သဘာဝ​မြေ​ဆွေးစဉ်​ဆက်​မပြက်​ရရှိနိုင်​​သောနည်း
"ဥယျာဉ်​ခြံသမားများ "
"သီးနှံ စုံစိုက်​ခင်းများ"
အတွက်
"သဘာဝ​မြေ​ဆွေး"များစဉ်​ဆက်​မပြတ်​ရရှိနိုင်​​သော
"နည်း​လမ်း" လေးတခုပါ
 - ပထမအဆင့်​ -
      (ပထမ)အကန့်​တွင်​ သီးနှံ​ဘေးထွက်
ပစ္စည်းများကို အပြည့်​ထည့်​၍ 
(EM5) ကို
ဆေးဖျန်းပုံးတစ်​ပုံးတွင်​ တစ်​လီတာနှုန်း
ထည့်​၍ နှံစပ်​​အောင်​ပက်​ဖျန်းပါ။
 -  (၇ )ရက်​တစ်​ကြိမ်
 (၃) ပတ်​ဆက်​ဖျန်းရမည်​။
        ၎င်း အပုံ​ပေါ်တွင်​ လုံခြုံ​အောင်​ ဖုံးဖိထားပါက
"လျှင်​​မြန်​စွာ"ဆွေး​မြေ့မှု့မြန်​​စေပါသည်​။
   -  (ဒုတိယ)အကန့်​တွင်​ မိမိစိုက်​ခင်း
ဥယျာဉ်​ခြံမှရရှိ​သော"​ဘေးထွက်​ပစ္စည်း"
များကိုရသ​လောက်​ စု​ဆောင်းထားပါ။
သီးနှံ​ဘေးထွက်​ပစ္စည်း "အသစ်​များ"
"အရွက်​စိမ်းများ" "သီးနှံ အခွံ" များရနိုင်​သ​လောက်​စု​ဆောင်းထားရှိပါ။
     မိမိစု​ဆောင်​ထားရှိ​သော
 သီးနှံပစ္စည်းများ
ထားရှိ​နေစဉ်​အတွင်း(ပထမ)အကန့်​မှ
မြေသြဇာအပုံသည်​ သုံးစွဲရန်​ အသင့်​ဖြစ်​​နေ​လောက်​​ပေပြီ။
   - ထိုအတိုင်း(ပထမ)အကန့်​​ဆွေး​မြေ့၍ထုတ်
ယူသုံးစွဲ​နေစဉ်​ (ဒုတိယ)အကန့်​မှ​အပုံအားလည်း( EM 5 )ဖျန်းပြီး အုပ်​ထားပါ။
  -၎င်းလုပ်​ငန်းစဉ်​များကို
ပ-ဒု-တ အစဉ်​အတိုင်းပြုလုပ်​၍
ထုတ်​ယူသုံးစွဲနိုင်​ပြီး
စဉ်​ဆက်​မပြတ်​ တန်​ဖိုးရှိ​သော
"သဘာဝ​မြေသြဇာ​ကောင်း "များ
အလွယ်​တကူပြုလုပ်​နိုင်​​ကြောင်း
တင်​ပြ​ပေးလိုက်​ပါသည်​။
ဦး​အောင်​ (​ဌေး​အောင်​)
လက်​​ထောက်​ဦးစီးမှူး
        D O A
        မြင်းမူမြို့
နေ့စွဲ - (၂၁•၁•၂၀၁၈)
Comments
Popular posts from this blog
ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း
ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ
စိုက်​ပျိုး​ရေးvideosများ update(27.8.2017)