ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ

ငါးအမိုင်နို အက်စစ်
Fish Amino Acid ( FAA )ပြုလုပ်ပုံ
လိုအပ်သော ပစ္စည်းများ
=================
၁ ။ ငါး မျိုးစုံ အပိုင်းအစ အရိအရွဲ = ၃၀ ပိဿာ
၂ ။ သကြားညို = ၃၀ ပိဿာ
၃ ။ ပလပ်စတစ်ပေပါခွံ = ၁ လုံး ( ကလစ်ဖုံးပါ )
ပုံမှာပြထားတဲ့အတိုင်း ငါးမျိုးစုံရဲ့ အပိုင်းအစ
ခုတ်စ တွေ နှင့် ငါးဖယ်ခြစ်ခွံစ တွေ ဈေးပွဲချိန်မှာဆိုလျှင် အလွန်သက်သာပါတယ် ။
တချို့ဈေးသည်တွေဆို ကွီးခိုင်ရဲ့ တော်ကီမှာ
စီးမျောပြီး အလကားပေးတာများပါတယ် :-)
ပုံမှာပါတဲ့ ငါးအပိုင်းအစ အားလုံး ၃၅၀၀ ကျပ်
ပဲကျပါတယ် ။ သကြားကတော့ ၄၀၀၀၀ ကျပ်ပါ ။ ပေပါခွံ ( ကလစ်ပါ ) = ၃၅၀၀၀ ကျပ်ပါ ။
အနည်းငယ်ပြုလုပ်ချင်သော ဝါသနာရှင်များ
အနေနဲ့ စဥ့်အိုး - မြေအိုး - ကော်ပုံး စသည့်တို့ကို
သုံးလို့လည်း ရပါတယ် ။ အဓိက ဒီပုံးကို အေးတဲ့
နေရာမှာထားဖို့ နဲ့ ပုံးအပြည့်မထည့်ဖို့ပါပဲ ။
ပုံးအပြည့်ထည့်လျှင် လျှံကျတတ်သောကြောင့်
ပုံးရဲ့ ၄ ပုံ ၁ ပုံခန့် လေဟာနယ် လွှတ်ထားပေးရပါတယ် ။ ငါးနှင့်သကြား ဆတူ ရောသမမွှေပြီးလျှင်တော့ လေလုံအောင်ဖုံးပြီး
တစ်ပါတ်တိတိ ပိတ်ထားရပါတယ် ။
ဒုတိယပါတ် စတဲ့နေ့မှာ အဖုံးဖွင့်ပြီး တစ်ရက်ကို
၃ ကြိမ်လောက် မွှေပေးရပါတယ် ။ တစ်လပြည့်လျှင်တော့ သုံးလို့ရပါပြီ ။
ဆေး ၁ဆ = ရေ ၁၀၀၀ ဆ ရောစပ်သုံးစွဲရပါတယ်
ဒီဆေးရဲ့ အာနိသင်တွေကိုတော့ ပြောလို့ကုန်မှာ မဟုတ်ပါဘူး ။ ပန်း ဆိုလျှင် အပင်သန် - အမြစ်သန် - အရောင်လှ - အရောင်စို - အရောင်တောက်ပ - တာရှည်ခံမယ် ။
အသီးအရွက်ဆို ရဲရဲ ဝံ့ဝံ့စားလို့ရ -အရသာ
ပိုကောင်း - ဆေးအတွက် ဘေးထွက်ဆိုးကျိုး
မရှိ ။
ကဲ ~ မိတ်ဆွေ !
မိမိကိုယ်တိုင် ငါးအမိုင်နို အက်စစ် ဖော်စပ်ပြီး
သုံးစွဲကြည့်လိုက်တော့ ။
ကိုယ်တိုင်မဖော်စပ်နိုင်လျှင်တော့ ဟယ်လိုလုပ်လိုက်ပါ ။ ဓါတုဆေးတွေလို
ရော့ - ပိုက်ဆံ
ပေး - ငါးအမိုင်နို ဆေး
" No " ပါ ။
ဆေး ဖော်စပ်ချိန်မှာ -
အချိန် တစ်လလောက် စောင့်ပြီးမှ ရတာမို့
အမြဲတမ်းတော့ မရပါဘူး ။
ဆက်သွယ်ရန် - 09-789-111-701
                        09- 4224-80-999
                     အမျိုးအားလုံးကို ခင်မင်လျှက်
                         Ko Khaing ( ကို ခိုင် )
                         သစ်ခွ ချစ်သူ ( ပုသိမ် )










Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ခရမ်းစိုက်​ပျိုးနည်း