မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်ခြင်း - ၁

မှိုတွေအားလုံးမှာ မျိုးစေ့ဆိုတာ ရှိပါတယ်။ အဲ့မျိုးစေ့က သေးငယ်လွန်းတာကြောင့်သာမာန်မျက်စေ့နဲ့ မမြင်ရပါဘူး။ ဒီမျိုးစေ့ကို Seed လို့ မခေါ်ဘူး။ Spore လို့ခေါ်ပါတယ်။
ဒီ Spores တွေကို အနုကြည့်မှန်ဘီလူး Microscope နဲ့ကြည့်ရင်တော့ မြင်ရပါတယ်။
Spores တွေဟာ အစိုဓာတ်ရှိပြီး လိုအပ်တဲ့ အဟာရပြည့်ဝတဲ့နေရာပေါ်ကျသွားရင်
နောက်မျိုးဆက်အတွက် Germination ဖြစ် ± Hypha / Hyphae ဒီကမှ ပွားများလာ Primary mycelium / mycelia ဖြစ်။ ဆက်ပြီး + Hyoha နဲ့ -- Hypha တို့ ပေါင်းစပ်ပြီး Secondary mycelium / mycelia ဖြစ်ရင်း နောက်ဆုံးမတော့ Spores တွေကို ထုတ်ပေးနေတဲ့ Spores မျိုးသီးအိမ် Sporocarp လို့ခေါ်တဲ့ မှိုပွင့်ကြီး ဖြစ်လာတော့တာပါပဲ။ ဒါက သဘာဝအရ ဒီလိုပဲ သွားနေပါတယ်။
ဒါကို ပညာရှင်အများက လေ့လာ သုတေသနပြု မျိုးပွား စိုက်ပျိုးရင်းနဲ့ Cultivated mushrooms တွေလည်း အမယ်တွေ တစ်နေ့တခြား များသထက်များလာသလို စိုက်ပျိုး
သူတွေလည်း ပွားသထက်ပွားလာပြီမို့ တတ်မှတ်သလောက် ကိုယ်လုပ်ခဲ့တဲ့ မျိုးထည့်ပုံထည့်နည်းလေးကို တင်ပြလိုက်ရတာပဲ ဖြစ်ပါတယ်။
မျိုးမထည့်ခင် မျိုးပုလင်းသန့်မသန့် မျိုးအားကောင်းမကောင်း စစ်ဆေးရပါမယ်။ မစစ်ဆေးတတ်ဘူးဆိုရင် စစ်ဆေးတတ်အောင်လုပ်ရပါမယ်။ ရောဂါကျနေတဲ့ မျိုးပုလင်းကို
အသုံးပြုမိရင် ကိုယ်ထည့်လိုတဲ့ မျိုးပုလင်းမျိုးထုပ် စိုက်ထုပ်တွေအားလုံး ရောဂါကျ
ပျက်ဆီးကုန်ပါလိမ့်မယ်။ ပတ်ဝန်းကျင် လေထုထဲမှာ မှို Spores တွေ အမျိုးမျိုးရှိနေတတ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ မှိုအမျိုးအစား အမျိုးမျိုး စိုက်နေကြတယ် ဆိုရင်ဖြင့် ပိုဆိုးပါတယ်။ မျိုးထည့်ခန်း သီးသန့်မရှိ ခြင်ထောင်လေး ပလတ်စတစ်အကာအရံလေးထဲ ဝင်မျိုးထည့်သူဆို ပိုဆိုးပါတယ်။ ကိုယ်ထည့်တာက မျိုးတစ်မျိုး ပေါက်လာတာက မျိုးတစ်မျိုးဖြစ်တတ်ပါတယ်။
မဖြစ်နိုင်ပါဘူး။ မျိုးထည့်ခန်းမရှိပေမဲ့ ကျွန်တော်ထည့်တာ သန့်ရှင်းပါတယ်ဆိုတဲ့သူ၊
အောင်မယ်လေး ကျွန်တော်က လေတိုက်ထဲတောင် ထည့်ပြလိုက်ချင်သေးဆိုတဲ့ သူ
တွေတွေ့ဘူးပါတယ်။ သင်ထားပေးတော့ တတ်လာတဲ့သူတွေပေါ့။ ဒါပေမဲ့ ဘာတတ်သလဲမေးတော့ ကိုယ်သင်ပေးထားတာတောင် အပြည့်အဝ မရပါဘူး။ ကိုယ့်ဘက်
အမြင်က ကိုယ်တစ်တောင်လောက် တတ်တာမို့ တစ်တောင်လောက် သင်ပေးလိုက်တာ
တစ်ထွာလောက်ပဲရပါတယ်။ သူ့ဘက်အမြင်က ဆရာက တစ်တောင်လောက်သာ ပညာ ချန် သင်ပေးလိုက်တာ ငါက ခု သူ့ထက်သာပြီ။ တစ်လံလောက်တတ်ပြီ ထင်နေတာ။
ဝန်ထမ်းဘဝ ထီလာကိုပြောင်းလာခဲ့ရတာ နှစ်ပေါင်း သုံးဆယ်ရှိခဲ့ပြီ။ ဝါသနာပါ စေတနာ ပါပါနဲ့ ထီလာ ပျော်ဘွယ် ရမည်းသင်းမှာ မှိုစိုက်တာ သဘောင်္သီးတစ်လုံး ငှက်ပျောတစ်ဖီးနဲ့ သင်ပေးမိလိုက်တယ်။ ဒီလိုလူမျိုးတွေပဲ တွေ့ရတယ်။ ဒါတောင် ဆရာ့သတိရလို့ လမ်းကြုံလို့ဆိုပြီး အိမ်ကို ခဏခဏပေါက်လာ ဆရာကို ကူလုပ်ပေးရအုံးမပါ့ ဆိုပြီး ဝင်ဝင်လုပ် မလုပ်နဲ့ပြောရမှာကလည်း အားနာ၊ ဒီလိုနဲ့ ပညာခိုးသင်ယူသွားသူကလည်း ဒုနဲ့ဒေး။ တတ်သွားပြန်တော့ အလကားပါ လွယ်လွယ်လေးပါ မှတ်ချက်ပေး ခံရပြန်ပါတယ်။
ဒါ့ကြောင့် ကြုံရဆုံရ ဖြတ်သန်းခဲ့ရ မှိုလောကဆိုပြီး ရေးပါအုံးမယ်။
ကဲ ပြန်ဆက်ရအောင် - - - - -
မျိုးမထည့်ခင် မျိုးပုလင်းတွေကို သေသေချာချာ စစ်ဆေးပါ။ မှန်ဘီလူးလေး ဝယ်ထားပါ။ မျိုးမသန့်တာ ထင်ထင်ရှားရှားမြင်နိုင်သလို ခွဲခြားရခက်ခဲ ယုန်ထင်ကြောင်ထင်
ဇဝေဇဝါ ဖြစ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုးဖြစ်ရင် မသုံးတာကောင်းပါတယ်။
တစ်ခါတလေ မျိုးပုလင်းတစ်ဘက်တစ်ခြမ်းက ကောင်းနေပြီး ကျန်တစ်ဘက်တစ်ခြမ်း
က ရောဂါကျနေတာမျိုးလည်းရှိတတ်ပါတယ်။ ဖယ်သုံးရင် ရပါတယ် မပြောပါနဲ့။ မရပါ
ဘူး။ ရောဂါကျနေတယ်ဆိုပြီး မြင်ရတဲ့ အပိုင်းက အရောင်ရှိတဲ့ Spores တွေကြောင့်
မြင်ရတာပါ။ မမြင်ရတဲ့ ရောဂါမှိုမျှင်တွေက တစ်ပုလင်းလုံးပြည့်နေပါပြီ။
စိုက်ပျိုးမှိုတွေကို Tissue အသားစလေးက ပွားယူပါတယ်။ Spores က ပွားမယူပါဘူး။
Spores က ပွားယူတာက Sexual ပါ။ Sexual ဖြစ်တဲ့အတွက် မိခင်မှိုအရည်အသွေး
ထက် သာတာရနိုင်သလို ညံ့သွားတာ ပုံမှန်ပဲ ဖြစ်တာ ဒါမျိုးတွေလည်းရနိုင်ပါတယ်။ Spores ကနေပွားယူတာကို Researchers တွေပဲ အသုံးပြုပါတယ်။ သာမာန် စိုက်ပျိုးသူတွေကတော့ လိင်မဲ့ Asexual ဖြစ်တဲ့ Tissue culture နည်းကိုပဲ အသုံးပြုပါတယ်။
Tissue ကနေပွားယူထားတဲ့ အခါ Tissue စလေးကို တစ်စပဲ အဟာရပြင် Media ပေါ်
ချပါ။ ချမဲ့နေရာကို တိတိကျကျ ကျအောင်ချပါ။ နို့မို့ မှိုမျှင်တွေ ဟိုနေရာက ထွက်လာ
ဒီနေရာကထွက်လာနဲ့ တစ်ခါတရံ ကိုယ့်မှိုမျှင်လား ရောဂါမှိုမျှင်လား ခွဲခြားရ ခက်ခဲပါ
တယ်။ အပေါ်ယံမဟုတ်ပဲ စိတ်အားထက်သန် ဂရုစိုက်လေ့လာနေသူအတွက်ကတော့
ဒါ ဘာမှိုမျှင်လဲဆိုတာ အချိန်က သင်ကြားပေးသွားပါလိမ့်မယ်။
မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်ခြင်း - ၂
အဟာရပြင်ပေါ်တင်ပေးလိုက်တဲ့ မှိုအသားစလေးကနေ မှိုမျှင်တွေ ဖြာထွက်လာတာကို
ထည့်ပြီး နှစ်ရက်လောက်အကြာမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ မှိုအသား
စလေးကပဲ မှိုမျှင်လေးတွေ ထွက်လာတာက အကောင်းဆုံးပေါ့။ တစ်ခါတလေ ကိုယ်
ထည့်လိုက်တာက အသားစလေးတစ်စထဲ ထွက်လာတော့ နှစ်နေရာ သုံးနေရာက ထွက်နေတာမျိုးရှိတတ်တယ်။ ဒီအခါမှာ သတိထားရတော့မယ်။ မှိုအသားစကလေးကရယ် နောက်တစ်နေရာကရယ် နှစ်နေရာက မှိုမျှင်လေးတွေ ထွက်နေတယ် ဆိုပါစို့။ ဒါဆို ဘေးထုတ် သီးခြားထားပြီး သေသေချာချာ ရက်ဆက် စစ်ဆေးရပါမယ်။ အနေအထားကော အရောင်အဆင်းကော ခြားနားနေမယ်ဆိုရင်တော့ ဒါ သေချာပြီပါ့။ ဒီ Culture
ပုလင်းမသန့်တော့ဘူး။ အပျက်စာရင်းမှတ်ပြီး ဖယ်ထုတ်ထားပါတော့။
အနေအထားကော အရောင်အဆင်းကော တူနေပါတယ်ဆရာကြီးဆိုပြီး မပစ်ရက်နှမျောနေမယ်ဆိုရင်တော့ ဒီကရလာတဲ့ Master spawn, Commercial spawn တွေကို ကိုယ်စိုက်ဖို့အတွက်ပဲသုံး။ မျိုးထုတ်ရောင်းမယ် စိတ်မကူးပါနဲ့။ ၁၉၇၅ - ၂၀၁၆ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ကျွန်တော်ဆို ထုတ်ရောင်းဖို့နေနေသာသာ ကိုယ်တိုင်သုံးဖို့တောင် စိတ်မကူးပါဘူး။ မျိုးထုတ်ရောင်းပါတယ်ဆိုတဲ့ပုဂ္ဂိုလ်များ ဒါ သိပ်အရေးကြီးပါတယ်။ ကိုယ့်
မျိုးဟာ အမြဲ နံပါတ်ဝမ်းတစ် ဂဏန်းတစ် ဖြစ်နေရပါ့မယ်။ မျိုးသန့်ဖို့ မျိုးအားကောင်းဖို့
အမြဲကြိုးစားနေရမှာ ပင်မအလုပ်ပါ။
အပေါ်ကပြောခဲ့သလို အဟာရပြင်ပေါ်မှာရှိတဲ့ အသားစလေးကပဲ မှိုမျှင်တွေ ပွားပွားလာ
ပြီ ဆရာကြီးရေ့ OK ပြီဟေ့ OK ပြီဆိုပြီး ပစ်ထားလို့တော့မရပါဘူး။ ဒါက ပထမအဆင့် ရွေးတာပါ။ ဒီကရလာတဲ့ OK တွေကို ထပ်စစ်ပါအုံး။ နောက်ပိုင်းပြဿနာတွေ ရှိပါသေး တယ်။ ဆန်ဆေးရည်လို ထမင်းရည်လို ဖြူဖြူ အရည်တွေ အကွက်တွေ ဖြစ်လာရင် ထွက်လာရင် ဒါ သေချာပြီ။ ကိုယ့် Culture ပုလင်းဟာ အစကကောင်းနေပေမဲ့ အခု Bacteria လိုက်သွားပြီ။ ထပ်ဖယ်လိုက်တော့။ အဲ့လိုမဟုတ် စိမ်းစိမ်း ဝါဝါ မည်းမည်းတွေတွေ့လာ ရင်တော့ ဒါက မှိုရိုင်းတွေဝင်လာလို့ပါပဲ။ တစ်ခါတလေ Culture ပုလင်း အဆို့ ဂွမ်းစမှာ ဖြစ်နေတတ်ပါတယ်။ ဒါက အဟာရပြင် အေးခဲစေဖို့ ပုလင်းကို ချတုံးက ပုလင်းအဝကို အပေါ်နည်းနည်လေး ထောင်မထား အောက်ခံကြမ်းပြင်ပေါ်မှာ ရေပြင်ညီချထားမိလို့ ဒါမှ မဟုတ် အဟာရရည် ထည့်တာများသွားလို့ အဟာရရည် မအေးခဲခင် ပုလင်းအဆို့ ဂွမ်း စနဲ့ထိ၊ ဂွမ်းစက အဟာရရည်တွေကို စုတ်ထား၊ စိုနေလို့ ဖြစ်ရတာဖြစ်ပါတယ်။ ဒါမျိုးတွေကို ဖယ်ထုတ်ရမှာဖြစ်တယ်။ ဒီလိုတွေဖြစ်လို့ စိတ်ဓာတ်တော့ လျော့မပစ်ပါနဲ့။ လူညံ့စာရင်းထဲ ဝင်သွားပါလိမ့်မယ်။ ထပ်လုပ်ပါ။ ထပ်ခါထပ်ခါလုပ်ပါ။ အောင်မြင်လာ ရမှာ သေချာပါတယ်။
အဟာရပြင် Clture media မှာ မိမိ Culture လုပ်ထားတဲ့ မှိုအသားစလေးကနေ
Mycelia တွေနဲ့ ပြည့်နေပြီ ရောဂါလည်းကင်း သန့်စင်တယ်လို့လည်း မိမိအတွေ့အ
ကြုံ အရ ကောက်ချက်ချ ဆုံးဖြတ်လို့ရပြီ ဆိုတာနဲ့ Master spawn တွေ ပွားယူရမှာ
ဖြစ်ပါတယ်။ ဒီအတွက် မိမိဒေသထွက် ကောက်နှံတစ်မျိုးမျိုးနဲ့ လုပ်နိုင်ပါတယ်။ နှံစား
ပြောင်း လူး ဆပ် စပါး သင့်လျော်ရာနဲ့ လုပ်နိုင်ပါတယ်။ ဒီမှာလည်း မိမိရဲ့ Master
spawn ဟာ သန့်စင်ဖို့ မျိုးအားကောင်းဖို့ အထူးလိုအပ်လှပါတယ်။ ဓာတုမြေသြဇာတွေ
အသုံးပြု ကြိုးစားထားတာမျိုးတော့ အထင်မကြီး စာရင်းမသွင်းပါဘူး။ အမြဲ Chemical
free ဖြစ်အောင် ကြိုးစားရပါမယ်။ နိုင်ငံတကာနဲ့ ယှဉ်ချင်ရင် ဒါကို အမြဲနှလုံးသွင်းထား
ရပါမယ်။ Master spawn အတွက် Culture media ကို အစလေးတစ်စနဲ့ပဲ ပွားယူပါ။ ရောဂါကင်းမကင်းလည်း စစ်ဆေးပါ။ ရောဂါကျနေရင် ဖယ်ထုတ်ပါ။ မှိုမျှင်ပွားနှန်းနှေးတာမျိုး Bacteria လိုက်နေတာမျိုးရှိရင် ဖယ်ထုတ်ပါ။
Master spawn ဝယ်ယူအသုံးပြုသူကလည်း မိမိဝယ်ယူလိုပ်တဲ့ Spawn ပုလင်းဟာ
Master spawn စစ်မစစ် စစ်ဆေးတတ်ပါစေ။ ပုလင်းထိပ် မျိုးပွားစာအပေါ်မှာ
Culture media အတုံးကလေးရှိနေရပါမယ်။ ရယ်စရာပြောရရင် Culture media
ကျောက်ကျောတုံးလေးတော့ရှိပါရဲ့ ဒါပေမဲ့ ပြောင်ချောပြီး ဘာ မှိုမျှင်မှ စွဲမနေဘူးဆို
ရင်တော့ ဒါ ပုံမှားရိုက်ပြီဆိုတာ သိထားပါ။ ဝယ်ယူသူဟာ ရောဂါကျမကျလည်း စစ်ဆေး
တတ်ရပါမယ်။ ရောဂါကျနေရင် မယူပါနဲ့။ ရောဂါကျနေတဲ့အပိုင်းကို ဖယ်ထုတ်အသုံး ပြုလို့ မရပါဘူး။ မျိုးအားကောင်းမကောင်းလည်း စစ်ဆေးတတ်ဖို့ လိုပါတယ်။
မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်ခြင်း - ၃
Master spawn ကနေ စိုက်ထုပ်မျိုးထုပ်တွေဆီ သွားနိုင်ပါတယ်။ ဒါမှမဟုတ် နောက်တစ်ဆင့်ဖြစ်တဲ့ မျိုးပုလင်းတွေ အများကြီးထုပ်လို့ရမဲ့ Commercial spawn ဆီ သွားနိုင်ပါတယ်။ မျိုးအားကျမသွားစေဖို့တော့ ထိန်းတတ်ရပါမယ်။ Commercial spawn အတွက် မှိုအမျိုးအစားကိုလိုက်လို့ လွှစာ၊ စပါး၊ နှံစားပြောင်း၊ အထွက်တိုး၊ လူး၊ ဆတ်
စတာတွေကို သုံးနိုင်ပါတယ်။
ဒီနေရာမှာ မျိုးပုလင်းတွေကို မှိုစိုက်သူ စိုက်ထုပ် မျိုးထုပ် ထုပ်ရောင်းသူတွေကို ရောင်းပေးမယ်ဆိုရင်တေ့ Master spawnနဲ့ Commercial spawn ကို အမျိုးအစားမတူတဲ့ ကောက်နှံတွေနဲ့ လုပ်စေချင်ပါတယ်။ ဒါက လုပ်နေသူအတွက် ဂုဏ်တက်စေဖို့ပါ။ ရိုး
သားစွာ လုပ်နေပါကြောင်း သိစေချင်လို့ပါ။
စိုက်ထုပ် မျိုးထုပ်တွေထဲ မျိုးထည့်မယ်ဆိုရင် ပေါင်းအိုးထဲက ထုတ်လာတဲ့ အထုပ်တွေ
အေးတာနဲ့ မျိုးထည့်ပါ။ အထုပ်တွေ နွေးနေသေးရင် မထည့်ပါနဲ့အုံး။ အထုပ်တွေ မျိုး
ထည့်လို့ရလျှက်သားနဲ့ အချိန်ဆွဲနေတာမျိုးလည်း မလုပ်ပါနဲ့။ မျိုးထည့်ရက် မနက်စော
ကိုယ်စိတ်လန်းဆန်းနေတဲ့အချိန်လေးကတော့ အကောင်းဆုံးပါပဲ။
မျိုးထည့်ခန်း သီးခြားမဆောက်နိုင်သူတွေအတွက်ကတော့ လေငြိမတဲအခါမှ ထည့်သင့်ပါတယ်။ ပူပြင်းတဲ့နွေရာသီကလွဲရင် ပလတ်စတစ် အမိုးအကာအောက်မှာ ထည့်လို့
လည်း ရပါတယ်။ ဘယ်လိုပဲ ထည့်ထည့် ပတ်ဝန်းကျင်လေထုထဲမှာတော မလိုလားအပ်
တဲ့ မှိုရိုင်းတွေကတော့ ရနေမှာသချာပါတယ်။ အရက်ပျံကို Sprayer ထဲထည့်ပြီး အထက်နဲ့ ဘေးပတ်လည်ကို သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
မျိုးထည့်ဖို့အတွက် မျိုးအားကောင်းတဲ့ မျိုးပုလင်းကို ရွေးချယ် အသုံးပြုရပါမယ်။ မျိုးသန့်
မသန့် စစ်ဆေးဖို့ကတော့ အထူးလိုအပ်လှပါတယ်။ မျိုးမသန့် ရောဂါကျနေတာကိုမှ
မသိ မရွေးချယ်တတ်ရင်တော့ ထုပ်ထားပေါင်းထား အပင်ပန်းခံ ငွေကုန်ခံ လုပ်ထားတာ
တွေအားလုံး ရောဂါကျ ပျက်ဆီးလို့ ဆုံးရှုံးနစ်နာရုံမကျ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်ပါ
်တယ်။ အကောင်းဆုံရမှာကြားချင်တာက အဆင့်တစ်ခုအတွက် အလုပ်လုပ်တော့မယ်
ဆိုရင် အဲ့ဒီအဆင့်နဲ့ သက်ဆိုင်ရာတွေကို ဂဃနဏ လေ့လာထားသင့်ပါတယ်။
မျိုးအားကောင်း မျိုးသန့် မျိုးပုလင်းပါပဲ ဆိုတာတောင် မျိုးမထည့်ခင် မျိုးပုလင်းနဲ့ မိမိ
လက်ဖဝါး လက်ချောင်းလေးများကို အရက်ပျံနဲ့ သန့်ရှင်းပေးဖို့ လိုအပ်ပါသေးတယ်။
ဒီလိုပါပဲ မျိုးကော်တန်ကလေးကိုလည်း မျိုးထည့်ပြီးတိုင်း ဒါမှမဟုတ် မကြာမကြာ အ
ရက်ပျံ ဆွတ်ထားတဲ့ ဂွမ်းစလေးနဲ့ သန့်ရှင်းပေးသင့်ပါတယ်။ ဒီလိုပါပဲ မျိုးပုလင်း အဝ
လေးကိုလည်း ကလေးပါးစပ်သုတ်ပေးလို သုတ်သုတ်ပေးးရပါမယ်။
အထုပ်ထဲ မျိုးထည့်နည်းတွေကတော့ အမျိုးမျိုးပါပဲ။ သူ့နည်းနဲ့သူ ကောင်းကြမှာပါ။
PMK မျိုးထည့်နည်းကတော့ အထုပ်တစ်ထုပ်ထဲကို မျိုး မန်ကျည်းစေ့ နှစ်စေ့သုံးစေ့စာ
ပဲ ထည့်ရပါမယ်။ ဒီလိုထည့်ဖို့အတွက် မိမိအသုံပြုတဲ့ မျိုးဟာ မျိုးအားကောင်းနေဖို့တော့
လိုအပ်ပါတယ်။ မျိုးကို မျိုးကော်တန်ကလေးနဲ့ လိုအပ်သလောက်သာ ကော်ယူရပါမယ်။
မျိုးပေါက်ထဲ တိတိကျကျ ရောက်အောင်ထည့်ပါ။ ဘေးကို မကျစေပါနဲ့။ ကျသွားရင်လည်း
ကောက်မထည့်ပါနဲ့။ အဲ့လိုလုပ်ရင် သေချာပေါက် ရောဂါကျလာမှာ ဖြစ်ပါတယ်။ မျိုး
ထည့်ပြီးရင် ထည့်လိုက်တဲ့မျိုးကို မျိုးကော်တန်ကလေးနဲ့ ဖိပေးပါ။
* * *
မှိုမျိုးအတန်းအစားနဲ့ မှိုမျိုးထည့်ခြင်း - ၎
ဒီနေရာမယ် တချို့က မျိုးထည့်ပေါက် အကြီးကြီးတွေသုံးပြီး လက်တွေနဲ့ကော်ထည့်
သူကကော်ထည့် ဟင်းခတ်ဇွန်းနဲ့ကော်ထည့်သူကကော်ထည့်တာ တွေ့ဘူးတယ်။
ဒီလိုလုပ်တော့ မျိုးတွေအများကြီးကုန်မှာပေါ့။ သူတို့မေးကြည့်တော့ မျိုးတစ်ပုလင်း
အထုပ် ၃၀ - ၃၅ လောက်တော့ ရသတဲ့။ မနေနိုင်သမို့ အဲလိုမဟုတ်သေးပါဘူး။ ဟော
ဒီလို မျိုးကော်တန်လေးနဲ့ ဟောဒီလောက်ကလေး မကျီးစေ့ နှစ်စေ့သုံးစေ့စာလောက်ကလေးထည့်ရတာ နေပါအုံး ခင်ဗျားတို့ မျိုးထည့်ပေါက်တွေကလည်းအကျယ်ကြီးတွေပါ လား သေးသေး သုံးမတ်အရွယ်လောက်ဆို မရဘူးလားမေးကြည့်တော့ သူတို့အဖြေက
အဲလိုဆို အားမရဘူးတဲ့။ အင်း အားမရဘူးဆိုတော့လည်း အားရအောင်ထည့်ကြပါ့နော့။
တချို့ ရှိပြန်သေးတယ်။ မျိုးထည့်ပေါက်ကနေ အထုပ်ထဲ အသားချွန်နဲ့ အူတိုင်ခလောင်း
လုပ်ပြီး မျိုးထည့်ကြတာ။ အဲ့လိုထည့်တော့ တစ်ချိန်တည်းမှာ မျိုးက ဘေးပတ်လည်
ထက်အောက်ပြန့်သမို့ အချိန်တိုအတွင်း အထုပ်ထဲကို မျိုးမြန်မြန်ရောက်လွယ်စေတဲ့ အကျိုးကျေးဇူးရတာပေါ့။ ဒါပေမဲ့ အတွင်းကနေ မျိုးပြန့်ရတာမို့ ရောဂါမှိုရိုင်းကျနေမနေ မသိနိုင်ဘူးလေ။
PMK နည်းကတော့ မျိုးထည့်ပေါက်ကို သုံးမတ်အကျယ်ပဲ သုံးတယ်။ မျိုးကိုလည်း မကျီးစေ့နှစ်စေ့သုံးစေ့စာပဲသုံးတယ်။ မျိုးကတော့ Culture media ကနေ Master spawn
နောက် Commercial spawn လှေကားထစ်လို အဆင့်ဆင့်သွားတဲ့ ကိုယ့်မျိုးကိုယ်
သုံးသပေါ့။ သူများရောင်းပေးလည်း အဲ့အတိုင်းသွားတာပဲ ရောင်းပေးတယ်။ နောက်
ကြောင်းပြန် မျိုးတွေ မလုပ် မသုံး မရောင်းဘူးလေ။ နောက် ဘာ Chemical fertilizers
ဓာတုမြေသြဇာတွေမှလည်းမသုံးဘူး။ အားလည်းမပေးဘူး။ (သူများနိုင်ငံဆီ မှိုရောင်း
ချင်သူများ ဒါကို Chemical free ဖြစ်ဖို့ကို သေသျောချာ ဂရုစိုက်။ ဒါတွေ ခွသုံးနေပြီး
စင်္ကာပူပို့မယ် US ပို့မယ် အော်နေရင်တော့ ဒါ ရယ်စရာပဲနော့။)
ကိုယ့်ငါးချဉ်ကိုယ်ချဉ် ပြောရမလားပဲ။ PMK နည်းနဲ့မျိုးထည့်တော့ စစ်ဆေးရတာ သိပ်
လွယ်တယ်။ မျိုးထည့်ပြီး ၃ - ၅ ရက်ဆို စစ်ဆေးလို့ရပြီလေ။ ငွေနှင်းမှိုမျိုး ထည့်တယ်
ဆိုပါစို့။ လိုအပ်တဲ့ အကောင်းဆုံးအပူချိန် ၂၅ - ၂၈ လောက်ရှိနေတယ်ဆိုရင် မျိုးထည့်
ပြီး ၃ ရက်သားဆို မျိုးထည့်ပေါက် ပတ်ပတ်လည်မှာ ဖြာဆင်းနေတဲ့ အဖြူရောင် မှိုမျှင် ချောင်းလေးတွေကို မိန်းကလေး မျက်တောင်စင်းပမာမြင်လာရပြီ။ ၅ - ၇ ဆို ကိုယ့်
မှိုထုပ်တွေ မျိုးဆင်းတာ အားကောင်းမကောင်း မျိုးသန့်မသန့် စစ်ဆေးလို့ရပြီပေါ့။
အထုပ် ၁၀၀ ထုပ်ထား မျိုးထည့်ထားတယ်ဆိုပါစို့။ မျိုးထည့်ပေါက်နားမှာ စိမ်းစိမ်း ဝါဝါ
မည်းမည်းတွေ တွေ့နေတယ်ဆရာဆိုရင် အဲ့လိုဖြစ်တာ ဘယ်နှစ်ထုပ်ရှိလည်း စစ်
ကြည့်ပေါ့။ ကိုယ်က မျိုးထည့် ကျွမ်းကျင်တတ်ထားပြီးသား ဖြစ်တာတောင် အဲ့ စိမ်းစိမ်း
ဝါဝါ မည်းမည်းတွေက အထုပ်တိုင်း ဖြစ်နေတာဆိုရင်တော့ ဒါ အပြစ်က မျိုးပုလင်း မျိုး
မသန့်လို့ပဲနော့။ ဒီလိုဖြစ်တဲ့သူ ဆိုရင်တော့ ကျွန်တော်အားကြီးစိတ်ဆိုးရတော့မပါ့။
မျိုးမထည့်ခင် မျိုးပုလင်းတွေ သန့်မသန့် စစ်ပါစစ်ပါ ပြောတာ စာမဖတ် ခေါင်းထဲမထား
လို့ပဲလေ။
အထုပ် ၁၀၀ မှာ လေးငါးထုပ်လောက်သာ ဖြစ်တာပါဆိုရင်တော့ ဒါ မျိုးပုလင်း အပြစ်
မဟုတ်တော့ဘူး။ မျိုးထည့်တုံးက ပြင်ပ Contiminations ဝင်သွားလို့ပါ။ ကိုယ်မျိုးထည့်
တာကို ပြန်လည်သုံးသပ်ပြီး နောင်အဲလိုမဖြစ်အောင် ဂရုစိုက်လိုက်ပေါ့။ ဆိုလိုတာက
မျိုးထည့်တုံးက မျိုးထည့်ပေါက် နှုတ်ခမ်းအဝမှာ ကပ်နေတဲ့ မျိုးစလေး ဝင်သွားသလား။ အပြင်အထုပ်ဘေးကပ်နေတာလေးများ ခုန်ဝင်သွားသလား။ ဒါမှမဟုတ် မျိုးကော်ဇွန်း မိမိကိုယ်ခန္ဓာနဲ့ ပုဆိုးလုံခြည်နဲ့ အောက်ခံကြမ်းပြင်နဲ့ ထိမိပွတ်မိသွားသလား စသဖြင့်
ပေါ့နော့။ အဲ့လိုဖြစ်ရင် ဘေးထုပ်ထားပြီး ဖြစ်စဉ်လေးတွေကို မှတ်ထားရင်တော့
သိပ်ကောင်းတယ်။ ဥပမာ မျိုးကော်တန်ကလေး အောက်ခံကြမ်းပြင်နဲ့ ထိသွားတယ်
ဆိုပါစို့။ ဒီလို ခဏခဏ ဖြစ်တယ်ဆိုပါစို့။ ဒါဆို မှတ်ထား ဘေးထုတ်ထားလေ။ ဘာဖြစ်
လာမလဲ။ ရောဂါကျလာမလား ဘာမှမဖြစ် ကောင်းပဲနေလားပေါ့။
မျိုးတွေကတော့မျိုးထည့်ပေါက် ပတ်ပတ်လည်မှာ ဖြာကျနေတာ ကောင်းမှကောင်း ဆို
ပေမဲ့ မပျော်နဲ့အုံး။ အထုပ်ဘေးပတ်ပတ်လည်ကြည့်အုံး။ ဆရာရေ့ အထုပ်တွေကတော့
မျိုးကျနေတာ ကောင်းမှကောင်း ဒါပေမဲ့ အထုပ်အားလုံးနီးနီး ဘေးပတ်ပတ်လည်မှာ အကွက်တွေ အကွက်တွေ စိမ်းစိမ်းကော ဝါဝါကော မည်းမည်းကော အောင်မယ် ငွေနှင်း မှိုလို ဖြူဖြူကော ပါတယ်ဆရာ ဆိုပြန်ရင် ဒါ ငို၍ရယ်၍ မရသောမျက်နှာဖြစ်ရပြီပေါ့။
မျိုးထည့်တာကောင်းတယ် OK တယ်။ ဒါပေမဲ့ အထုပ်တွေ ပေါင်းတာ လိုအပ်တဲ့ အချိန်
နာရီမပြည့်လို့ မှိုရိုင်းမျိုးတွေ မပျက်ဆီး မသေလို့ပဲပေါ့။ ဒါမျိုးဖြစ်ရင် နောက်တစ်ခါ အချိန်
တိုး ပေါင်းပေးရမယ်ဆိုတာ သိထားတော့ပေါ့။
လေးငါးထုပ်တွေ့တယ်ဆရာ အများကြီးတော့မဟုတ်ဘူး။ တစ်ကွက်နှစ်ကွက်ဆရာ
ဆိုပြန်ရင်တော့ ဒါကတစ်မျိုးပါ့။ အထုပ်ထုပ်တော့ မှိုစာဖြစ်တဲ့ လွှစာတို ကောက်ရိုးတို့
ထိုးမိပြီး ပေါက်သွားလို့ပေါ့။ ဒါမျိုးဖြစ်ရင် အဲ့နေရာလေး သေသေချာချာကြည့်။ အပေါက်
ကလေးပေါက်နေတာ တွေ့ရတတ်တယ်။ ဒီအပေါက်ကလေးကနေ ပြင်ပမှိုရိုင်း ဝင်လာ တာလေ။ နောင် ဒါမျိုး မဖြစ်အောင် အထုပ်တွေ ထုပ်ပြီးတာနဲ့ အထုပ်ပတ်ပတ်လည်
ကို လက်ချောင်းလေးတွေနဲ့ သဘသာလေး ပွတ်ဆွဲပြီး စစ်ကြည့်။ ပေါက်နေပါးနေတာ
တွေ့ရင် တိတ်ကလေးနဲ့ကပ်ပြီး ဖာထားပေး။ ရတယ်။ တိတ်ကလေးကို မတွန့်မခေါက်အောင်ကပ် လက်ပေပေကြီးနဲ့ မကိုင်နဲ့ပေါ့။မကိုင်နဲ့ပေါ့။
#crd

Comments
Post a Comment