Posts

ငှက်ပျောအတွက်အစာစပ်နည်း

ငှက်ပျောအတွက်အစာစပ်နည်း - နွားချေးဆွေးကို ဇကာချပါ၊ (ကြက်ချေးဆွေးသုံးပါက နှုံးထားလျော့ရပါမည်၊) - နွားချေးတစ်တင်းလျှင် ပုလဲမြေသြဇာ ၃ပြည်နှုန်းရောစပ်ပါ၊ - ကွန်ပေါင်း 15-15-15 ဖြစ်စေ ၊ K 60% ပိုတက်ဖြစ်စေ  P 46%ဖော့စ်စဖိတ်ဖြစ်စေ N 46% နိုက်ထရိုဂျင်ဖြစ်စေ  ၅၀ ကီလို တစ်အိတ်လျှင် နွားချေး တစ်တင်းခွဲအိတ် ၁၀ အိတ်နှုန်း  ရောစပ်နိုင်ပါသည်။ - လေလုံသော အိတ်တွင်ထည့်၍ ၂ည (သို) ၃ည နှပ်ထားပါ၊ အပင်အတွက် အားဖြစ်စေသည့် မြေသြဇာကောင်းတစ်ခုကို ရရှိလာပါလိမ့်မည်။ သတိပြု ရန် နွားချေးသည် ခြောက်သွေ့နေရမည်။ အသုံးပြုသော ပုလဲမြေသြဇာကို သေချာရွေးချယ်ပါ။ အစာကျွေးနည်း နှစ်ရှည်ပင်အား ကျွေးမည်ဆိုပါက အပင်အရွယ်အစားအလိုက် တစ်ကီလို မှ လေးကီလို ဝန်းကျင် ကျင်းဖောက်ကျွေးနည်း၊ ကျင်းတူးကျွေးနည်း၊ အရိပ်စပ်မြေပုံချနည်း စသဖြင့် အဆင်ပြေ သလို ကျွေးနိုင်ပါသည်။ ငှက်ပျော အတွက် တစ်ဧကလျှင် စပ်ပြီးမြေသြဇာ ၅တင်း မှ ၂၀ တင်း အထိ ကျဲပက်နိုင်ပါသည်၊ အကျိုးအာနိသင် - စံချိန်မှီ အထွက်နှုန်းရစေရန် အထောက်အကူဖြစ်စေသကဲ့သို့ ဓာတ်မြေသြဇာ၏ အာနိသင်အပြည့်အဝကို အပင်မှ ရရှိစေ  မည် ဖြစ်ပါသည်။ - နွားချေး၏ နှေးကွေးသော ရွေ့လျားမှုအား မြန်ဆန်စွာ ပျော်ဝင်သည့် ပုလဲမြေသြဇာမ

ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ

Image
ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ 🤔 မေး။ ။ ပေါင်းသတ်ဆေးတွေ သုံးစွဲလို့ စိုက်ပျိုးမြေတွေ ပျက်စီးလာနေတယ် ဆိုတာဟုတ်ပါသလား။ ✅ ဖြေ။ ။ကျွန်တော်တို့နိုင်ငံမှာလည်းပေါင်းသတ်ဆေးတွေ မဆင်မခြင်သုံးစွဲလို့ သီးနှံစိုက်ပျိုးမြေတွေ ပျက်စီးတယ် ဆိုတာ လယ်သမားတချို့ တောင်သိရှိနေကြပါပြီ။ သေချာတဲ့တွေ့ရှိချက်တစ်ခုပြောပါမယ်။  နိုင်ဂျီးရီးယားနိုင်ငံ၊ Ganye မြို့၊ Adamawa ပြည်နယ်စိုက်ပျိုးရေးကောလိပ်က ပညာရှင်အချို့က (၂၀၁၂) ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တဲ့ အဖြေကပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့် လေ့လာဆန်းစစ်ခဲ့တဲ့ စိုက်ပျိုးမြေဧရိယာရဲ့- - ၆၃% မှာ အဏုဇီဝသက်ရှိတွေပါဝင်မှုလျှော့နည်းလာတယ်။ - ၈၂% ဟာ မြေညံ့တွေဖြစ်လာတယ်။ - ၈၀% ဟာ မြေအစိုဓါတ်ထိန်းနိုင်စွမ်းအားကျလာတယ်။ - ၈၅% မှာ မြေဆွေးဓါတ်လို့ခေါ်တဲ့ Organic matter ပါဝင်မှု လျှော့နည်းလာတယ်။ 🤔  မေး။ ။ ပေါင်းသတ်ဆေးက သဘာဝပါတ်ဝန်းကျင်ကိုရော ဘယ်လို ဆိုးကျိုးသက်ရောက်မှုရှိ ပါသလဲ။ ✅ ဖြေ။ ။ အထက်ကပြောခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံ Adamawa ပြည်နယ် စိုက်ပျိုးကေါလိပ်က ပညာရှင်တွေ တွေ့ရှိခဲ့ တာက ပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့်- - လူ၊ တိရစ္ဆာန်နဲ့ ငါးတွေ အဆိပ်သင့်မှုက ၉၈% ရှိတယ်။ - မြစ်ချောင်းနဲ့

စံပါယ်ပန်းအကြောင်းနှင့် စပါယ်ပန်းစိုက်ပျိုးနည်း

Image
စံပါယ်ပန်းအကြောင်းနှင့် စပါယ်ပန်းစိုက်ပျိုးနည်း ****************************************** ပန်းတကာ့ပန်းရနံ့တွေထဲက အနံ့တကာအနံတွေထဲက ကျနော်အကြိုက်ဆုံးပန်း စံပါယ်ပန်းနဲ့ သူ့ရဲ့ရနံ့ကြောင့်ဖြစ်ပါတယ်။ အများဆုံးသုံးတဲ့ရေမွှေးတွေမှာလည်း စံပါယ်ရနံ့ကိုအများဆုံးသုံးဖြစ်ပါတယ်။ အနံ့ကြောင့် ပန်းကိုကြိုက်တာလည်း ဖြစ် နိုင်ပါတယ်။ ဘယ်လောက်အထိကြိုက်သလဲဆိုရင် စပယ်လို့နာမည်ပေးထားတဲ့ မိန်းကလေးတွေတောင် ဘယ်လိုပါလိမ့်လို့တောင်စူးစမ်းချင်တတ်ပါတယ်။ ပန်းပင်တွေထဲမှာ စံပါယ်ပင်က စိုက်ရတာအလွယ်ဆုံးဖြစ်ပါတယ်။ ကိုင်းကူး ပင်ပွား ကူး အင်မတန်လွယ်ပါတယ်။ အထူးသဖြင့်ပင်ပွားကူးတာများပါတယ်။ အိုးနဲ့ဖြစ်ဖြစ် လွတ်လပ်တဲ့နေရာမှာပဲဖြစ်ဖြစ် သူ့ကိုရေကိုသာပုံမှန်လောင်းပေး အစို ဓာတ်နည်းနည်းလေးရှိပေးရုံနဲ့ အခြားပန်းလိုမျိုး ဂရိုစိုက်စရာမလိုလောက်အောင်ပစ် ထားလို့ရပါတယ်။ ပွင့်ချိန်တန်ပွင့်ပေးပါတယ်။ အပွင့်များများလိုရင် အမြဲတမ်းပွင့်စေချင် တယ်ဆိုရင်တော့ သူ့ကို မြေလေးမကြာခဏဆွပေးခြင်း နွားချေး မြေဆွေးမြေပုပ်များထည့် ပေးခြင်းဖြင့် အပင်သန်လို့အပွင့်လည်းကြီး ဖူးငုံအပွင့်လည်းများများထွက်လာတတ်ပါ တယ်။ မိမိတို့အိမ်ဘေးပတ်ပတ်လည်မှာ စံပါယ်ပင်တွေစိုက်ပေးခြင

စပျစ်​စိုက်​ပျိုးနည်း

Image
စပျစ် စိုက်ပျိုးနည်း 🍇🍇🍇 ============ မြေအနေအထား ------------------- စပျစ်ပင်သည် ဆားဓာတ်ပါသောမြေမှလွဲ၍ မည်သည့်မြေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ ထုံးခြောက်မြေ၊သဲဆန်သောမြေ၊ မြေပွတို့၌ပိုမိုကောင်းမွန်စွာ သီးပွင့်နိုင်သည်။ စနယ်မြေစေးများတွင်မူကား ပေါက်ပွားမှုများစွာနှေးကွေးတတ် လေသည်။ ရာသီဥတု ----------- အပူချိန်အများဆုံး ဖာရင်ဟိုက်၁၁၅ဒီဂရီနှင့် အနည်းဆုံး ၃၀ဒီဂရီထိအောင် ခံနိုင်ရည်ရှိသည်။ မိုးရေချိန်တစ်နှစ်လျှင် ၄လက်မထက်မပိုသော မိုးရွာသွန်းခြင်းကို ပိုမိုနှစ်သက်လေသည်။ အနည်ဆုံး၂၀လက်မမှ ၂၉လက်မထိလိုအပ်သည်။ အသက်ပြင်းသော အပင်မျိုးဖြစ်သည်။ ရေငတ်ခြင်းကိုခံနိုင်သည်။ ကြီးထွားလာသည့်အခါ     ရေနစ်ခြင်းကိုလည်းခံနိုင်သည်။ စိုက်ပျိုးရန်ဒေသ ----------------- မြန်မာပြည်၌စိုက်ပျိုးရန် သင့်တော်သောဒေသများမှာ မြန်မာပြည်အလယ်ပိုင်းရှိ အပူပိုင်းဒေသ၊ တောင်တန်းဒေသဖြစ်သည့် ချင်းတောင်၊ရှမ်းပြည်နယ်၊ မိုးနည်းသောအရပ်ဒေသ၊ ကယားပြည်နယ်တို့ဖြစ်သည်။ ကချင်ပြည်နယ်၌ မိုးအနည်းငယ်များလွန်းသည်။ သို့သော်အချို့သောအမျိုးသည် မြေပြန့်များ၌နွေရာသီအတွင်း သီးပွင့်နိုင်ရန်ပြုပြင်စိုက်ပျိုးနိုင်သည်။ မိုးများ၍ ပူအိုက်သောအပိုင်း၌ စိုက်ပျ

ကွမ်းဈေးကောင်းလို့ ကွမ်းစိုက်မယ်ဆို

Image
•ကွမ်းဈေးကောင်းလို့ ကွမ်းစိုက်မယ်ဆို ကွမ်းအကြောင်းသိဖို့ ဖတ်ထားကြပါ 🍃🍃🍃🍃🍃 ကွမ်းစိုက်ပျိုးသမားများအတွက် စေတနာ ဖြင့်မျှဝေပါသည် ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့သိသင့်တဲ့ အခြေခံလိုအပ်ချက်များ ၁။#မြေခံအားကောင်းရမည် ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်း မွေနှောက် အနားပေးသင့်ပါတယ် လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီး ယားအကျွင်းကျန်များရှိနိုင်ပါသည်) မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့ မြေသစ်တင်စိုက်ပိုကောင်းပါသည် ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ အနိမ့်မြင့် မရှိပါစေနှင့် ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ်ဖျူပါရန်ထည့် ပါ ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည် အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေး တမျိုးမျိုးထည့်ပါ ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့် နိုင်ပါသည်။ ၂။#မျိုးရွေးချယ်မှု မှန်ကန်ရပါမည် ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည် တနှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည် မီးစွတ် ဆီစွန်းမရှိစေရ တပင်ခြင်းတရုံခြင်း အတန်း တိုင်းစီစစ်ရပါမည် ရောဂါရှိအပင်ကို ဖြတ်တောက် ရှင်းထားခြင်း အပင်အစားထိုးစိုက်ထာြး

ကြက်​သွန်​နီစိုက်​ပျိုးနည်း

Image
ကြက်သွန်နီ ;credit  စိုက်ပျိုးနည်း ၁။ မူရင်းဒေသ- ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက် ဖြစ်သည်။ မျိုးရင်း AMARYLLIDACEAE တွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်မှာ Allium cepa ဖြစ်သည်။ ၂။ ရေမြေနှင့်ရာသီဥတု ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ် လုံလောက်စွာပေးနိုင်ရန် လိုအပ်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက် မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်သည်။ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သာမာန်အားဖြင့် အပူချိန် အသင့်အတင့် မြင့်ပြီးနေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးသည်။ အပူချိန်၅၀-၆၀ ဒီဂရီဖာရင်ဟိုက်တွင် နေ့တာတို ၁၂နာရီ ရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေး နှင့်နေ့တာ အတိုအရှည် ညီမျှသောဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်သည်။ ကြက်သွန်ဥ အတ

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

Image
ငရုတ်တွင် ကျရောက်သော ရောဂါများ (၁) - - - - - - - - - - -  ၁။ Anthracnose မှဲ့ပြောက်စွန်းရောဂါ - - - - - - - - - - ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ရောဂါဖြစ်စေသော မှိုမျိုးကွဲ (strains) ၁၆ မျိုးအထိ တွေ့ရှိထားပြီး အဲဒီအထဲက အတော်များများကို အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်၊ ဒါပေမဲ့ သမပိုင်းဒေသတွေမှာလည်း တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာ - - - အသီးတောင့်ပေါ်မျာ စက်ဝိုင်းပုံစံ ချိုင့်နေတဲ့ အနာကွက်လေးတွေဖြစ်ပေါ်လာမယ်၊ နောက်ပိုင်း အနာကွက်က တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ အသီးတောင့်တွေ ပုပ်မယ်၊ ပင်စည်နဲ့ အရွက်ပေါ်မှာ အညိုပုတ်ရောင် အနားသတ်ပါသော ပုံစံမမှန်တဲ့ အညိုရောင် အစက်ပြောက်လေးတွေလည်း တွေ့ရတတ်တယ်။ ကာကွယ်နှိမ်နင်းနည်း - - ဒီရောဂါကို ကုသနိုင်တဲ့ နည်း မရှိသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်နိုင်မဲ့ နည်းတွေကတော့ - ၁။ မှိုရောဂါအများစုက စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်တဲ့အတွက် -ငရုတ်ပင်များကို စိုက်ပျိုးတဲ့အခါ ရေမ၀ပ်စေရန် နဲ့ ရေ (သွင်း) မများစေရန် ဂရုစိုက်ပါ။ ၂။ ကော်ပါး ပါဝင်သော မှိုသတ်ဆေးများကို သုံးစွဲခြင်းဖြင့် ရောဂါပြန့်နှ