ကွမ်းဈေးကောင်းလို့ ကွမ်းစိုက်မယ်ဆို

•ကွမ်းဈေးကောင်းလို့ ကွမ်းစိုက်မယ်ဆို
ကွမ်းအကြောင်းသိဖို့ ဖတ်ထားကြပါ
🍃🍃🍃🍃🍃

ကွမ်းစိုက်ပျိုးသမားများအတွက် စေတနာ ဖြင့်မျှဝေပါသည်
ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့သိသင့်တဲ့
အခြေခံလိုအပ်ချက်များ

၁။#မြေခံအားကောင်းရမည်
ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်း
မွေနှောက် အနားပေးသင့်ပါတယ်
လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး
ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီး
ယားအကျွင်းကျန်များရှိနိုင်ပါသည်)
မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့
မြေသစ်တင်စိုက်ပိုကောင်းပါသည်
ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ
အနိမ့်မြင့် မရှိပါစေနှင့်
ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ်ဖျူပါရန်ထည့်
ပါ ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည်
အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေး
တမျိုးမျိုးထည့်ပါ ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့်
နိုင်ပါသည်။

၂။#မျိုးရွေးချယ်မှု မှန်ကန်ရပါမည်
ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည်
တနှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည်
မီးစွတ် ဆီစွန်းမရှိစေရ တပင်ခြင်းတရုံခြင်း အတန်း
တိုင်းစီစစ်ရပါမည် ရောဂါရှိအပင်ကို ဖြတ်တောက်
ရှင်းထားခြင်း အပင်အစားထိုးစိုက်ထားခြင်း ရှိမရှိ
သိရပါမည် ကိုယ့်ခြံရောဂါအနည်းကျင်းရှိ မခိုးမခန့်
လုပ်ပြီး မတိုးချဲ့သင့်ပါ စိတ်မချရပါဘူး
ရောဂါရှိခြံကနေ ဈေးချိုလို့ အလကားရလို့သွား
မစိုက်ပါနဲ့ တခြားရင်းထားတာတွေပါ
ဆုံးရှုံးပါမည်။

၃။#ကွမ်းခြံတည်လျှင်ပစ္စည်းအသစ်များကိုသာအသုံးပြုပါ
ဝါး အကာ အမိုး အသစ်ပဲအသုံးပြုပါ
စိုက်ပျိုးရေးမိုးကာ အမိုးအတွက်လဲကောင်းပါသည်
ခြံဟောင်းက ဝါး အမိုးကာတွေက မှိုဘတ်တီးရီးယား
တွေကပ်ပါလာနိုင်လို့ပါ။

၎။#ကွမ်းခြံ သန့်ရှင်းပါစေ
ပေါင်းမြက် အမှိုက်သရိုက် မရှိအောင်ဂရုစိုက်ပါ
အပင်ငယ်စဉ် ပေါက်ရောက်မှုပိုများပါတယ် မနှုတ်
ပဲအထူချည်းပြစ်မထားပါနဲ့ ပေါင်းမြက်ကနေ စုပ်စားပိုး
တွေခိုအောင်းနိုင်သလို မှိုရောဂါများလဲဖြစ်ပွားနိုင်
ပါတယ် ကွမ်းပင်လသားရလင်းစီးသွားရင် ပေါင်းမြက်
မပေါက်နိုင်တော့ပါ ခြံသန့်ရှင်းပြီး လေဝင်လေထွက်
ကောင်းရပါမည်။

၅။#မလိုအပ်ပဲ အစာအဟာရမကျွေးပါနဲ့
အပင်ငယ်စဉ်ဖြစ်ချင်ဇောနဲ့ ကွန်ပေါင်းကျွေး
အားဆေးဖျန်းတာတွေမလုပ်ပါနဲ့ အဖြစ်မြန်တဲ့ကွမ်း
ကအရိုးပွပြီး ရောဂါဝင် အကျမြန်ပါတယ် ကွမ်းကနှစ်
ရှည်ပင်မျိုးနွယ် နှစ်သက်တမ်းရှည်မှ အကျိုးခံစားခွင့်
များပါမည်။

၆။#မြေသစ်ကျွေးပါ
ကွမ်းပင်၆လသားတခါ ၁နှစ်သားတခါ အခါအားလျော်
သလို အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး မြေသစ်
ကျွေးပေးပါ (နှစ်ဝါးခြားတပင်) လေးငါးပြီ မြေသစ်ကျွေးပါ လောင်းပြီး ပေါ်နေတဲ့အမြစ် အောက်ခြေအဆစ်တွေကို လက်နဲ့လိုက်ပြုပြင်ဖုံး
ပေးပါ အပင်အဖြစ်များ ဆူနေပါပိုတက်ဆီယမ်ကျွေးပါ
အခါအားလျော်စွာ ဂျက်ပဆင် (Quality) ကောင့်း
တာအသုံးပြုပါ ထည့်ပါ အပင်နှစ်သက်တမ်းရ အဟာ
ရလိုပါမှမိမိနှစ်သက်ရာ 15 R စတဲ့ကွန်ပေါင်းမြေသြ
ဇာအသုံးပြုနိုင်ပါတယ်။

၇။#ရောဂါမကျရောက်အောင် ပြင်ဆင်ကာကွယ်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုပဲကြိုက်ပါတယ်ရေငန်မ
ကြိုက်ပါ ရေငတ်တာ အစိုဓာတ်များတာ မကြိုက်ပါဘူး
အထူးအဖြင့် အစိုဓာတ်များရင် ရောဂါဝင်ပါမည်
မိုးရာသီ အထူးဂရုစိုက်ရပါမယ် ရေနှုတ်မြောင်း
ကောင်းရပါမည် မိုးဘယ်လောက်ရွာရွာ အောင့်မနေပဲ
တန်းထွက်သွားရပါမည် ကွမ်းပင်ရဲ့ အရိပ်အနေထား
အပူချိန်အနည်းများလဲ သိရပါမယ်
မီးစွတ်ဆီစွန်း စဖြစ်လာလျှင်သတိထားပါ ကူးစက်မြန်
ပါတယ် တွေ့စရောဂါရအရွက်တွေခူးပြစ်ပါ ထိသေ ပင်လုံးပြန့် ဘတ်တီးရီးယားသတ်ဆေးဖျန်းပါ ဆေးပတ်နီးပြီး ဆေးအုပ်စုလွဲဖျန်းပါ အရွက်ရောဂါစ
ဖြစ်ပြီး မနိုင်မှအရိုးသွားဖြစ်ပါသည် ရိုးမဲဆစ်ပြုတ်
ပျောက်တဲ့ဆေးမပေါ်သေးပါ။

၈။#စုပ်စားပိုး
နွေရာသီ တအားဆိုးပါသည် မိုးပိုင်းသိပ်မရှိပါ
ရေမော်တာနဲ့ထိုးဖျန်းလဲသက်သာပါတယ်
တမာပိုးသတ်ဆေး ဆေးရွက်ကြီးမှုန့်များလဲစိမ်ဖျန်း
နိုင်ပါတယ် ပိုးမွှားမနိုင်ပါကကွမ်းပင်ရဲ့အလုပ်လုပ်
နိုင်စွမ်းတွေလျော့ကျပါမည် အရွက်ဖားပြုတ်ကြော
ထပြီး ရောင်းတန်းမဝင်တော့ပါ မနိုင်တဲ့ခြံတွေ နှိမ်နှင်းရခက်တဲ့ပိုးများကိုလဲ နောက်ဆုံးပေါ်ဆေးအုပ်
စုအသစ်တွေထွက်နေပါတယ် ဆေးဆိုင်တွေမေး
စိုက်ပျိုးရေး ဝန်ထမ်းများနှင့်တိုင်ပါ ထိရောက်အောင်
ဖျန်းပါ ဆေးကို စနစ်တကျသတိနှင့်ကိုင်တွယ်ပါ
စည်းကမ်းလိုက်နာပါ။

ဓာတုဗေဒ မှို ဘတ်တီးရီးယားသတ်ဆေး ဘိုင်အို
ဇီဝ အော်ဂဲနစ် ဘာညာစတာတွေတော့ မိမိယုံကြည်
နှစ်သက်လက်ခံနိုင်တဲ့ ဆေးကို သုံးစွဲပါလို့ပြောလို
ပါတယ်

မြေကောင်း ကွမ်းမျိုးကောင်း လိုအပ်ချက်မရှိ ခြံတည်စိုက်ပြီးရုံနဲ့မရသေးပါ လိုအပ်တဲ့ပြုစုစောင့်
ရှောက်မှုတွေလဲပြုလုပ်ပေးရပါမယ်
ကွမ်းခြံ ဘာဖြစ်နေ ဘာလိုနေတယ်ဆိုတာ သိရှိပြီး
အနာနဲ့ဆေးကိုက်ဖို့အရေးကြီး လိုအပ်ပါတယ်

နိုင်ငံအဝှမ်းဒေသစုံကွမ်းစိုက်ကြပါတယ် ရာသီဥတု
မြေ ရေ မျိုး နည်းစနစ်တွေမတူညီကြပါ ကိုယ့်ဒေသနဲ့
ကိုက်ညီမဲ့နည်းစနစ်ကို အသုံးပြုပါ ကိုယ်ပိုင်အတွေး
လဲထည့်သုံးပါ များများလေ့လာပါလို့ အကြံပြုလို
ပါတယ်

စိုက်ပျိုးရေး ကျောင်းဆင်းမဟုတ်သလို ပညာရှင်လဲ
မဟုတ်ပါ လေ့လာသူရော ဘဝတူကွမ်းစိုက်တောင်
သူတွေကို ကိုယ်သိသလောက်တတ်သလောက်လေး
Share လိုက်လို့နည်းစနစ် အတွေးလေးတခု
အထောက်ကူရသွားရင်ကိုပဲ ကျေနပ်မိပါတယ်

ကွမ်းစိုက်တောင်သူများ အောင်မြင်ပျော်ရွှင်ကြပါစေ

🇲🇲🇲🇲🇲" ကွမ်းပင် မြေထုပ်စီးမျိုးပွားနည်း "
**********************************
မြေထုပ်စီးမျိုးထုတ်လုပ်ရန်အတွက် ကွမ်းပင်၏ပင်မအညွန့်ကို အသုံးပြုလေ့ရှိ၍
သန်မာထွားကျိုင်းသော မျိုးညွန့်ရရှိရန် ရည်ရွယ်ကြပါသည်။ မျိုးညွန့်တစ်ညွန့်
အနေဖြင့် သန်မာထွားကျိုင်းမှုထက် ကျစ်ကျစ်လစ်လစ်နှင့် ကျန်းမာသောအညွန့်
ဖြစ်ရန် ပို၍အရေးကြီးပါသည်။ များသောအားဖြင့် တစ်နှစ်သားကွမ်းညွန့်ကို
ရွေးချယ်ကြသည်။ မြေထုပ်စီးရန်အတွက် တစ်နှစ်သားဆိုသည်ထက် ကိုင်းအခြေ
အနေက ပို၍အရေးကြီးပါသည်။ အထူးသဖြင့် ကွမ်းပင်သည် အညိုရောင်သို့
ပြောင်းနေသောအပင်ဖြစ်က မြေထုပ်စီးမျိုးထုတ်ရန် သင့်တော်ပြီဖြစ်သည်။
မြေထုပ်စီးရန် ရွေးချယ်ရမည့်အနေရာမှာ မျိုးညွန့် အစိမ်းရောင်မှ အညိုရောင်သို့
ပြောင်းကာစနေရာ၏ အောက်ဖက်နှစ်ဆစ်ဖြစ်သည်။

လိုအပ်သောပစ္စည်းများ
---------------------------
- (၄ x ၇)လက်မ ပလတ်စတစ်အိတ်
- နွားချေးဆွေး(၁)တင်း + ဖွဲပြာ(၂)တင်း + သဲ(၂)တင်း + နှုန်းမြေ(၂)တင်း +
  မြေစေးမှုန့်(၈)ပြည် (လယ်မြေ၊ စနယ်မြေ)
- ပလတ်စတစ်ကြိုး

ဆောင်ရွက်ပုံအဆင့်ဆင့်
-----------------------------
ရှေးဦးစွာ မြေထုပ်စီးမည့်နေရာကို ရွေးချယ်သတ်မှတ်ရပါသည်။ ကွမ်းပင်၏
အောက်ပိုင်းသည် အညိုရောင်သန်း၍ အပေါ်ပိုင်းအညွန့်သည် အစိမ်းရောင်
ရှိနေတတ်ပါသည်။ အညိုရောင်မှ အစိမ်းရောင်သို့ စတင်အရောင်ပြောင်းသော
နေရာ၏ အောက်ဖက်အဆစ်သုံးဆစ်မှ အရွက်များကို ဖြုတ်ထုတ်ပစ်ပါ။
ယင်းအဆစ်များတွင် မြစ်ဖုလေးများ ထင်ရှားနေပါလိမ့်သည်။

ပလတ်စတစ်အိတ်ကိုလည်း အောက်ဖက်ပိတ်ထားသော နေရာကို ကတ်ကြေး
ဖြင့် ဖြတ်ထုတ်ပစ်၍ အိတ်ဖွင့်ပေးပါ။ ပလတ်စတစ်ပိုက်သဘောမျိုးဖြစ်သွားပါလိမ့်မည်။ ၎င်းပလတ်စတစ်အိတ်ကို ကွမ်းညွန့်၏ အပေါ်မှနေ၍ အောက်သို့
ဖြည်းဖြည်းစွပ်ချပေးပါ။ ကျန်သောအရွက်များ မကျိုးမကြေ၊ မပဲ့စေရန် ဂရုပြု
ဆောင်ရွက်ရန်လိုပါသည်။ အောက်ဆုံးနှစ်ဆစ်ကျော်အောင် ဆွဲချပေးရပါမည်။
နှစ်ဆစ်ကျော်ပြီး အောက်ဖက်ဆစ်ကြားအလယ်လောက်တွင် ပလတ်စတစ်ကြိုး
ဖြင့် ပလတ်စတစ်အိတ်ကို ပင်စည်တွင် စု၍ချည်နှောင်ကာ အိတ်ပိတ်ပေးပါ။
ပလတ်စတစ်အိတ်သည် ကွမ်းပင်ပေါ်တွင် ကတော့သဖွယ် ဖြစ်နေပါလိမ့်မယ်။

၎င်းကတော့အတွင်းသို့ စပ်မြေများကို အရွက်ဖြုတ်ထားသော အောက်ပိုင်းအဆစ်
နှစ်ဆစ်မြုပ်အောင် ထည့်ပေးရပါမည်။ မြေထည့်ပြီးပါက အမြစ်ထွက်ဟော်မုန်း၊
ဘီဝမ်းဆေးရည်တို့ကို ရေနှင့်အချိုးကျရောစပ်၍ အိတ်အတွင်းသို့ လောင်းထည့်
ပေးရပါမည်။ ထည့်ထားသည့်မြေအားလုံးစိုသွားသည်အထိ ထည့်ပေးရန်ဖြစ်ပါ
သည်။ ရေပိုရေလျှံမဖြစ်သင့်ပါ။ ရေများနေပါက ပလတ်စတစ်အိတ်ကို ဖိကြည့်
လျှင် ပျော့အိအိဖြစ်နေပါလိမ့်မည်။ ဤသို့ဖြစ်နေပါက အိတ်အောက်ခြေတွင်
ပင်စည်နှင့် ကပ်ချည်ထားသော ကြိုးလျော့ပေး၍ ရေကိုစစ်ထုတ်ပစ်ရပါမည်။
မြေအစိုဓာတ်ကို ချင့်ချိန်ရန်မှာ လက်ဝါးတွင် ရေဆွတ်ထားသော မြေလုံးကို
ဆုပ်ကြည့်ပါက မြေလုံးမပျက်ရှိနေသောအစိုဓာတ်သည် အကောင်းဆုံးဖြစ်သည်။
(ရေပါဝင်မှု ၆၀% ရာခိုင်နှုန်းသည် အသင့်တော်ဆုံးဖြစ်သည်။)

မြေအစိုဓာတ်သင့်တော်ပြီဆိုပါက ပလတ်စတစ်အိတ်အပေါ် နှုတ်ခမ်းများကို
ကွမ်းပင်စည်တွင်စု၍ ကြိုးချည်နှောင်ကာ ပိတ်ပေးထားရသည်။ အချို့သော
သူများအနေဖြင့် လိုအပ်လျှင်ရေလောင်းပေးရန် အိတ်ကိုဖွင့်ထားတတ်ကြသည်။
မြေထုပ်ထုပ်ပြီးဆိုပါက မြေထုပ်နှင့် ကွမ်းတိုင်ကိုတွဲ၍ ချည်နှောင်ပေးခြင်းဖြင့်
ငိုက်ကျခြင်း၊ လဲခြင်း မဖြစ်စေတော့ပါ။

မြေထုပ်စီးပြီး (၂)ပတ်အကြာတွင် အမြစ်များစတင်ထွက်လာပြီဖြစ်ပါသည်။
သို့ဖြစ်၍ (၄)ပတ်အကြာတွင် မြေထုပ်စီး၏ အောက်ဖက်ကွမ်းပင်စည်ကို
ဘလိတ်ဓားဖြင့် (V) ပုံစတင်လှီးဖြတ်ရပါမည်။ အရွယ်အစားမှာ
ပင်စည်လုံးပတ်၏ သုံးပုံတစ်ပုံခန့်သာဖြစ်ပါသည်။ နောက်တစ်ပတ်ကြာသည့်
အခါ ကျန်နေသောအသား၏ အခေါက်သုံးပုံတစ်ပုံဖြတ်ပေးရမည်ဖြစ်သည်။
ပင်စည်အသားအတွင်းသို့နှစ်၍ လှီးဖြတ်သည့် ပုံစံမဟုတ်ပါ။ ပင်စည်မှ အခေါက်
ကိုသာလှီးဖြတ်သည့် ပုံစံဖြစ်ပါသည်။

ထိုအချိန်တွင် အပေါ်အောက်ဆက်နေသော အခေါက်အနေဖြင့် အနည်းငယ်
သာကျန်ပါတော့သည်။ တစ်လခွဲကြာသည့်အခါမှ ပင်စည်အသားအားလုံးကို
ဖြတ်၍ မြေထုပ်စည်းမျိုးထုတ်ရရှိပြီ ဖြစ်ပါသည်။
-----------------------------------------------------
Credit










Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ရောင်စုံအလှများနဲ့ သစ္စာပန်း နှင့် စိုက်ပျိုးနည်း