ငရုတ်စိုက်နည်း နှင့်ပြုစုနည်း
ငရုတ်တွင် ကျရောက်သော ရောဂါများ (၁) - - - - - - - - - - - ၁။ Anthracnose မှဲ့ပြောက်စွန်းရောဂါ - - - - - - - - - - ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ရောဂါဖြစ်စေသော မှိုမျိုးကွဲ (strains) ၁၆ မျိုးအထိ တွေ့ရှိထားပြီး အဲဒီအထဲက အတော်များများကို အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်၊ ဒါပေမဲ့ သမပိုင်းဒေသတွေမှာလည်း တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာ - - - အသီးတောင့်ပေါ်မျာ စက်ဝိုင်းပုံစံ ချိုင့်နေတဲ့ အနာကွက်လေးတွေဖြစ်ပေါ်လာမယ်၊ နောက်ပိုင်း အနာကွက်က တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ အသီးတောင့်တွေ ပုပ်မယ်၊ ပင်စည်နဲ့ အရွက်ပေါ်မှာ အညိုပုတ်ရောင် အနားသတ်ပါသော ပုံစံမမှန်တဲ့ အညိုရောင် အစက်ပြောက်လေးတွေလည်း တွေ့ရတတ်တယ်။ ကာကွယ်နှိမ်နင်းနည်း - - ဒီရောဂါကို ကုသနိုင်တဲ့ နည်း မရှိသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်နိုင်မဲ့ နည်းတွေကတော့ - ၁။ မှိုရောဂါအများစုက စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်တဲ့အတွက် -ငရုတ်ပင်များကို စိုက်ပျိုးတဲ့အခါ ရေမ၀ပ်စေရန် နဲ့ ရေ (သွင်း) မများစေရန် ဂရုစိုက်ပါ။ ၂။ ကော်ပါး ပါဝင်သော မှိုသတ်ဆေးများကို သုံးစွဲခြင်းဖြင့် ရောဂါပြန...
Comments
Post a Comment