ခန်းပြင်​​ကောက်​ရိုးမှိုစိုက်​ပျိုးခြင်းမှာ အ​တွေ့များ​တဲ့ မှိုရိုင်းများ

ခန်းပြင်​​ကောက်​ရိုးမှိုစိုက်​ပျိုးခြင်းမှာ အ​တွေ့များ​တဲ့ မှိုရိုင်းများ





ကောက်​ရိုးမှိုစိုက်​ပျိုးခြင်းမှာ ခန်းပြင်​​စိုက်​ပျိုးခြင်း Outdoor Cultivation နဲ့ ခန်းတွင်း​စိုက်​ပျိုးခြင်း Indoor Cultivation ဆိုပြီး နှစ်​မျိုးနှစ်​စားရှိပါတယ်​။

ဒီ​နေရာမှာ ခန်းတွင်း​စိုက်​ပျိုးခြင်းက အ​ဆောက်​အဦးအတွင်း စင်​​တွေဆင့်​​တွေ​ပေါ်မှာ မှိုစာ​တွေတင်​ ​ရေ​နွေး​ငွေ့နဲ့ ပိုးသန့်​ စိုက်​ပျိုးကြတဲ့အပြင်​ လိုအပ်​တဲ့ အပူချိန်​နဲ့ စိုထိုင်းဆ ကို ထိန်းညှိစိုက်​ပျိုးကြတာမို့​ရောဂါကင်း အထွက်​နှုန်း​ကောင်းခြင်း အကျိုးတရားကို ရရှိ ကြမှာဖြစ်​ပါတယ်​။

ဒါ​ပေမဲ့ဒီ ခန်းတွင်းစိုက်​ပျိုးခြင်းက နိုင်​ငံမှာ လူတိုင်း လိုက်​နာ​ဆောင်​ရွက်​နိုင်​စွမ်း မရှိပါ ဘူး။ ဒါ့​ကြောင့်​ပဲ နိုင်​ငံအနှံ့ ခန်းပြင်​စိုက်​ပျိုးခြင်း Outdoor Cultivation ကိုပဲ အားကိုး
စိုက်​ပျိုး​နေတာ ​တွေ့ရပါတယ်​။

ကောက်​ရိုးမှိုကို ခန်းပြင်​​စိုက်​ပျိုးခြင်းနည်းနဲ့ စို​က်​ပျိုး​နေသူ​တွေအတွက်​ ကြုံ​တွေ့​နေရတဲ့ အဓိက ပြဿနာက အသုံးပြုမှိုစာ​တွေကို ပိုးသန့်​ရမယ်​ဆိုတာ မသိခြင်းနဲ့ သိ​ပေမဲ့လည်း
အခက်​အခဲအမျိုးမျိုး​ကြောင့်​ မ​ဆောင်​ရွက်​နိုင်​ခြင်းပဲ ဖြစ်​ပါတယ်​။

ဒီ​နေရာမှာ ပိုးသန့်​တယ်​ဆိုတဲ့ ​ဝေါဟာရက အသုံးပြုမဲ့မှိုစာ​တွေမှာ ရှိ​နေနိုင်​/ရှိလည်းရှိ​နေ
တဲ့ မှိုရိုင်း​တွေ သူတို့ရဲ့ မျိုး​စေ့မှုန်​ Spores ​တွေကို ရှင်​လင်း​ပေးခြင်းပဲ ဖြစ်​ပါတယ်​။ ကုန်​ကျစရိတ်​အနည်းဆုံးနည်းလမ်းက​တော့ ​ရေ​နွေး​ငွေ့​ပေး ရှင်းလင်းခြင်းနည်းပဲဖြစ်​ပါတယ်​။
မှိုဆိုတာက ဒီကမ္ဘာမှာ မျိုးစိတ်​အများဆုံး ဖြစ်​ပါတယ်​။ ကမ္ဘာ့ဘယ်​​နေရာ ဘယ်​​ဒေသ
မှာဖြစ်​ဖြစ်​ မှို​တွေနဲ့ ကင်းကွာ​နေတဲ့​နေရာ မရှိပါဘူး။ ​ပေါင်​မုံ့ ကိတ်​မုံ့​တွေ မှိုတက်​တာ
တွေ့နိုင်​ပါတယ်​။ အသီအနှံ​တွေ မှိုတက်​​နေတာ မြင်​နိုင်​ပါတယ်​။ ကိတ်​​ခြောက်​​တွေ ဘီစကစ်​​တွေမှိုမတက်​ဘူးကွ လို့မ​ပြောပါနဲ့။ အစိုဓာတ်​မရှိလို့ပါ။ သူ့တို့အ​ပေါ်မှာ မှိုမျိုး
မှုန်​​တွေအများကြီးပါ။ ​အစိုဓာတ်​က​လေး နည်းနည်း​ပေးလိုက်​ပါ။ မကြာခင်​ မှိုတက်​လာပါလိမ့်​မယ်​။ ဆိုလိုတာက မှို​တွေက မှိုမျိုး​စေ့မှုန်​​တွေက ​နေရာတကာ ရှိ​နေပါတယ်​။
သူ​ပေါက်​ပွားရှင်​သန်​ဖို့ အစိုဓာတ်​က​လေး လိုပါတယ်​။ အစိုဓာတ်​ ရလာတာနဲ့ အလျင်
အမြန်​ပဲ ရှင်​သန်​ပွားများလာမှာ ဖြစ်​ပါတယ်​။

နောက်​တစ်​ခု သိထားရမှာက မှို​တွေအားလုံးဟာ အ​ဆွေးစားပင်​ Saprophytes ​တွေ​ဖြစ်​ပါတယ်​။ အ​ဆွေးစားပင်​ဆိုတာက ​ဆွေး​မြေ့တဲ့ ​ဆွေး​မြေ့နိုင်​တဲ့ အရာ​တွေ​ပေါ်မှာသာပဲ ​ပေါက်​​ရောက်​ရှင်​သန်​နိုင်​တဲ့အပင်​​တွေပါ။ အပင်​ထွက်​ပစ္စည်း​တွေမှန်​သမျှ ​ဆွေး​မြေ့ပျက်​ဆီးနိုင်​သမို့ မှို​တွေ ​ပေါက်​နိုင်​ပါတယ်​။ သက်​ရှိအ​ကောင်​​တွေ သူတို့ရဲ့ အညစ်​အကြေး
မစင်​​တွေကလည်း ​ဆွေး​မြေ့နိုင်​စာရင်းဝင်​မို့ သူတို့အ​ပေါ်မှာလည်း မှို​တွေရှိ​နေမယ်​ဆိုတာ သိထားရပါလိမ့်​မယ်​။

မှိုစိုက်​ပြီဆိုရင်​ သိထားရမှာက အဲ့အတွက်​ အသုံးပြုမဲ့ အရာအားလုံးဟာ ​ဆွေး​မြေ့ပြီး / ​ဆွေး​မြေ့နိုင်​ပစ္စည်း ​တွေချည်းဆိုတာပါပဲ။ ဒါဆို ဒီအ​ပေါ်​တွေမှာ မှိုအမျိုးနဲ့ သူတို့ရဲ့ မျိုး​စေ့မှုန်​ Spores ​တွေက ရှိ​နေနှင့်​ပြီးသားဆိုတာ သိထားရပါလိမ့်​မယ်​။ ကိုယ်​က ​ကောက်​ရိုးမှို စိုက်​မှာဖြစ်​လို့ ဒီရှိ​နေမဲ့ မှို​တွေအားလုံးဟာ ကိုယ့်​အတွက်​ မလိုလားအပ်​တဲ့ မှို​တွေ Unwanted Fungi ​တွေချည်းပါပဲ။ မှိုစိုက်​ပြီဆိုတာနဲ့ အစိုဓာတ်​က ပါလာပြီမို့ ဒီ မလိုလား
အပ်​တဲ့မှို Unwanted Fungi ​တွေထကြွရှင်​သန်​ ပွားများလာမှာက​တော့ အ​သေအခြာ ပါပဲ။

အစိုဓာတ်​ရှိပြီး နွား ကျွဲ ဝက်​ မြင်း ဆိတ်​​ချေး​တွေအားလုံးဟာ မှို​တွေအတွက်​ အဟာရ
ကြွယ်​ဝ​နေသမို့ မှိုရိုင်းအမျိုးမျိုးက ​ပေါက်​ပွားရှင်​သန်​ ပွားများ​နေပြီးသားပါ။ ဒီမှို​တွေကို
Dung Fungi လို့​ခေါ်ပါတယ်​။ အများကြီးပါ။

ခန်းပြင်​​ကောက်​ရိုးမှိုစိုက်​သူ​တွေအားလုံးဟာ မှိုစိုက်​ပြီဆိုတာနဲ့ ဒီ Dung Fungi ​တွေနဲ့
ရင်​ဆိုင်​ကြုံ​တွေ့ရမှာပါ။ ဒါ​တွေက တိရိစ္ဆာန်​အညစ်​အ​ကြေး Dung ​တွေမှာသာမက
ကောက်​ရိုး ​ပြောင်းရိုး ​ဗေဒါ စတဲ့အပင်​ထွက်​ပစ္စည်း​တွေမှာလည်း ရှိ​နေတာမို့ ခန်းပြင်
စိက်​ပျိုးကြသူ တနည်း​ပြောရရင်​ မှိုစာ​တွေကို ပိုးမသန့်​ပဲ စိုက်​ပျိုးကြသူအားလုံး ရင်​ဆိုင်​ကြုံ​တွေ့ရမှာချည်း ဖြစ်​ပါတယ်​။

ဒီအထဲကမှအများဆုံး​​တွေ့ရမဲ့ Unwanted Fungi ​/ ​ကောက်​ရိုးမှိုအတွက်​ Weed Fungi ​တွေက​တော့ ​ခွေး​ချေးမှို လို့​ခေါ်တဲ့ Inky Mushroom နဲ့ ခွက်​မှို CupFungi ​တွေပါပဲ။
ခွေး​ချေးမှိုရဲ့ Genus မျိုးစု အမည်​က Coprinus ဖြစ်​ပါတယ်​။ ဒီအထဲမှာ စားရတဲ့မှို
Edible Mushroom က​တော့ Coprinus comatus ​ပေါ့။ အခု ဒီမျိုးစိတ်​ကို စိုက်​ပျိုး
နေပြီ​လေ။ ခွက်​မှို Cup Fungi က​တော့ ခွက်​က​လေးလို​ပေါ့။ နွား​ချေး ဆိတ်​​ချေး​တွေမှာ
အများဆုံး​တွေ့ရတယ်​။ မျိုးစု Genus အမည်​က Pezza လို့​ခေါ်တယ်​။ နိုင်​ငံမှာ ​ရောက်​တဲ့​နေရာတိုင်း ဒီမှို အုပ်​စု နှစ်​ခုကို အများဆုံး​တွေ့ရပါတယ်​။ တစ်​မျိုးနဲ့တစ်​မျိုးမတူ မျိုးစိတ်​ Species ​တွေက​တော့ အမျိုးမျိုးပါ။

Outdoor Cultivation နည်းနဲ့ ​ကောက်​ရိုးမှိုစိုက်​တဲ့​နေရာမှာ အ​တွေ့ရများတယ်​ဆိုတာ က ​ရောက်​ခဲ့ ​တွေ့ခဲ့တဲ့ ​နေရာ​ပေါ် မူတည်​​ပြောရတာပါ။ ​ရောက်​တဲ့​နေရာကလည်​: များမျာားးစား မရှိလှပါဘူး။ နိုင်​ငံက ​ကောက်​ရိုးမှို စိုက်​သူများဟာ ဒီထက်​မက များပြားတဲ့
Dung Fungi ​တွေနဲ့ရင်​ဆိုင်​ကြုံ​တွေ့​နိုင်​ပါတယ်​။ ဒါ့​ကြောင့်​ အဲ့ မှိုရိုင်း​လေး​တွေကို
INT ထဲကယူပြီး တင်​ပြပါအုံးမယ်​။ ဒါ​လေး​တွေ​တွေ့​တော့ "ဟ ဒါ မသန့်​ဘူးကွ မှိုရိုင်း​တွေ
ပေါက်​​နေတာ။ မယူနဲ့" ဆို ​ရှောင်​ရှားနိုင်​တာ​ပေါ့။ တတ်​နိုင်​သူကလည်း ဒါ​တွေကို ပိုးသန့်
စိုက်​နိုင်​တာ​ပေါ့။
#crd






Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ