Posts

Showing posts from August, 2018

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

Image
ကျွဲ​ကောပင်​စိုက်​ပျိုး​ရေး အပိုင်း(၁) ကျွဲ​ကောပင်​စိုက်​ပျိုး​ရေး အပိုင်း(၂) ကျွဲ​ကောပင်​စိုက်​ပျိုး​ရေး အပိုင်း(၃) ​ရေ​နောက်​ကျစပါးအထွက်​တိုးဖို့ဘာ​တွေလိုမလဲအပိုင်း(၁) ​ရေ​နောက်​ကျစပါးအထွက်​တိုးဖို့ဘာ​တွေလိုမလဲအပိုင်း(၂) ​ရေ​နောက်​ကျစပါးအထွက်​တိုးဖို့ဘာ​တွေလိုမလဲအပိုင်း(၃) ​ဂေါ်ဖီစိုက်​ပျိုးနည်းအပိုင်း(၁) ​ဂေါ်ဖီစိုက်​ပျိုးနည်း အပိုင်း(၂) သခွား​မွှေးစိုက်​ပျိုးနည်း သခွားမွှေးစိုက်မယ်ဆို ဒီအခြေခံအချက်တွေ သိထားသင့်ပါတယ်။ ဒီစိုက်ပျိုးနည်း ဗွီဒီယိုလေးကို အခုပဲ ကြည့်ရှုကြစို့နော်။ မုန်​ညင်းပင်​စိုက်​ပျိုး​ရေး မင်္ဂလာပါခင်ဗျာ။ စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ မုန်ညင်းရွက် စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ မုန်ညင်းရွက်ကတော့ အဟာရဓာတ် ပြည့်ဝတဲ့ အသီးနှံ့တစ်မျိုးလည်း ဖြစ်ပါတယ်။ မုန်ညင်းပင်ကတော့ အအေးကြိုက် သီးနှံ့ပင်ဖြစ်ပြီးတော့ နှစ်ချင်းစားသုံးနိုင်တဲ့ အပင်လည်းဖြစ်ပါတယ်။ အရွက်ကိုသာ စားသုံးရပြီးတော့ အပင်အမြင့်ကတော့ တစ်ပေခန့်နှင့် အပင်ရဲ့အကျယ်ကတော့ တစ်ပေခွဲခန့်ရှိပါတယ်။ မုန်ညင်းရွက်ကိုတော့ အတို့အမြှုပ်အဖြစ် စားသုံးခြင်း ဟင်းချိုအဖြစ်

အ​ရှေ့​တောင်​အာရှမှာပျံ့နှံ့​နေတဲ့ပိုးသတိထားသင့်

Image
အရှေ့တောင်အာရှနိုင်ငံများမှာလောလောဆယ် ပျံနှံ့နေတဲ့ ပိုးပါ။ မြန်မာနိုင်ငံမှာလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။ အားလုံးသတိထားကာကွယ်ကြပါ။ မြန်မာနိုင်ငံကိုလည်းရောက်လာပြီဖြစ်တဲ့ ငမြောင်တောင်ပိုး 🐛ထိရောက်စွာနှိမ်နင်းနိုင်ခြင်းမရှိလျင် သီးနှံအထွက်နှုန်း ကို (၁၀၀)ရာခိုင်နှုန်းအထိ သိသိသာသာထိခိုက်စေနိုင်သည့် အလားအလာများစွာရှိနေသော ဖျက်ပိုးလည်းဖြစ်ပါသည်။ ယခုအခါတွင် ယင်းငမြှောင်တောင်ပိုး (FAW) ကို အာရှနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် တွေ့ရှိနေရပြီဖြစ်သော ကြောင့် အိန္ဒိယနိုင်ငံမှတဆင့် အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ လျင်မြန်စွာ ပြန့်နှံ့သွားနိုင်သည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က သတိပေးနှိုးဆော်လျက်ရှိနေပါသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ကျရောက်နေပြီဖြစ်ရာ တောင်သူဦးကြီးများနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ သိရှိစေရန်တင်ပြပေးအပ်ပါသည်။ 🐛ကျရောက်သည့်သီးနှံ ပြောင်း၊ စပါး၊ အာလူး၊ ကြံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံ။ ကျရောက်သည့်အချိန်အပင်ငယ်အဆင့်မှ ရိတ်သိမ်းချိန်ထိကျရောက်တတ်သည်။ဖျက်ဆီးပုံလက္ခဏာ ပြောင်းပင်တွင် ငမြှောင်တောင်ပိုးကျရောက်ပါက ပင်စည်ကိုဝိုင်း၍ထွက

သဘာဝ​မြေ​ဆွေးစဉ်​ဆက်​မပြက်​ရရှိနိုင်​​သောနည်း

Image
"ဥယျာဉ်​ခြံသမားများ " "သီးနှံ စုံစိုက်​ခင်းများ" အတွက်​ "သဘာဝ​မြေ​ဆွေး"များစဉ်​ဆက်​မပြတ်​ရရှိနိုင်​​သော "နည်း​လမ်း" လေးတခုပါ  - ပထမအဆင့်​ -       (ပထမ)အကန့်​တွင်​ သီးနှံ​ဘေးထွက်​ ပစ္စည်းများကို အပြည့်​ထည့်​၍  (EM5) ကို ​ဆေးဖျန်းပုံးတစ်​ပုံးတွင်​ တစ်​လီတာနှုန်း ထည့်​၍ နှံစပ်​​အောင်​ပက်​ဖျန်းပါ။  -  (၇ )ရက်​တစ်​ကြိမ်​  (၃) ပတ်​ဆက်​ဖျန်းရမည်​။         ၎င်း အပုံ​ပေါ်တွင်​ လုံခြုံ​အောင်​ ဖုံးဖိထားပါက "လျှင်​​မြန်​စွာ"ဆွေး​မြေ့မှု့မြန်​​စေပါသည်​။    -  (ဒုတိယ)အကန့်​တွင်​ မိမိစိုက်​ခင်း ဥယျာဉ်​ခြံမှရရှိ​သော"​ဘေးထွက်​ပစ္စည်း" များကိုရသ​လောက်​ စု​ဆောင်းထားပါ။     -   (တတိယ) အကန့်​ တွင်​  သီးနှံ​ဘေးထွက်​ပစ္စည်း "အသစ်​များ" "အရွက်​စိမ်းများ" "သီးနှံ အခွံ" များရနိုင်​သ​လောက်​စု​ဆောင်းထားရှိပါ။      မိမိစု​ဆောင်​ထားရှိ​သော  သီးနှံပစ္စည်းများ ထားရှိ​နေစဉ်​အတွင်း(ပထမ)အကန့်​မှ ​မြေသြဇာအပုံသည်​ သုံးစွဲရန်​ အသင့်​ဖြစ်​​နေ​လောက်​​ပေပြီ။    - ထိုအတိုင်း(ပထမ)အကန့်​​ဆွေး​မြေ့၍ထုတ်​ ယူသုံးစွဲ​နေစဉ်​ (ဒုတိယ)အကန်

သင်္ဘော အပင်ပု စိုက်ပျိုးနည်း

Image
     ဦးစွာ အပင်ကိုဓားဖြင့် အဟဖြစ်အောင် လုပ်ပါ။ ထို့နောက် သစ်ခွဲသားစ အုန်ဆံခွံကို ပလပ်စတစ်အိပ်ထဲ ပိသိပ်ထည့်ပြီး စည်းထားပါ။ အလယ်မှ ဓားနှင့်ခွဲပြီး ပထမ ဟထားသော သင်္ဘောပင် အကိုင်းကို သေခြာစွာကျပ်စည်းပါ။ ၄၅ ရက်ခန့် အကြာတွင် အမြစ်ပွှားများ ထွက်ပြီးဖြစ်သောကြောင့် ဖြတ်ပြီး အပုံလိုက်ပုံ၍ စတင်စိုက်ပျိုးနိုင်ပြီ။

ဖရဲ စိုက်ပျိုးနည်း

Image
မြန်မာအမည် – ဖရဲ အင်္ဂလိပ်အမည် – WATERMELON ရုက္ခဗေဒအမည် – Citrullus vulgaris မျိုးရင်းအမည် – CUCURBITACEAE ၁။ မူရင်းဒေသ ဖရဲ၏မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။ (၁၆) ရာစုနှစ်မှစ၍ အာဖရိကတိုက်မှ ဥရောပတိုက်၊ အာရှတိုက်၊ အမေရိကတိုက်အစရှိသည့် ကမ္ဘာ့အနှံ့အပြားဒေသများသို့ ပျံ့နှံ့ရောက်ရှိသွားသည်။ ၂။ အပင်ပုံသဏ္ဍာန် ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။ ၃။ အသီးပုံသဏ္ဍာန် အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အ၀ါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။ ၄။ မြေအမျ

နနွင်း၊နှင်းဆီ​​၊ ​ပြောင်းဖူး၊ငှက်​​ပျော၊ခရမ်းချဉ်​ စိုက်​ပျိုးနည်းများ

Image
နနွင်း(Turmeric)စိုက်နည်း သဘာဝအခြေအနေ               တောင်ပေါ်မြေပြန့်မရွေး စိုက်နိုင်သည်။ နနွင်းတက်ကို ရေနွးဖျောပြီး နေလှန်းအမှုန့်ပြုကာ ရောင်းဝယ်ဖောက်ကားကြသည်။ ခူဝါကောင်၊ရွက်လိပ်ပိုး၊ဇာတောင်ကြမ်းပိုးနှင့်လှေးတို့ကျရောက်နိုင်ပါ သည်။ ခေါင်း၊အတက်တို့ကို ခွဲထုတ်စိုက်ရသည်။ စိုက်ပျိုးပြုစုခြင်း                စိုက်မြေတစ်ဧကတွင် နွားချေး(၅)စီးချပြီး ထယ်ထိုးမွှေရမည်။(၃၀’x၃’x၉”)ဘောင်များတင် ပါ။ တောင်ပေါ်ဒေသအတွက်မူ ( ၁’ ) ခြားစိုက်မြောင်းများကို မြေလျောပြင်တွင် ကန့်လန့်တူးပါ။ ခေါင်း သို့မဟုတ် အတက်ကို( ကြီးလွန်းလျှင် ၂-၃ခုခွဲထုတ်) (၅”-၆”)ခြားပြီး မြုပ်စိုက်ပါ။ စိုက်ပြီးချင်း ရေသွင်း ပေးရန်လိုသည်။ မြေအစိုဓါတ်အခြေအနေကိုကြည့်ပြီး ရေ ၁-၂ ကြိမ်သွင်းရမည်။ တူးဖော်ခြင်းနှင့်မျိုးထားခြင်း               စိုက်ပြီး(၇)လကြာလျှင် အရွက်များဝါလာမည်။ နနွင်းတက်များ တူးဖေါ်နိုင်ပြီ။  အတက်များ များကို ဖဲ့ထုတ်ပြီး ကျန်ရှိသည့်ခေါင်း(အပင်ခြေရင်း၏ မြေတွင်းရှိအပိုင်း၊ ၄င်းမှအတက်များထွက်သည်) ကို စုဆောင်းကာ အရိပ်ရရာနေရာတွင် ကျင်းတူးထည့်မြုပ်ပါ။ ရေအနည်းငယ်လောင်းထားဖို့ လိုသည်။ နောင်နှစ်တွင် ပြန်ဖော်ပြီး စိုက်ပါ။ မှတ်ချက်။     ။ ေ

သဘာဝ​မြေသြဇာ

Image
အကုန်​သက်​သာတဲ့သဘာဝ​မြေသြဇာဘယ်​လိုလုပ်​မလဲ သဘာဝ​မြေသြဇာလုပ်​ခြင်း

သံပုရာစီးပွားဖြစ်​စိုက်​ပျိုးနည်းနှင့်​ ကိုင်းဆက်​နည်း

Image
Subscribed - https://www.youtube.com/channel/UCa9FJTo46CNIJFX9ji7Dyxw

ကျွဲ​ကောပင်​စိုက်​ပျိုး​ရေး

Image
ကံကောင်းပင်လို့ခေါ်တဲ့ ကျွဲကော်ပင်ဟာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါတယ်။ အနှစ် သုံးဆယ် အထိ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ မြေအနေအထား ကတော့ မြေစီးဆန်တဲ့ နှုန်းမြေကို ကြိုက်နှစ်သက် ပါတယ်။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုဟာ ကျွဲကောပင် စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ အရသာရှိပြီး ဈေးကွက်ဝင်တဲ့ ကျွဲကောသီး ရရှိဖို့အတွက် ပျိုးပင်ရွေး ချယ်တဲ့နေရာမှာ ရောဂါရှင်းတဲ့ မျိုးသန့်တဲ့ အပင်တွေ ရရှိဖို့လို အပ်ပါတယ်။ ကျွဲကောပင်ကို အစေ့ကနေစိုက်ပျိုးလို့ ရသလို မြေထုတ်စည်းပြီး ကိုင်းကူးတဲ့ နည်းနဲ့လည်း စိုက်ပျိုးလို့ရပါတယ်။ အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းဖို့ အချိန်ကြာတဲ့အတွက် စိုက်ပျိုးပြီး ငါးနှစ်ကနေမှ စပြီးအသီးသီးပါတယ်။ ကိုင်းကူးစိုက်ပျိုး မယ်ဆိုရင် တော့ သုံးနှစ်ကနေ အသီးသီးတဲ့အတွက် အချိန်ကုန် သက်သာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုင်းကူး စိုက်ပျိုးခြင်းဟာ အပင်ကြီးထွားနှုန်းမြန်ပြီး။ အသီးလည်း ပိုဖြစ်ထွန်းပါတယ်။ အပင်တစ်ပင်နှင့် တစ်ပင်ကို အနည်းဆုံးပေ ၂၀ ခန့်ခွာပြီး စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကကို ကျွဲကော အပင် ၁၀၀ စိုက်ပျိုးနိုင်ပြီး၊ ခန့်မှန်းကုန်ကျစာရိတ်အနေနဲ့ကတော့ ငွေကျပ်ငါးသိန်းမျှ ရှိတယ်လို့ သိရပါတယ်။ ကျွဲကော

စိုက်​ပျိုး​ရေးစာအုပ်​များ

Image
မိမိကြိုက်​နှစ်​သက်​ရာစာအုပ်​အား​ရွေးချယ်​​ဒေါင်းယူနိုင်​ပါသည်​။ ​ ​ ​ဒေါင်းရန်​ ဤ​နေရာအားနှိပ်​ပါ!