ငှက်ပျောအတွက်အစာစပ်နည်း

ငှက်ပျောအတွက်အစာစပ်နည်း
- နွားချေးဆွေးကို ဇကာချပါ၊ (ကြက်ချေးဆွေးသုံးပါက နှုံးထားလျော့ရပါမည်၊)
- နွားချေးတစ်တင်းလျှင် ပုလဲမြေသြဇာ ၃ပြည်နှုန်းရောစပ်ပါ၊
- ကွန်ပေါင်း 15-15-15 ဖြစ်စေ
၊ K 60% ပိုတက်ဖြစ်စေ
 P 46%ဖော့စ်စဖိတ်ဖြစ်စေ
N 46% နိုက်ထရိုဂျင်ဖြစ်စေ
 ၅၀ ကီလို တစ်အိတ်လျှင် နွားချေး တစ်တင်းခွဲအိတ် ၁၀ အိတ်နှုန်း
 ရောစပ်နိုင်ပါသည်။
- လေလုံသော အိတ်တွင်ထည့်၍ ၂ည (သို) ၃ည နှပ်ထားပါ၊
အပင်အတွက် အားဖြစ်စေသည့် မြေသြဇာကောင်းတစ်ခုကို
ရရှိလာပါလိမ့်မည်။

သတိပြု ရန်

နွားချေးသည် ခြောက်သွေ့နေရမည်။
အသုံးပြုသော ပုလဲမြေသြဇာကို သေချာရွေးချယ်ပါ။

အစာကျွေးနည်း

နှစ်ရှည်ပင်အား ကျွေးမည်ဆိုပါက အပင်အရွယ်အစားအလိုက်
တစ်ကီလို မှ လေးကီလို ဝန်းကျင် ကျင်းဖောက်ကျွေးနည်း၊
ကျင်းတူးကျွေးနည်း၊ အရိပ်စပ်မြေပုံချနည်း စသဖြင့် အဆင်ပြေ
သလို ကျွေးနိုင်ပါသည်။
ငှက်ပျော အတွက် တစ်ဧကလျှင် စပ်ပြီးမြေသြဇာ
၅တင်း မှ ၂၀ တင်း အထိ ကျဲပက်နိုင်ပါသည်၊

အကျိုးအာနိသင်

- စံချိန်မှီ အထွက်နှုန်းရစေရန် အထောက်အကူဖြစ်စေသကဲ့သို့
ဓာတ်မြေသြဇာ၏ အာနိသင်အပြည့်အဝကို အပင်မှ ရရှိစေ
 မည် ဖြစ်ပါသည်။
- နွားချေး၏ နှေးကွေးသော ရွေ့လျားမှုအား မြန်ဆန်စွာ ပျော်ဝင်သည့် ပုလဲမြေသြဇာမှ တွန်ထိုးသလို မြန်ဆန်စွာ
ပြို ကွဲသော ပုလဲမြေသြဇာ၏ ရုန်းကန်မှုအား ပုံမှန်ဖြစ်စေရန်
သဘာဝနွားချေးမြေသြဇာမှ ထိန်းချူ ပ်ပါလိမ့်မည်။
- ၄င်းမြေသြဇာသည် တစ်ပတ်အတွင်း အာနိသင်ပြပါလိမ့်မည်။
- ရောဂါကျနေသောအပင်များအား ဆေးဖြန်းပြီးတစ်ပတ်ကြာမှ
ကျွေးပေးရပါမည်။
အခြေအနေအချိန်အခါပေါ်မူတည်ပြီး အစာကျွေးနိုင်ပါသည်။
လက်ရှိစိုက်ပျိုးနေသော သီးနှံအားလုံး အသုံးပြု နိုင်ပါသည်။
အစကတော့ မသိနားမလည်လို့ လုပ်ချင်ရာလုပ်ခဲ့ပြီးပြီ...
နည်းသိပြီပဲ စာကို နားလည်အောင်ဖတ်ပြီ လုပ်ကြည့်ကြပါ..
 Credit;Mg Naing
09955044522





Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ရောင်စုံအလှများနဲ့ သစ္စာပန်း နှင့် စိုက်ပျိုးနည်း