယ်ကို ပလတ်စတစ်အထူ ဒါမှမဟုတ်
ဖေါ့ပြားနဲ့ ထပ်မံကာရံထားပေးနိုင်ရင် မှိရုံရဲ့ စို ထိုင်းဆကို ပိုပြီးထိန်းထားပေးနိုင်တာမို့ ငွေကြေး အခက်အခဲမရှိသူများ ဆောင်ရွက်သင့်ပါတယ်။
* စိုထိုင်းဆ ထိန်းထားနိုင်ဖို့ မှိုတဲအောက်ခြေကို
ို သဲ ဒါမှမဟုတ် အုတ်ခဲကျိုးနဲ့သဲ ခင်းထားပေးနိုင်
ရင် အလွန်ကောင်းပါတယ်။ သဲမြေ သဲနှုံးမြေ နှုံး
မြေမှာ ဆိုရင်တော့ လုပ်စရာ မလိုပါဘူး။
* လုပ်ပေးနိုင်ရင် ကောင်းပေမဲ့ ငွေကုန်ကြေးကျ များသမို့ သံမံသလင်းခင်းစရာ မလိုအပ်ပါဘူး။
* ဒါဆို မိမိမှိုတဲဟာ ပြင်ပအလင်းရောင်စူးစူး
မဝင်နိုင်တဲ့ ပြင်ပတိုက်ခတ်နေတဲ့လေ မဝင်နိုင်
တဲ့ အတွင်းအပူချိန်နဲ့ စိုထိုင်းဆကို ကောင်း
ကောင်းထိန်းထားပေးနိုင်တဲ့ တဲဖြစ်ပါပြီ။
* အဆောက်အဦးပြင်ပမှာ မဖေါက်ထုံးကန်လေး
တစ်ခု ထားပေးရပါမယ်။ မှိုတဲအတွင်းကို ဝင်မယ်
ဆိုရင် အဲ့ဒီ့ထုံးကန်ကိုနင်းပြီးမှဝင်ပါ။
* အကောင်းဆုံးကတော့ မှိုတဲအတွင်းစီးဖို့ ဖိနပ်ကို သီးခြားစီစဉ်ထားပေးပါ။
မှိုစင်
* အခုဖေါ်ပြထားတဲ့ မှိုတဲအတွင်းမှာ မှိုစင်နှစ်စင်
ဆောက်ပါ။
* မှိုစင်နှစ်စင် တစ်စင်နဲ့တစ်စင် ၁-မီတာခြားပါ။
မှိုခူး သန့်ရှင်းရေးလုပ် မှိုစာသယ်ထုတ် အလုပ်
တွေ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်အောင်
လို့ပါ။
* အဲ့ မှိုစင်များဟာ မှိုတဲရဲ့ဘေး နံရံများနဲ့လည်း
၁-မီတာစီ ကွာပါစေ။
* မှိုစင်တွေရဲ့ အနံက ၁-မီတာ အလျားကတော့
၆-မီတာ ရှိရပါမယ်။
* မှိုစာတွေကို ကောင်းစွာ ထမ်းမ ထားနိုင်ဖို့
အလျား ၆-မီတာကို ၂-မီတာစီခြားပြီး ပကာ မျော ဝါး အသုံးပြု တိုင်စိုက်ပါ။
* ကျောက်တိုင်စိုက်လည်း ရပါတယ်။ သံထည်
နဲ့တော့ မကောင်းပါဘူး။
* စင့်တွေကို ၀.၅ မီတာ ခြားပြီး ဆောက်ပါ။ ၃-ဆင့်ထိ ဆောက်နိုင်ပါတယ်။
* အခင်းကို ဝါးသေးသေး ဖြောင့်ဖြောင့် သုံးရင် ရပါတယ်။ ၇ - ၁၀ စင်တီမီတာ ခြားပြီး ခင်းသွား ပါ။
* မှိုတစ်ခါစိုက်ပြီးတိုင်း ပိုးသန့် သန့်ရှင်းရေး လုပ်ရလွယ်အောင် သံနဲ့ အသေမရိုက်ပါနဲ့။ ပလတ်စတစ် လျှော်ကြိုးနဲ့ တုတ်နှောင်ထားပါ။
* မျော ဒါမှမဟုတ် ဝါးနဲ့ဆောက်ထားတဲ့ မှိုစင်တွေဟာ နောက်ပိုင်းကျ မှိုရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ အထူးသတိထားပါ။

(အပိုင်း - ၂)
မှိုစာများ
* ကောက်ရိုးမှိုစိုက်ဖို့ မှိုစာ စပ်နည်းတချို့ကို
ဖေါ်ပြပေးလိုက်ပါတယ်။ အထူးသတိပေးလို
တာက ဒါတွေကို တရားသေ မမှတ်ဖို့ပါပဲ။ မိမိ
ဒေသမှာရှိတဲ့ အပင်ထွက်ပစ္စည်း ဘာနဲ့မဆို
စိုက်ပျိုးနိုင်တာကို သိထားရပါမယ်။
* ကောက်ရိုး ၄၀ : ဝါစေ့ခွံ ၄၀ : နွားချေးမှုန့် ၂၀
* ကောက်ရိုး ၄၀ : ကဒ်စက္ကူ ၄၀ : မြင်းချေးမှုန့်
၂၀
* ကောက်ရိုး / ရိုးပြတ် ၉၀ : နွား / မြင်း / ကျွဲ
ချေးမှုန့် ၁၀
* ကောက်ရိုး ၅၀ : ဝါလေ ၅၀
* ကောက်ရိုး ၄၅ : ဗေဒါ ၄၅ : ဖွဲနု ၁၀
* ဗေဒါ ၇၀ : ကဒ်စက္ကူ ၂၀ : ဖွဲနု ၁၀
* ငှက်ပျောရွက်လယ်ကြော ၉၀ : ဂျုံဖွဲနု ၁၀
* ဒါလေးတွေက ပုံစံအနေနဲ့ ဖေါ်ပြတာပါ။ ထပ် ပြီး အသိပေးလိုတာက မှိုဆိုတာက ဆွေးမြေ့စား
ပင် Saprophytes တွေပါ။ ဒါ့ကြောင့် ချွင်းချက် အနည်းငယ်ကလွဲပြီး ဘာဆွေးမြေ့ပျက်ဆီးနိုင် တဲ့ အပင်ထွက်ပစ္စည်းနဲ့မဆို စိုက်ပျိုးနိုင်ပါတယ်။
* အချိုးတွေကိုလည်း မိမိဒေသရဲ့ အပေါအများ ပေါ် မူတည်ပြီး ရောစပ်နိုင်ပါတယ်။ ထွက်ရှိလာ
တဲ့ အပေါ်မူတည်ပြီး ဂရုတစိုက် မှတ်သားထား
ဖို့တော့ လိုအပ်ပါတယ်။ ရလဒ်ကိုလည်း တစ်
ကြိမ်တည်း တစ်ခါတည်းလုပ်ပြီး ကောက်ချက်မ
ချဖို့ မှာပါရစေ။
မှိုစာပြင်ဆင်ခြင်း
* ကောက်ရိုးနဲ့ စိုက်မယ် ဆိုပါစို့။ အဲ့ကောက်ရိုး
တွေကို ၇ - ၁၀ စင်တီမီတာကြား စင်းပါ။ ၁ - ၂
နာရီကြာ ရေစိမ်ပါ။ မဖေါက်ထုံး ၂ ရာခိုင်နှုန်း
ရောထည့်ပါ။ ပြီး ရေစစ်ပါ။
* ရေစစ်ထားတဲ့ ကောက်ရိုးတွေကို တခြား မိမိ
ထည့်လိုတဲ့ ဖြည့်စွက်စာတွေ ရောထည့်ပြီး သမ
အောင် မွှေပေးပါ။
* သံမံသလင်းပေါ် / ပလတ်စတစ် အခင်းစပေါ်
ပုံထားပြီး fermentation ဖြစ်အောင် ပလတ်စ
တစ်စနဲ့ လုံအောင် အုပ်ပြီးနှပ်ထားပါ။
* နှပ်ထားတဲ့ မှိုစာပုံရဲ့ အမြင့်ဟာ ၁-မီတာထက်
ပို မမြင့်ပါစေနဲ့။
* မှိုစာပုံရဲ့ အစိုဓာတ်ဟာ စိုထိုင်းဆ ၇၅ - ၈၀
ရာခိုင်နှုန်း ရှိနေရပါမယ်။
* မှိုစာပုံရဲ့ ချဉ်-ငံဓာတ်ကတော့ ၇ - ၈ မှာ ရှိနေရ
ပါမယ်။
* ပတ်ဝန်းကျင် ရာသီဥတုပေါ်မူတည်ပြီး ၂ - ၃
ရက်မြောက်တဲ့နေ့မှာ ဒီမှိုစာပုံရဲ့ အပူချိန်ဟာ
၄၀ - ၅၀ စင်တီဂရိတ်ထိ တက်လာပါလိမ့်မယ်။
ထက်အောက်လှန် သမအောင် မွှေပေးပါ။
* အထူးသတိထားဖို့က မှိုစာတွေထဲကို ဓါတု
မြေသြဇာတွေ အားဆေးတွေ မထည့်ဖို့ပါ။ ကျွန်
တော်က ဒါတွေသုံးတာ ဆန့်ကျင်ပါတယ်။
မှိုစင်များပေါ် မှိုစာတင်ခြင်း
* မှိုစာတွေကို မှိုစင်တွေပေါ်မတင်ခင် မှိုစင် ဆင့်
တိုင်းရဲ့ ကြမ်းခင်းတွေပေါ် ရေစိမ် ရေစစ်ထားတဲ့
ကောက်ရိုးတွေကို ဖင်ပြန်ခေါင်းပြန် မထူမပါး ခင်း
ပေးရပါမယ်။
* ကောက်ရိုးမရရင် ဗေဒါ ကြံကြိတ်ဖတ် ငှက်
ပျောရွက် ရှင်မွေးလွန်း ဒါတွေ အသုံးပြုနိုင်ပါ
တယ်။
* နှပ်ပြီးတဲ့ မှိုစာတွေကို ရာသီဥတု အခြေအနေ
ပေါ်မူတည်ပြီး နွေ - မိုး ရာသီမှာဆိုရင် ၈ - ၁၀
စင်တီမီတာအထူ ဆောင်းရာသီမှာတော့ ၁၂ - ၁၅ စင်တီမီတာအထူ ပုံပေးပါ။
* မှိုစာပုံတဲ့အခါ နင်းကန်သိပ်သည်းသွားအောင်
မဖိရ ပွလွန်းရွလွန်းအောင်လည်း ဖွဖွလေး မ ထည့်ရ။ အနေတော်လေးသာ ဖိပေးပါ။
* အထူးသတိပြုရမှာက ခန်းတွင်းမှို စိုက်ပျိုးတဲ့
အခါ မှိုစင်တွေအားလုံး တပြိုင်တည်း စိုက်ရမှာ
ဖြစ်ပါတယ်။ ချန်ထားလို့မရပါဘူး။
* ဘာ့ကြောင့်လဲဆိုတော့ မှိုတဲအတွင်းမှာ မှိုစင်
၅-စင် ရှိပြီး ၃-စင်ပဲ စိုက်မယ် ဆိုပါစို့။ ဒီ ၃-စင်ကို
ရေနွေးငွေ့လွှတ် ပိုးသန့်ပြီးစိုက်ရပါမယ်။ အဲ့ဒီလို
ပိုးသန့်စိုက်ပြီး နောက် လေးငါးဆယ်ရက်ကြာမှ ကျန် ၂-စင်ကို စိုက်မယ်ဆိုရင် ဒီနှစ်စင်ကို ဘယ်
လိုပိုးသန့်မလဲ။ စဉ်းစားကြည့်ပါ။
* အရင် ၃-စင်က မှိုမျှင်တွေပွါးနေပြီ ဒါမှမဟုတ်
မှိုကထွက်နေပြီ။ ဒါဆို ခုစင်တွေကို ဘယ်လို ရေ
နွေးငွေ့လွှတ် ပိုးသန့်မလဲ။ ရေနွေးငွေ့ လွှတ်လိုက်
တာနဲ့ အပူချိန်တွေ အများကြီး တက်လာပြီး ပွါး များနေတဲ့ မှိုမျှင်လေးတွေ ထွက်စပြုနေတဲ့ မှိုလုံး
လေးတွေ ပျက်ဆီးကုန်တော့မှာ ဖြစ်ပါတယ်။
*****
ခန်းတွင်းကောက်ရိုးမှိုစိုက်ပျိုးခြင်း

(အပိုင်း-၃)
ပိုးသန့်ခြင်း
* မှိုစင်တွေပေါ် မှိုစာတွေ ဖြည့်-ခင်းပြီးရင် မှိုခန်း
တံခါးတွေကို အလုံပိတ်ပြီး ရေနွေးငွေ့လွှတ် ပိုး
သန့်ပေးရမှာ ဖြစ်ပါတယ်။
* ရေနွေးငွေ့လွှတ်ထားတဲ့ အခန်းတွင်းအပူချိန်
ဟာ ၆၀ - ၆၅ စင်တီဂရိတ်အတွင်း ရှိနေရပါမယ်။
* ရေနွေးငွေ့လွှတ်ခြင်းကို မှိုတဲအကျယ်အဝန်း ကို ချိန်ဆပြီး ပေပါ ၁ - ၂ လုံး အသုံးပြု အခန်း တွင်းကို ပိုက်များနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်
နိုင်ပါတယ်။
* ဒီလိုပါပဲ ရေနွေးငွေ့ကိုလည်း အခန်းအကျယ် အဝန်းပေါ် မူတည်ပြီး ၁၂ - ၂၄ နာရီကြာ လွှတ်္ဒပေး ရမှာဖြစ်ပြီး ပြီးရင် ရပ်လိုက်ပါ။
* အခန်းတွင်းအပူချိန် ပြန်ကျလာပါလိမ့်မယ်။
၃၅ အထိ ကျလာပြီဆိုရင်တော့ မှိုစာတွေထဲကို
မှိုမျိုးတွေ ထည့်ပါ။
မှိုမျိုးထည့်ခြင်း
* မှိုမျိုးထည့်တာကို လူတစ်ဦး နှစ်ဦးနဲ့သာ
ဆောင်ရွက်ပါ။ လူတကာခေါ် မထည့်ခိုင်းပါနဲ့။
* မှိုစင်တွေပေါ်က မှိုစာတွေအပေါ် မှိုမျိုးထည့်တဲ့
အခါ တစ်နေရာနဲ့ တစ်နေရာ ၁၅ - ၂၀ စင်တီမီ
တာခြားခြားပြီး ထည့်သွားပါ။
* မှိုစာအပေါ် မှိုမျိုးတွေ ပီးစလွယ် ကျဲပက်ချခြင်း ထက် လက်ညှိုးလေးနဲ့ ၂ - ၃ စင်တီမီတာ အနက် ဖေါက်ပြီး မှိုမျိုး သင့်ရုံထည့် နောက် မှိုစာနဲ့ ပြန်ဖုံး
ပေးပါ။
* မှိုမျိုးကို မိမိကိုယ်တိုင် ထုတ်လုပ်ထားတာကို
အသုံးပြုပါ။ ဒါမှမဟုတ် တတ်သိနားလည်သူ
များ ထုတ်ပေးထားတဲ့ ဆင့်ပွါးမဟုတ်တဲ့ မျိုးကို
သုံးပါ။
* မှိုစင်တစ်ခုလုံး မျိုးထည့်ပြီးရင် မှိုစာတွေအပေါ်
ကို သန့်ရှင်းတဲ့ သတင်းစာစက္ကူနဲ့ ဖုံးအုပ်ထား
ပေးပါ။ နောက် ထပ်ပြီး ပလတ်စတစ်စနဲ့ ထပ်
အုပ်ထားပေးပါ။ စိုထိုင်းဆကို ကောင်းကောင်း
ကြီးထိန်းနိုင်ပြီး မှိုမျိုးပွါးများနှုန်းကောင်းတာကို
တွေ့ရမှာ ဖြစ်ပါတယ်။
* မျိုးထည့်ပြီးရင်တော့ အခန်းရဲ့ အပူချိန်က
၃၂ - ၃၅ အတွင်းမှာ ရှိနေရပါမယ်။
* မျိုးအတွက် ဖုန်းဆက်လာတာတွေ များနေပါ တယ်။ မျိုးကောင်းမျိုးသန့်ရရှိဖို့အတွက် နောက် ပိုင်း culture media ရောင်းပေးဖို့ ဒါမှမဟုတ်
grain spawn ရောင်းပေးပြီး ကိုယ်တိုင် မျိုးထုပ်
ထုတ်နိုင်ဖို့ ဆောင်ရွက်ပေးပါ့မယ်။
* ဒါမှ ကျွန်တော်လည်း ဝင်ငွေလေးရ ကိုယ်ဝါသ နာပါတဲ့ ဒီလုပ်ငန်းအတွက် research များများ လုပ်နိုင် ရလဒ်တွေကို ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါ တယ်။
* research အတွက် ပင်စင်လစာလေးနဲ့က တော့ ဘာမှ မလုပ်နိုင်ပါဘူး။ လုပ်ချင်တာတွေ
မလုပ်ရလို့ အချိန်ကုန် အသက်တွေသာ ကြီးကြီး သွားပါတယ်။
* လူတော်လူကောင်းတွေကိုတော့ tissue culture ထိ ပညာပေးမယ်လို့ ရည်မှန်းထားပါ
တယ်။
မျိုးပြန့်ပွါးခြင်း
* မှိုမျိုးတွေ ထည့်ပြီးတဲ့အခါ အဲ့ဒီမျိုးတွေ ပွါးများ
မှိုစာတွေတစ်ခုလုံးအပေါ် ပြည့်သွားဖို့က ၃ - ၎
ရက်လောက်အချိန်ကြာပါတယ်။
* ဒီလိုမျိုးပြန့်ပွါးနေချိန်မှာ ရေနဲ့ အလင်းရောင်
မလိုအပ်ပါဘူး။ ဒါပေမဲ့ လေဝင်လေထွက်က
တော့ ကောင်းနေရပါမယ်။
* ၄-ရက်ကျော်သွားပြီဆိုရင်တော့ မှိုခန်းအတွင်း
မီးချောင်းနဲ့ အလင်းရောင်ပေးနိုင်ပါတယ်။ တစ်ခု
ရှိတာက အလင်းရောင်ရှိနေမယ်ဆိုရင် မှိုလုံး
တွေရဲ့ အရောင်ဟာ မည်းလာနိုင်ပါတယ်။ ဖြူ
ဖြူလိုချင်ရင်တော့ မှိုခူးချိန် သန့်ရှင်းရေး ဝင်ချိန်
ကလွဲပြီး မီးပိတ်ထားရမှာ ဖြစ်ပါတယ်။ လေဝင်
လေထွက်ကတော့ ကောင်းနေရပါ့မယ်။
* ဒီအချိန် မှိုပုံတွေအပေါ်မှာ မျိုးမည်ခွဲခြားဖို့
ခက်ခဲတဲ့ Actinomycetes ဝင် မှိုရိုင်းတွေ ထွက်
လာတတ်ပါတယ်။ စိုးရိမ်စရာ မလိုအပ်ပါဘူး။
မိမိထည့်ထားတဲ့ ကောက်ရိုးမှိုမျိုးတွေ ဆက်
လက်ပွါးများနေမှာ ဖြစ်ပါတယ်။
* အဲ့ ၄-ရက်နေ့မြောက်မှာ ဖုံးအုပ်ထားတဲ့ စက္ကူနဲ့ ပလတ်စတစ်စကို ဖယ်လိုက်ပါ။ sprayer နဲ့ ရေ
မှုန်လေးတွေကို လေထုအတွင်း ပက်ဖြန်းပေးပါ။
မှိုပုံတွေအပေါ် တိုက်ရိုက် လုံးဝမဖြန်းပါနဲ့။
* ပလတ်စတစ်စကိုဖယ် ရေမှုန်လေးတွေ ပေး
ပြီးတဲ့နောက်မှာတော့ မှိုရိုင်းတွေရှိရင် ပျောက်
ကွယ်သွားပါလိမ့်မယ်။
မှိုထွက်ရှိခြင်း
* သင့်လျော်-လိုအပ်တဲ့ အခြေအနေများရရင်
၅ - ၇ ရက် ရောက်လာတဲ့အခါ မှိုစာတွေအပေါ် မှာ များပြားလှတဲ့ မှိုလုံးဖြူ့ဖြူလေးတွေကို စတင် တွေ့ရှိလာရမှာ ဖြစ်ပါတယ်။
* မှိုလုံးလေးတွေ ကောင်းစွာဖွံ့ဖြိုးကြီးထွားလာဖို့
အပူချိန်နဲ့ စိုထိုင်းဆကို အထူးဂရုစိုက်ရပါမယ်။
* မှိုလုံးလေးတွေ ကြက်ဥ ဘဲဥပုံရှိလာရင် ခူး ဆွတ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။
* အရွယ်မရောက်သေးတဲ့ မှိုလုံးလေးတွေ မထိ
ခိုက်အောင် ဓါးချွန်းလေးနဲ့ အသာအယာခူးဆွတ် ရပါမယ်။
* အထူးသတိထားရမဲ့ အချက်ကတော့ မှိုခူးနေ
စဉ် အပူချိန် ရုတ်ချည်းနိမ့်ကျမသွားစေဖို့ ဖြစ်ပါ

အပိုင်း (၄)
ထိန်းသိမ်းစောင့်ရှောက်ခြင်း
* မှိုစိုက်ခန်းအတွင်း အပူချိန်ဟာ ၂၃ - ၃၄ ဒီဂရီ
စင်တီဂရိတ်အတွင်း ရှိနေရပါမယ်။
* အကောင်းဆုံးကတော့ ၂၉ - ၃၂ ဒီဂရီ စင်တီဂ ရိတ်အတွင်း ရှိနေဖို့ပါပဲ။
အစိုဓာတ်
* မှိုစိုက်ခန်းအတွင်း စိုထိုင်းဆဟာ ၈၅ - ၉၅ ရာ
ခိုင်နှုန်းအတွင်း ရှိနေရပါမယ်။ မှိုစာတွေအတွင်း
အစိုဓာတ်ကတော့ ၆၅ - ၇၀ ရာခိုင်နှုန်း ရှိရပါ
မယ်။
* သတိထားရမဲ့ အချက်ကတော့ စိုထိုင်းဆ တိုးစေဖို့ ဆောင်ရွက်တဲ့နေရာမှာ ရေမှုန်လေး
တွေကို sprayer နဲ့ လေထုတွင်း ပက်ဖြန်းပေးရ
မှာဖြစ်ပြီး မှိုပုံ မှိုလုံးလေးတွေပေါ် တိုက်ရိုက်
မပက်ဖြန်းမိစေဖို့ပဲ ဖြစ်ပါတယ်။
အလင်းရောင်
* မှိုစာတွေအတွင်း မျိုးထည့်ပြီး ၆-ရက်အထိ အလင်းရောင်မလိုအပ်ပါဘူး။ နောက်ပိုင်းမှသာ
အလင်းရောင် မှုန်မွှားမွှား လိုအပ်ပါတယ်။ မီး
ချောင်းရဲ့ အလင်းရောင်ဟာ အကောင်းဆုံးပါပဲ။
* နေ့အချိန် မှိုစိုက်ခန်းအတွင်း အလင်းရောင်
ပြင်းအားဟာ 50-lux ကနေ 100-lux အတွင်း
ရှိနေမယ်ဆိုရင် အလင်းရောင်ပေးဖို့ မလိုအပ် တော့ပါဘူး။
လေဝင်လေထွက်
* လေဝင်လေထွက် ရှိစေဖို့ ပြင်ပလေ တိုက်ခတ်မှု့မရှိ လေငြိမ်နေတဲ့ အခါမျိုးမှာ မှိုခန်းရဲ့ ပြူတင်းပေါက်တွေကို ဖွင့်ထားပေးနိုင်
ပါတယ်။
* ဒါပေမဲ့ အထူးသတိပြုရမှာက ခန်းတွင်း-ခန်းပြင် အပူချိန်ဟာ သိပ်ခြားနားနေမယ်ဆိုရင်
(သိပ်ခြားနားနေမယ်ဆိုရင်) ဒါမှမဟုတ် ပြင်ပမှာ
လေမငြိမ်ပဲ လေတိုက်နေမယ် (လေတိုက်နေ မယ်) ဆိုရင်တော့ မှိုခန်းတံခါးတွေကို ပိတ်ထား
ပေးရမှာ ဖြစ်ပါတယ်။
* မှတ်သားထားရမဲ့အချက်ကတော့ လေဝင်လေ
ထွက်ကတော့ရှိနေစေရပါမယ်။ ဒါပေမဲ့ အခန်း တွင်း အပူချိန်ကိုတော့ ပြောင်းလဲသွားစေနိုင်တာ
မျိုး မဖြစ်စေဖို့ပါပဲ။
= * = * = * =

Comments
Post a Comment