နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၁
P.M.K MUSHROOM RESEARCH CENTRE (SINCE - 1975)
Cultivation of Milky / Royal / Summer Mushroom - 1
နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၁
Calocybe indica P&C
* တော်ဝင်မှိုဟာ စိုက်ပျိုးမှိုတွေထဲမှာ မျိုးသစ်မှိုမျိုးစိတ် New Species ဖြစ်ပါတယ်။
* အရသာ အထူးကောင်းမွန်ပါတယ်။
* တာရှည်အထားခံပါတယ်။ အနံ့အရသာ ပျက်သွားခြင်းမရှိပါဘူး။
* စိုက်ပျိုးရ အလွန်လွယ်ကူပါတယ်။
* အပူချိန်မြင့်ကြိုက်တဲ့မှို ဖြစ်ပါတယ်။
* အဟာရတန်ဖိုး မြင့်မားစွာ ပါဝင်ပါတယ်။
တော်ဝင်မှိုစိုက်ပျိုးဖို့ရန်အတွက် နည်းလမ်း အသွယ်သွယ်ရှိပါတယ်။ အစဉ်ပြေရင် အားလုံးကို ဖော်ပြပေးပါ့မယ်။
နည်းစဉ် - ၁ အပိုင်း - ၁
နည်းစဉ် - ၁၊ အပိုင်း - ၁ ကတော့ တတ်ကျွမ်းနားလည်ပြီးဖြစ်တဲ့ Oyster Mushroom
ငွေနှင်းမှို စိုက်ထုပ်တွေ ထုတ်လုပ်တဲ့ နည်းစဉ်အတိုင်းပဲ ဖြစ်ပါတယ်။ တချို့လည်း အဲ့ဒါ
ကှို မထုတ်လုပ်တတ်သေးကြောင်း သိရတာမို့ စလုံးရေစ အစကနေစ ဖော်ပြပါ့မယ်။
(ဒီနေရာမှာ ပြောချင်တာက တချို့လူငယ်တွေဟာ လုပ်ချင်တာ သိချင်တာသာရှိတယ်။
တင်ပေးထားတဲ့ စာကို သေသေချာချာ မဖတ်တဲ့အပြင် တွေးခေါ်မျှော်မြင်မှု့ အားနည်း တာကို တွေ့နေရတယ်။ ကိုယ် တိုးတက်ချင်ရင် စာများများဖတ်ရမယ်။ ဖတ်ပြီးရင် သုံး သပ်တတ်ဖို့နဲ့ တွေးခေါ်မျှော်မြင်မှု့ရှိဖို့လည်း လိုအပ်ပါတယ်။)
လိုအပ်တဲ့ ပစ္စည်းများ
* 3 - 5 cm စင်းထားတဲ့ မိုးမမိ အောက်စော်နံမနေတဲ့ ကောက်ရိုးသန့်။
* အခြေခံစာအဖြစ် ကောက်ရိုးအပြင် ဂျုံရိုး၊ မြေပဲရိုး၊ မြေပဲခွံ၊ ပြောင်းဖူးအူတိုင်၊ ကြံ
ကြိတ်ဖတ်၊ သစ်ပွလွှစာ၊ ငှက်ပျောပင်စည်ဖတ်/ရွက်လယ်ကြော၊ လဘက်ခြောက်
ပြုတ်ဖတ်၊ ကော်ဖီစေ့ခွံ၊ အုန်းခွံ၊ ကွမ်းသီးခွံ၊ ဝါစေ့ခွံ၊ မြက် စသဖြင့် မိမိဒေမှာ အလွယ်
တကူရနိုင်တဲ့ ဘယ်အပင်ထွက် ပစ္စည်းနဲ့မဆို စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။
* ဖြည့်စွက်စာအနေနဲ့ကတော့ ဆန်ဖွဲ၊ ဂျုံဖွဲ၊ ကုလားပဲဖွဲ၊ ဆီကြိတ်ဖတ်၊ ဖူးစားပြောင်း
မှုန့်၊ နှံစားပြောင်းမှုန့် စသည်ဖြင့် မိမိဒေသထွက် စိုက်ပျိုးသီးနှံ ဘေးထွက်ပစ္စည်းများ။
မှိုစာပြုလုပ်ခြင်း
* ကောက်ရိုးစင်းတွေကို ရေ ၂ - ၃ နာရီကြာ စိမ်ပါ။ ပြီးရင် မိနစ် ၃၀ ကြာ ရေစစ်ပါ။
* ညီညာတဲ့ သံမံသလင်း ဒါမှမဟုတ် မိုးကာဖျင်အခင်းပေါ်ကို ဖြန့်ခင်းပါ။
* မိမိဒေသထွက် ဈေးသက်သာပြီး လတ်ဆတ်တဲ့ စိုက်ပျိုးသီးနှံအလေအလွင့်/ဘေး
ထွက်ပစ္စည်း တစ်မျိုး/နှစ်မျိုး/သုံးမျိုးကို ဖြူးပြီး သမအောင် မွှေပေးပါ။
* ဖြည့်စွက်စာဟာ အခြေခံစာရဲ့ ၂၀ မှ ၂၅% (အလေးချိန်အချိုး) ရှိရပါမယ်။
* သမအောင် မွှေပေးပြီးရင် ဇကာချ အရည်ဖျော်ထားတဲ့ မဖောက်ထုံး CaCo3
Calcium-carbonate 1% ကို ညီညီညာညာဖြန်းပေးပြီး သမအောင် ထပ်မွှေပေးပါ။
* မှိုစာကို လက်နဲ့ဆုပ်ကိုင် ညှစ်ကြည့်ပါ။ လက်ကြားထဲက ရေမထွက်လာတဲ့အပြင်
လက်ဖြန့်လိုက်ပါက မှိုစာတွေ ဖွာကျလာပါက ရေနည်းနေကြောင်း သတိပြုပါ။ ရေ
ထပ်ဖြန်းပြီး သမအောင် မွှေပေးပါ။
* လက်နဲ့ဆုပ်ကိုင်ကြည့်တဲ့အခါ လက်ကြားထဲကနေ ရေများစီးထွက်လာပါက ရေပို
နေပြီ ဖြစ်တဲ့အတွက် သစ်ပွလွှစာ ဒါမှမဟုတ် ကောက်ရိုးစင်းအခြောက် နည်းနည်းစီ
ထပ်ထည့်ပြီး သမအောင် ထပ်မွှေေးပါ။
Cultivation of Milky / Royal / Summer Mushroom - 2
နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၂
မှိုစိုက်ထုပ် ပြုလုပ်ခြင်း
* မှိုစာတွေကို ၇×၁၁၊ ဒါမှမဟုတ် ၈×၁၂ ဆိုက် ပလတ်စတစ်အထူ အိတ်တွေထဲကို
ထည့်ပြီး အဝိုင်းပုံရအောင် ဖင်ခေါက်ပါ။ မိမိကိုယ်တိုင် စိုက်ပျိုးရန်ဖြစ်မယ်ဆိုရင်
တော့ ဖင်ခေါက်စရာမလိုပါဘူး။
* ပလတ်စတစ်အိတ်တွေထဲက မှိုစာတွေ သိပ်သည်းသွားအောင် နည်းနည်းချင်းစီထည့်
ပြီး ဖိသိပ်ရပါမယ်။
* ပွလွန်းခြင်း သိပ်သည်းလွန်းခြင်း မဖြစ်အောင် ဂရုစိုက်ပါ။
* ပုံစံအနေတော်ရပါက မျိုးထည့်ခေါင်း စွပ်ပါ။
* သန့်စင်သော ဂွမ်းဖြင့် ဆို့ပိတ်ပေးပါ။ ဖွဖွလေးမဆို့ရ၊ တင်းကျပ်လွန်းစွာလည်း မဆို့ရ။
* ကွမ်းယာအိတ် အသေး ဒါမှမဟုတ် ပလတ်စတစ်စလေးနဲ့ အုပ်ပြီး သားရေကွင်းအပါးနဲ့
စည်းပတ်ပေးပါ။ သားရေကွင်းကို တင်းကျပ်နေအောင် မပတ်ရ။
* ဒီလိုနဲ့ ပိုးသန့်ဖို့ အသင့်အနေအထား မှိုစာထုပ်တွေကို လိုသလောက် ပြုလုပ်ထားပါ။
ပိုးသန့်ခြင်း
* မှိုစာထုပ်တွေကို ရေနွေးငွေ့ အပူပေးပြီး အတွင်းမှာရှိတဲ့ အနုဇီဝပိုးမွှားတွေနဲ့ မှိုရိုင်း
မျိုးစေ့မှုန်တွေ ပျက်ဆီးသွားစေဖို့ ဆောင်ရွက်တာကို ပိုးသန့်တယ်လို့ ခေါ်ပါတယ်။
* ပေပါအတွင်း သစ်သား ဒါမှမဟုတ် သံဇကာခုံလေး ထည့်ပါ။ ခုံရဲ့အမြင့်က 12 - 15
cm ရှိရပါမယ်။
* ခုံရဲ့ အောက်မှာ ရေထည့်ပါ။ ရေနွေးငွေ့နဲ့ အပူပေး ပိုးသန့်ဖို့ ဖြစ်ပါတယ်။
* ပေပါအတွင်းဖက်က ရေဆွတ်ထားတဲ့ "ဝါးယိုင်ပတ်" ကို ဝန်းပတ်ထားပေးပါ။ ပူနေ
တဲ့ ပေပါသံပြားနဲ့ထိရင် မှိုထုပ်တွေ ပျက်ဆီးမသွားစေရန် ဖြစ်ပါတယ်။
* မှိုစာထုပ်တွေကို တစ်ထုပ်ပေါ်တစ်ထုပ် ဆင့်ဆင့်တင်သွားပါ။
* အထုပ်တွေထည့်ပြီးရင် အံကိုက်ပြုလုပ်ထားတဲ့ အဖုံးနဲ ဖုံးပါ။ ဒါမှမဟုတ် ပလတ်စတစ်
မိုးကာစ အထူနဲ့အုပ်ပြီး ကြိုးခိုင်ခိုင် ချည်နှောင်ပေးပါ။
* မှိုစာထုပ်တွေကို ၂ - ၃နာရီကြာ ရေနွေးငွေ့ အပူပေး ပိုးသန့်ပါ။ အချိန်ပြည့်ရင် ကျန်
မီးခဲနဲ့ တစ်ညတာ နှပ်ထားပေးပါ။
* ပေပါပေါင်းအိုး အေးသွားပါက မှိုစာထုပ်တွေကို မျိုးထည့်ခန်းအတွင်း ထည့်သွင်း အ
အေးခံထားပါ။
Cultivation of Milky / Royal / Summer Mushroom -3
နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၃
မျိုးထည့်ခြင်း
* အသုံးပြုမဲ့ မျိုးပုလင်းကို စစ်ဆေးပါ။ စစ်ဆေးတတ်အောင်လည်း သင်ကြားလေ့ကျင့်
ထားပါ။
* ရောဂါကျနေတဲ့ မျိုးပုလင်းတွေကို အသုံးပြုမိမယ်ဆိုရင် မိမိမျိုးထည့်လိုက်တဲ့ မှိုထုပ်
တွေအားလုံး ရောဂါကျရာက်ကုန်မှာ ဖြစ်ပါတယ်။
* မျိုးထည့်မည့်သူဟာ ညစ်ပတ်ပေရေမနေရ။ ရေချိုးသန့်စင်ထားသူဖြစ်ရပါမယ်။
* မျိုးမထည့်ခင် မိမိလက်နဲ့ မျိုးပုလင်းများကို အရက်ပျံနဲ့ ပွတ်တိုက်သန့်စင်ပေးရပါမယ်။
* မိမိပတ်ဝန်းကျင် လေထုထဲကို Sprayer နဲ့ အရက်ပျံမှုန် ဖြန်းပေးပါ။
* နံက်စောစောမျိုးထည့်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
* မျိုးထည့်နေစဉ် ပန်ကာမဖွင့်ရ ယပ်မခတ်ရ ထိုင်လိုက်ထလိုက်မလုပ်ရ။ စကားများခြင်း
မုံ့စားခြင်း မလုပ်ရ။
* မျိုးပုလင်းအတွင်းမှ မျိုးကို မျိုးကော်ဇွန်းနဲ့ ဆွဲယူပြီး မျိုးထုပ်များအတွင်း ထည့်ပေးပါ။
* PMK ရဲ့ ဆင့်ပွားခြင်းမရှိတဲ့ Pure Spawn ဆိုရင် မန်ကျည်းစေ့ တစ်စေ့နှစ်စေ့ခန့်
သာ ထည့်ပါ။ မျိုးထည့်ပေါက်အတွင်း ကျရောက်အောင် ဂရုတစိုက်ထည့်ပါ။ မျိုးကော်
ဇွန်းနဲ့ သာသာယာယာ ဖိပေးပါ။
* မျိုးကော်ဇွန်းနဲ့ မျိုးပုလင်းအဝကို အရက်ပျံ အရက်ပျံမီးနဲ့ မကြာခဏ သန့်စင်ပေးပါ။
* အောက်ကိုဘေးကိုကျသွားတဲ့ မျိုးတွေကို ကောက်မထည့်ရပါ။
* ဒီနေရာမှာ မျိုးတွေကို လက်နဲ့ထည့်တာ ဇွန်းနဲ့ကော်ထည့်တာ TV မှာ မြင်မိလိုက်ပါ
တယ်။ နည်းစံနစ်မမှန်တဲ့အတွက် ရောဂါမှိုရိုင်းတွေ ကျရောက်လာနိုင်သလို အဖိတ်
အစင်များတဲ့အတွက် မျိုးအလေအလွင့်လည်း များနိုင်ပါတယ်။
* လေ့လာချက်များအရ ဆေးရုံသုံး Glucose ပုလင်းနဲ့ ထုတ်လုပ်ထားတဲ့ မျိုးတွေကို
လက်နဲ့ ဇွန်းနဲ့ ကော်ထည့်နေတာ မန္တလေးနားက ဆင်ရွာကြီးမှာ တွေ့ခဲ့ပါတယ်။
အထုပ်ဘယ်နှစ်ထုပ်ရသလဲ မေးမြန်းကြည့်တော့ နှစ်ဆယ်အစိတ်ရတယ်ပြောပြလို့
အံ့သြ ကုန်နိုင်ဖွယ် ဖြစ်ခဲ့ရပါတယ်။ PMK က ထုတ်လုပ်တဲ့ Beer ပုလင်းပြား အကြီး
တစ်လုံးဟာ ဟိုဖိတ် ဒီဖိတ် မကွမ်းကျင်သူတွေအတွက်အထုပ် ၈၀ - ၁၀၀ ရရှနိုင်ပြီး
ကျွမ်းကျင်သူတွေအတွက် အနည်းဆုံး အထုပ် ၁၂၀ - ၁၅၀ ထိရရှိပါတယ်။
* ဒါဟာဆင့်ပွားခြင်းမရှိတဲ့ PMK ရဲ့ မျိုးပွားနိုင်စွမ်းရည်နဲ့ နည်းစံနစ်ကြောင့် ဖြစ်ပါတယ်။
* နောက်တစ်ခုက မှိုစာထုပ်အတွင်း မျိုးထည့်ပေါက်ကနေ ဆူးချွန်နဲ့ ထိုးဖောက် အလယ်
အူတိုင်ပေါက်လုပ်ပြီး မျိုးထည့်တာလည်း မကောင်းပါဘူး။ မျိုးကျချိန်ရောက်လို့ စစ်
ဆေးတဲ့အခါ မျိုးကျမကျ ရောဂါကျနေမနေ (မမြင်ရတဲ့အနေအထားမို့) စစ်ဆေးရန်
ခက်ခဲပါတယ်။
* မျိုးထည့်ပြီတဲ့နောက်မှာ မျိုးထည့်ပေါက်ဝကို ပိုးသန့်ပေးထားတဲ့ စက္ကူစကို နှစ်ထပ်ထပ်
အုပ်မိုးပေးပြီး သားရေကွင်းနဲ့ ပတ်စီးပေးပါ။
* မျိုးထည့်ပြီး မှိုစာထုပ်တွေကို သန့်ရှင်းပြီး လေဝက်လေထွက်ကောင်းတဲ့ မျိုးဖောက်ခန်း
အတွင်း စင်များပေါ်မှာ မျိုးထည့်ရက်စွဲစံနစ်တကျ မှတ်သားပြီး နရာချထားပေးပါ။
* မျိုးဖောက်နေစဉ်မှာ ကြွက်ရန်က လုံခြုံအောင်စီစဉ်ထားပေးပါ။
* တချို့အရပ်ဒေသတွေမှာ နွေရာသီ March to June အတွင်း "သီးထိုးယင်ပျား" တွေနဲ့
"ဖြုတ်" ကောင်တွေရဲ့ အန္တရာယ် ရှိနေတတ်ပါတယ်။ ဂရုတစိုက်နဲ့ အမြဲ စစ်ဆေးပေး
ပါ။
Cultivation of Milky / Royal / Summer Mshroom - 4
နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၎
စစ်ဆေးခြင်း
* မျိုးထည့်ပြီး မှိုထုပ်များကို ပစ်မထားပဲ အမြဲစစ်ဆေးနေရပါမယ်။
* မစစ်ဆေးပဲထားရင် ရောဂါကျနေတဲ့အထုပ်တွေကနေ ထပ်ဆင့်ရောဂါတွေ ကူးဆက်
လာမှာ ဖြစ်သလို တဆင့်ပြန်လည်ရောင်းချမယ်ဆိုရင်လည်း ရောဂါကျအထုပ်တွေပါ
သွားမှာမို့ တစ်ချိန်ကျ မိမိနာမည် ထိခိုက်နိုင်ပါတယ်။
* မျိုးထည့်ပြီး ၃-ရက် အကြာက စတင်စစ်ဆေးပါ။ မျိုးကျမကျ တွေ့ရှိနိုင်ပါပြီ။ မျီုးထည့်
ပေါက် ပတ်ပတ်လည်မှာ ဖြူဖြူ အမျှင်လေးတွေ ဖြာထွက်နေတာ တွေ့နိုင်ပါတယ်။
၅-ရက်မြောက်နေ့မှာတော့ ပိုပြီးသေသေချာချာ တွေ့လာနိုင်ပါတယ်။ ရောဂါကျမကျ
လည်း စစ်ဆေးလို့ ရပါပြီ။
* စိမ်းစိမ်း ဝါဝါ မည်းမည်း အမှုန်တွေတွေ့ရင် အဲ့အထုပ်တွေကို ဖယ်ထုတ်ပစ်ပါ။ ဆက်
လက်ထားရှိရင် ကောင်းတဲ့အထုပ်တွေပါ ကူးလာနိုင်ပါတယ်။
* ၇ - ၁၀ ရက်အတွင်း အထုပ်အားလုံးကို စစ်ဆေးပါ။ စာတမ်းမှာ ဖော်ပြပါရှိတဲ့အတိုင်း
ဂရုတစိုက် မျိုးထည့်ပါလျက်နဲ့ မျိုးထည့်ပေါက်နားမှာ စိမ်းစိမ်း ဝါဝါ မည်းမည်း အမှုန်
တွေ တနည်းပြောရရင် မှိုရိုင်း Spores ဟာ ထုတ်ထုပ်ထားတဲ့ အထုပ် ၁၀၀ မှာ
၁၀၀ လုံးနီးနီး ကျနေရင် ကျနေတာကလည်း ဒီမျိုးထည့်ပေါက်နားမှာာပဲ ဆိုရင် ဒါဟာ
ရောဂါကျနေတဲ့ မျိုးပုလင်းကို အသုံးပြုလို့ပဲ ဖြစ်ပါတယ်။
* အထုပ် ၁၀၀ မှာ အဲလိုဖြစ်တာ လေးငါးဆယ်ထုပ်လောက်ပဲရှိပါတယ် ဆိုရင်တော့ ဒါက
မိမိမျိုးထည့်တုံးက မသန့်လို့ Contimination ဖြစ်သွားလို့ ဖြစ်ပါတယ်။ နောက်တခါ
ဂရုစိုက်လုပ်ပါ။
* အထုပ် ၁၀၀ မှာ အားလုံးက မျိုးကျကောင်းနေပါတယ်။ ဒါပေမဲ့ အထုပ်တော်တော်
များများ ၇၀ - ၈၀ ရဲ့ မျိုးမကျသေးတဲ့ ဘေးပတ်ပတ်လည်တွေမှာ အကွက်တွေ အမျှင်
တွေ တွေ့လာရင် ဒါကတော့ မှိုစာတွေထဲမှာ ပါလာတဲ့ မှိုရိုင်းတွေ ပေါက်လာတာပါ။
အဲဒါက ပိုးသန့်တုံးက အချိန် လိုအပ်သလောက်မရလို့ ဒါမှမဟုတ် အထုပ်တွေ ပေါင်း
ထားပြီး မီးမှန်မှန်မထိုး ဟိုသွားဒီသွား ပစ်ထားလို့ ဖြစ်ရတာပါ။
* အထုပ် လေးငါးထုပ်သာ ဖြစ်ပါတယ် ဆရာကြီး ဆိုရင်တော့ ဒါက အထုပ်ထုပ်တုံးက
လွှစာငုတ် ကောက်ရိုးစ စူးသွား ပေါက်သွားလို့ အပြင်က ဝင်လာတဲ့ ရောဂါမှိုရိုင်းပါ။
အထုပ်ထုပ်တာ မကျွမ်ကျင်ခင်မှာ ဖြစ်တတ်ပါတယ်။ မပေါင်းခင် (မပေါင်းခင်)
အထုပ်တွေကို လက်နဲ့စမ်း တိတ်ကလေးနဲ့ ဖာထားပေးပါ။
* ဒီလိုစစ်ဆေးတာကို အနည်းဆုံး ငါးရက်ခြား နှစ်ကြိမ်လောက်တော့လုပ်ပေးပါ။
* တချို့အရပ်ဒေသတွေမှာ မျိုးထည့်ထားတုံးမှာကို သီးထိုးယင်ပျား နဲ့ ဖြုတ်ကောင်
အန္တရာယ်လည်း ရှိနေတတ်သလို ကြွတ်ဖောက်တာကလည်း အခက်အခဲ တစ်ခုပါ။
ခေါင်းဖြတ်ခြင်း
* ဒါကတော့ မှိုစိုက်သူတိုင်း မလုပ်ပါဘူး။ PMK ကသာ လုပ်တဲ့ နည်းစဉ်တစ်ခုပါ။
* မျိုးထည့်ပေါက် နှစ်ဆ အထုပ်မျက်နှာပြင် မျိုးကျလာပြီဆိုရင် မျိုးထည့်ပေါက်ကလေး
ဖော်ဆောင်ပေးထားတဲ့ ပလတ်စတစ်ခေါင်းလေးကို ဖြက်ထုတ် လိုက်ရပါမယ်။
* ဒီလို လုပ်ပေးခြင်းအားဖြင့် မှိုထုပ်တွေအတွင်း လေဝင်လေထွက်ကောင်း Oxygen
ကောင်းကောင်းရ တနည်းအားဖြင့် Carbondioxide ကောင်းကောင်း ထွက်နိုင်တာ
မို့ မှိုမျှင်ပွားများသန်စွမ်းအား ကောင်းလာတာ မှိုမျှင်အကျ မြန်လာတာ တွေ့ရပါတယ်။
* ဒီနေရာမှာ မေးစရာတစ်ခုက အဲ့ဖွင့်ပေးလိုက်တဲ့မျိုးထည့်ပေါက်နေရာက မှိုရိုင်းတွေ
ကျမလာဘူးလား ဆိုတာပါပဲ။ ပြင်ပလေထုထဲမှာ ရှိနေတဲ့ မှိုရိုင်းတွေရဲ့ Spores တွေ
ကတော့ သေချာပေါက် ကျလာမှာပါပဲ။
* Oyster, Shiitake, Milky, Lingzhi တွေနဲ့ လေ့လာထားချက်အရ အဲ့ မှိုမျှင်တွေ ပြည့်
့် နေပြီဖြစ်တဲ့ မျိုးထည့်ပေါက်ကို မှိုရိုင်းတွေရဲ့ Spores တွေကျရောက်ပေမဲ့လည်း
Germination ဖြစ် ရှင်သန်လွမ်းမိုးသွားနိုင်မှု့ အဆင့်ဟာ ၀.၂ ကနေ ၀.၅% သာရှိ
တာ တွေ့ရှိရပါတယ်။
* ဒါ့ကြောင့် မျိုးထည့်ပေါက် မျက်နှာပြင် ဖွင့်ပေးခြင်းအားဖြင့် မျိုးမြန်မြန်ကျ မျိုးအား
ကောင်းစေတဲ့ အပြင် အထုပ်ရောင်းချသူအတွက်လည်း အဲ့ ခေါင်းလေးပါမသွားတဲ့
အတွက် အကျိုးရှိပါတယ်။
* ဒီနည်းစဉ်ကို ကောက်ရိုးမှို Paddy-straw mushroom နှာ လုပ်မရပါဘူး။ ချက်ချင်း
ရောဂါကျ မှိုရိုင်းတက်လာနိုင်ပါတယ်။
မှတ်ချက် * * *
* အခုဖော်ပြပေးထားတဲ့ အပိုင်းဟာ Milky အတွက်သာ မဟုတ်ပါဘူး။ Oyster,
Shiitake, Wood-ear, Lingzhi စတာတွေအတွက်လည်း ဖြစ်ပါတယ်။
* မှိုစာစပ်ခြင်းဟာ မိမိဒေသ ပတ်ဝန်ကျင်မှာ အလွယ်တကူ ပေါပေါများများ လတ်လတ်
ဆတ်ဆတ် ရနိုင်တဲ့ အပင်ထွက်ပစ္စည်းအားလုံးနဲ့ ဆောင်ရွက်နိုင်ပါတယ်။
* အစာစပ်အချိုးတွေကလည်း မိမိကိုယ်တိုင် အမျိုးအစားအမျိုးမျိုး အချိုးအစားအမျိုးမျိုး
နဲ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှ မိမိရဲ့ အရည်အသွေး တိုးတက်လာပါ့မယ်။
* ခုတင်ပေးထားတဲ အထိဟာ သစ်တုံးအတု တနည်းအားဖြင့် အထုပ်ထုပ်ပြီး စိုက်တဲ့
မှိုတွေအားလုံးတွက် ဖြစ်ပါတယ်။ ဒါတင်ပေးနေတုံးကို ငွေနှင်းမှိုစိုက်နည်းလေးပါ တင်
ပေးပါအုံး ပူဆာနေသူများ နားလည်လိမ့်မယ် ထင်ပါတယ်။
* နောက်နေ့မှာ Milky / Royal / Summer Mushroom အတွက် ဒုတိယပိုင်းဖြစ်တဲ့
Casing Layer လုပ်ဆောင်ရတာကို ဆက်ဖော်ပြပါ့မယ်။
Cultivation of Milky / Royal / Summer Mushroom - 5
နို့ဆမ်းမှို / တော်ဝင်မှို စိုက်ပျိုးခြင်း - ၅
Casing Layer အပေါ်လွှာ ဖုံးအုပ်ခြင်း
* မျိုးထည့်ခြင်း စစ်ဆေးခြင်းတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ လက်ရွေးစင် မှိုစိုက်
ထုပ်များဟာ တဖြည်းဖြည်း မျိုးပြည့်လာမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ မှိုစာများ အပေါ်
အခြေခံပြီး မျိုးပြည့်ချိန်ဟာ ၃၀ - ၄၅ ရက်ကြာပါ့မယ်။ တနည်းပြောရရင် ငွေနှင်းမှို
ထုပ်တွေ ထုပ်လုပ်နေသူတစ်ယောက်ဟာ အဲ့အထုပ်တွေထဲ ငွေနှင်းမှိုမျိုးမထည့်ပဲ
တော်ဝင်မှိုမျိုးကို ထည့်မယ်ဆိုရင် မျိုးပြည့်ဖို့ကြာမြင့်ချိန်ဟာ ငွေနှင်းမှိုမျိုးထည့်လို့ ကြာ
မြင့်ချိန်နဲ့ တူတူပဲ ဖြစ်ပါတယ်။
* မျိုးပြည့်သွားပြီဆိုရင်တော့ ငွေနှင်းမှိုလို အိတ်ဖွင့် စင်ပေါ်တင် ရင့်ကျက်ချိန်ရပြီ ဆို
တာနဲ့ မှိုငုတ်ကလေးတွေ ထွက်လာပါလိမ့်မယ်။
* ဒီကစပြီး ငွေနှင်းမှို အတိုင်း ရေပေးရေယူ လုပ်ပေးရပါလိမ့်မယ်။ ဒါမှ မှိုတွေ ဆက်
လက် ကြီးထွားလာမှာ ဖြစ်ပါတယ်။
* ငွေနှင်းမှိုအတိုင်း အထုပ်တွေဖွင့် စင်ပေါ်တင်တဲ့နည်းက မှိုထွက်နှုန်းကော မှိုပွင့်
အရွယ်အစားကော Casing layer အသုံးပြုတာလောက် စံချိန်မမှီပါဘူး။ ဒါ့ကြောင့်
တော်ဝင်မှိုစိုက်သူ အများစုက Casing layer အသုံးပြု စိုက်ပျိုးကြပါတယ်။
* Casing layer လုပ်တာ မခက်ခဲပါဘူး။ တင်ပေးထားတဲ့ ပုံတွေကြည့်ရုံနဲ့ အလွယ်တ
ကူ လုပ်နိုင်ပါတယ်။
ကောက်ရိုး + နှုန်းမြေနဲ့ Casing layer ပြုလုပ်ခြင်း
* အခု တင်ပေးထားတဲ့အပ်ါဆုံးပုံတွေအတိုင်း အဆင့်ဆင့် လုပ်ကြည့်ရအောင်။ ကိုယ်
တိုင်လည်းလုပ်ကြည့်ကြပေါ့။ တခြားနည်းအတွက် သူများ (Thai က) လုပ်တဲ့
အတိုင်းလည်း ဆက်လုပ်ကြည့်ပေါ့။ ဘယ်လိုလုပ်လုပ် လုပ်ရတာတွေက လွယ်လွယ်
လေးတွေချည်းပါပဲ။
* စင်းထားတဲ့ မိုးမမိ ကောက်ရိုးသန့်သန့်လေးတွေကို မိနစ် ၃၀ ကြာ ရေစိမ်ပါ။ ပြီးရင်
ရေစစ်ပါ။
* အနည်းဆုံး အချင်း တစ်ပေခွဲလောက်ရှိတဲ့ ပလတ်စတစ်ပုံးကို သန့်ရှင်းပါ။ ရေစစ်
ထားတဲ့ ကောက်ရိုးတွေကို 7 - 10 cm အထူ ခင်းပေးပါ။
* မျိုးပြည့်နေတဲ့ တော်ဝင်မှိုထုပ်တွေကို ပလတ်စတစ်တွေ ချွတ်ခွာပေးပါ။
* ပလတ်စတစ်ပုံးထဲ ခင်းထားပေးတဲ့ ကောက်ရိုးတွေပေါ်တင်ပါ။
* ဒေါင်လိုက်တင်တင် လှဲတင်တင် အဆင်ပြေပါတယ်။ အထုပ်အရေအတွက်ကတော့
မိမိအသုံးပြုတဲ့ ပုံးအရွယ်အစားပေါ် မူတည်ပါတယ်။
* အထုပ်တွေကြားကိုလည်း ကောက်ရိုးတွေ ဖြည့်သိပ်ပေးပါ။ ဖွဖွ မဖြည့်ရ။ တင်းကျပ်
နေအောင်လည်း မဖြည့်ရ။
* အပေါ် မျက်နှာပြင်ပေါ်ကနေလည်း 4 - 5 cm အထူ ဖုံးအုပ်ပေးပါ။ ဖိသိပ်ပေးပါ။
* ထပ်မံပြီး နှုံးမြေသန့်သန့် 2 - 3 cm အထူ ထပ်ဖုံးပါ။ နှုံးမြေသီးသန့်ထက် နွားချေး
ဆွေးကို နှုံးမြေ + နွးချေးဆွေး ကို ၆:၄ ရောစပ် ဖုံးအုပ်ပေးရင် ပိုကောင်းပါတယ်။
* Casing layer အတွက် အသုံးပြုမဲ့ ကောက်ရိုး နှုံးမြေ နွားချေး စတာတွေကို ပိုးသန့်
ပေးရပါမယ်။ နို့မို့ မှိုရိုင်းတွေ တက်လာနိုင်ပါတယ်။
* နှုံးမြေဖုံးအုပ်ပေးပြီးရင်တော့ သတင်းစာလို စက္ကူပွကို ထပ်မံအုပ်ပါ။ ပြီးရင် စိုလာ
အောင် Sprayer နဲ့ ရေမှုံဖြန်းပေးပါ။ ၅-ရက်ပြည့်ရင် ဖယ်လိုက်ပါ။
* ပလတ်စတစ်ပုံးအဝကို စေစို အဝတ်စ ဂုနီဖျင်စ ကောက်ရိုးဖျာ တစ်ခုခုနဲ့ အစိုဓာတ်
မလွင့်စေဖို့ အုပ်ထားပေးပါ။ ရေခြောက်သွားလျှင် Sprayer နဲ့ ရေမှုံဖြန်းပေးပါ။
* အလွယ်ဆုံးနည်းကတော့ အပေါ်က ဖော်ပြထားသလို လုပ်ထားတဲ့ ပလတ်စတစ်ပုံး
တွေကို တန်းစီချထားပေးပြီး ကောက်ရိုးမှိုလို ပလတ်စတစ် ပေါင်းမိုး လုပ်ထားပေးပါ။
* မှိုထွက်လာပါက စိုထိုင်းဆ အခြေအနေအရ Sprayer အသုံးပြု ရေဖြန်းပေးပါ။
* တော်ဝင်မှိုဟာ High Temperature Mushroom ဖြစ်ပါတယ်။ အပူချိန် 30 - 38
အတွင်း မှိုကောင်းကောင်း ထွက်ပါ့မယ်။ စိုထိုင်းဆကတော့ ၈၀ - ၈၅% ဖြစ်ပါတယ်။
* Casing layer ပြုလုပ်ပေးပြီး ၈ - ၁၂ ရက်တွင်း မှိုထွက်လာပါ့မယ်။
* စိုက်ပျိုးမှိုထဲမှာတော့ စားရတာ အကောင်းဆုံး မှိုပါပဲ။ ကောင်ရိုးမှိုထက် အဆများစွာ
သာပါတယ်
#crd

Comments
Post a Comment