အောင်​မြင်​တဲ့ ​​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၅

အောင်​မြင်​တဲ့ ​​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၅

မှိုစာပုံအတွင်း အပူချိန်​ မြင့်​တက်​လာတဲ့အခါ ​ငွေ့ရည်​ဖွဲ့ပြီး အုပ်​ဆိုင်း​ပေးထားတဲ့ ပလတ်​စတစ်​အတွင်းမှာ ​ရေသီး​ရေ​ပေါက်​​တွေ၊ တနည်း​ပြောရရင်​ ​ချွေးသီး​ချွေး​ပေါက်​​တွေ သီး
နေတာကို ​တွေ့ရပါလိမ့်​မယ်​။ ဒီ​ချွေးသီး​ချွေး​ပေါက်​​တွေ မှိုလုံး​လေး​တွေ​ပေါ်ကျရင်​ မှိုလုံး​လေး​တွေ ပျက်​ဆီးသွားမှာ ဖြစ်​ပါတယ်​။ ပျက်​ဆီးရတဲ့ အ​ကြောင်းရင်းက နှစ်​ချက်​ရှိနိုင်​ပါ
တယ်​။ ပထမအချက်​က ​ချွေးသီး​ချွေး​ပေါက်​​တွေဟာ ပူ​နေပါတယ်​။ ​လေ့လာချက်​အရ
အပူချိန်​ဟာ ၄၅ က​နေ ၆၂ အထိ​တောင်​ ရှိ​နေနိုင်​ပါတယ်​။ ဒါ့​ကြောင့်​ မှိုလုံး​လေး​တွေအ​ပေါ် ဒီ​ချွေးသီး​ချွေး​ပေါက်​​တွေကျတဲ့အခါ အပူ​လောင်​ပြီး မှိုလုံ​လေး​တွေ ပျက်​ဆီးကုန်​​တော့တာ ဖြစ်​ပါတယ်​။ ဒုတိယအချက်​က မှိုစာပုံ​တွေကို ပလတ်​စတစ်​အုပ်​ဆိုင်း​ပေးထား
တယ်​မဟုတ်​လား။ မှိုပုံအတွင်း မှိုနဲ့တကွ တခြားသက်​ရှိ​တွေ Respiration လုပ်​တဲ့အခါ
ထွက်​လာတဲ့ ကာဘွန်​ဒိုင်​​အော်​ဆိုဒ်​ ဓာတ်​​ငွေ့ဟာ ပလတ်​စတစ်​အတွင်း ​ငွေ့ရည်​ဖွဲ့ စုမိ​နေတဲ့ ​ချွေးသီး​ချွေး​ပေါက်​​တွေအတွင်းမှာ ​ပျော်​ဝင်​ပြီး ကာဘွန်​နစ်​အက်​စစ်​​တွေဖြစ်​လာ၊ ဒါ​တွေက မှိုလုံးလေး​တွေ​ပေါ်ကျ၊ ဒီအခါ ထွက်​ခါစ မှိုလုံး​လေး​တွေဟာ အပူ​လောင်​ရုံမက
အက်​စစ်​ပါ​လောင်​ပြီး အဝါ​ရောင်​သန်းလ်ု့ ရိနွမ်းပျက်​ဆီးရတာ ​တွေ့မြင်​ဖူးကြမှာ ဖြစ်​ပါ
တယ်​။

ဒါ့​ကြောင့်​ ​လေညစ်​​တွေ​ပယ်​ ​လေ​ကောင်း​လေသန့်​​တွေလွယ်​​စေဖို့ အလွယ်​ကူဆုံးနည်းက အုပ်​ဆိုင်းထားတဲ့ ပလတ်​စတစ်​ကို နံနက်​​စောနဲ့ ည​နေပိုင်း ​လေငြိမ်​တဲ့အခါမျိုးမှာ လှပ်​​ပေးသင့်​ပါတယ်​။ ကြာကြာကြီးလည်း လှပ်​​ပေးစရာ မလိုအပ်​ပါဘူး။ အဖျားစွန်း နှစ်​ဖက်
ကို တစ်​​ယောက်​စီကိုင်​ပြီး အ​ပေါ်​အောက်​ လှန်​​ပေးလိုက်​ရင်​ ရပါပြီ။ ဒါ​ပေမဲ့ ဒီနည်းက
အများစိုက်​ထားသူ​တွေအတွက်​ လက်​ဝင်​လှပါတယ်​။ အ​ကောင်းဆုံး အသက်​သာဆုံး
နည်းက​တော့ ၄ လက်​မ ပိုက်​ကြမ်း​လေး​တွေကို တစ်​​ပေ တစ်​​ပေခွဲအရွယ်​ဖြတ်​၊ အုပ်​ဆိုင်း​ပေးထားတဲ့ ပလတ်​စတစ်​ အတွင်းအပြင်​ /မှိုပုံ အတွင်းအပြင်​ကို ရှိုထား​ပေးရင်​ အချိန်
သက်​သာ  လုပ်​အားသက်​သာရုံမက မိမိမှိုပုံ​တွေ ​လေဝင်​​လေထွက်​​ကောင်းပြီး မလိုတဲ့
လေညစ်​​တွေပယ်​ လိုတဲ့​လေသစ်​​တွေ ကြွယ်​​စေမှာ ဖြစ်​ပါတယ်​။ ဒီ​နေရာမှာ ဝါးလုံးဖြတ်
ပိုင်း​လေး​တွေနဲ့လည်း လုပ်​ရင်​ရ​ပေမဲ့ အဲ့ဝါးလုံးဟာ အမြဲစို​နေမှာ ဖြစ်​တဲ့အတွက်​ မှိုရိုင်း
တွေကျလာနိုင်​ပါတယ်​။

မှိုပုံ​တွေကို ပလတ်​စတစ်​အုပ်​တဲ့အခါ လှည်း​ပေါင်းမိုးပုံစံအုပ်​ခြင်းနဲ့ အိမ်​​ခေါင်​မိုးပုံစံ အုပ်
ခြင်းဆိုပြီး နှစ်​မျိုးရှိတဲ့အနက်​ အိမ်​​ခေါင်​မိုးပုံစံ အုပ်​ခြင်းက ပိုသင့်​​လျော်​ပါတယ်​။ ပူ​နေတဲ့ ​ချွေးသီ​ချွေး​ပေါက်​​တွေ မှိုပုံ​ပေါ်ကိုမကျပဲ ၄၅ံ ဝန်းကျင်​ ​စောင်း​နေတဲ့ ပလတ်​စတစ်​စတ​လျောက်​ စီးဆင်းသွားပြီး မှိုပုံ​ဘေးကိုကျသွားလို့ပဲ ဖြစ်​ပါတယ်​။

ဟိုးအရင့်​အရင်​ အခါ​တွေက​တော့ မှိုပုံ​တွေကို တန်းမခံပဲ ပလတ်​စတစ်​စနဲ့ တိုက်​ရိုက်​အုပ်​ခဲ့ကြတာပါ။ အဲ့လိုအုပ်​တဲ့အခါ မှိုပုံ​တွေရဲ့ အ​ပေါ်မျက်​နှာပြင်​က ထွက်​လာတဲ့ မှိုလုံး​တွေဟာ ပလတ်​စတစ်​စနဲ့ထိ ၊ ချွေးသီး​ချွေး​ပေါက်​​တွေနဲ့ ငြိပြီး ယိနွမ်းပျက်​ဆီးသွားတာမို့ ​နောက်​ပိုင်းမှာ တန်းခံအုပ်​ဆိုင်း​ပေးလာတာပါ။

ပြောစရာ တစ်​ခု ရှိ​သေးတာက ဟိုးအရင်​က မှိုပုံ​တွေဟာ အဓိက ​ကောက်​ရိုးနဲ့သာ စိုက်​ခဲ့ကြပြီး အ​စောပိုင်းမှာ ၃ ​ပေပတ်​လည်​ အမြင့်​၂ ​ပေ ရှိတဲ့ စတုရန်းပုံကြီး​တွေပါ။ တချို့က လည်း စတုဂံပုံ​ပေါ့။ စတုဂံပုံစိုက်​ ပလတ်​စတစ်​စအုပ်​ထား​တော့ ညအခါလသာသာမှာ
ထုံးဖြူဖြူအုပ်​ဂူ​လေး​တွေနဲ့တူသမို့ လူကြီးသူမ​တွေရဲ့ အ​ပြောအဆိုလွတ်​​အောင်​ စတုရန်း
ပုံ​တွေ အစိုက်​များလာကြပါတယ်​။ ​ဒါကလည်း စတုရန်းပုံစိုက်​ခြင်းက မျက်​နှာပြင်​ ​ဧရိယာ
ပိုများလာ​စေတဲ့အတွက်​ မှိုထွက်​နှုန်းလည်း များလာ​စေလို့ပါ။ (အလျား ၆ ​ပေ အနံ ၂ ​ပေ
စတုဂံပုံစံ စိုက်​ရင်​ မှိုထွက်​ လာမှာကအလျား ၆ ​ပေ နှစ်​ဖက်​၊ အနံ ၄ ​ပေ နှစ်​ဖက်​ ​ပေါင်း ၁၆ ​ပေရှိပါတယ်​။ အလျား ၆ ​ပေ ကို ၂ ​ပေစီဖြတ်​စိုက်​ရင်​ ၂ ​ပေပတ်​လည်​ စတုရန်းပုံ
သုံးပုံ ရလာပါလိမ့်​မယ်​။ ဒါဆို မှိုထွက်​ မျက်​နှာပြင်​ ​လေးခု /၂ ​ပေ ​လေးခု တိုးလာမှာပါ။ တနည်းအားဖြင့်​ မှိုထွက်​အလျား ၂၄ ​ပေ ရလာမှာ ဖြစ်​ပါတယ်​။

ခု​တော့ ပျိုး​ဘောင်​ပုံ​စံ​တွေ အများစိုက်​လာကြပါတယ်​။ ​မြေမှာ ချစိုက်​တဲ့ ပျိုး​ဘောင်​ပုံစံအတွက်​က အ​ပေါ်မျာက်​နှာပြင်​ တစ်​ခုထဲကသာ မှိုထွက်​မှာ ဖြစ်​​ပေမဲ့ နည်းပညာ
တိုးတက်​မှု့​တွေကို ရှာ​ဖွေကြတဲ့ လူငယ်​​တွေက Indoor Cultivation ရဲ့  စင်​ပုံစံ​လေး
တွေကို အတုယူလာကြသမို့ အ​ပေါ်မျက်​နှာပြင်​ကသာမက ​အောက်​မျက်​နှာပြင်​ကပါ
မှိုထွက်​လာတဲ့ အကျိုးတရားကို ရရှိ​နေကြပါပြီ။

ဟိုးအရင်​ ကျွန်​​တော်​တို့ငယ်​စဉ်​က ​ကောက်​ရိုးမှိုကို​ကောက်​ရိုးနဲ့သာ စိုက်​ခဲ့ကြတာပါ။
ရိုက်​ထုံး​ကောက်​ရိုး ရိုးပြတ်​​ကောက်​ရိုး ​ကောက်​ရိုးနဲ့သာ စိုက်​ခဲ့ကြတာပါ။ ခုခါမ​တော့
လေ့လာဆန်းသစ်​သူ ကြိုးစားနိုးကြားသူ လူငယ်​များရဲ့ ​ကျေးဇူး​ကြောင့်​ မှိုစိုက်​သူ အများ စုဟာ ​ဗေဒါ ဂျပ်​စက္ကူ​ စတာ​တွေနဲ့ အစိုက်​များလာပါတယ်​။ တချို့များဆို ​ငှက်​​ပျော ရှင်​​မွေးလွန်း ဆီအုန်းဖတ်​ ဝါ​လေ​တွေနဲ့လည်း စိုက်​လာ ​အောင်​မြင်​​လာကြတာဟာဖြင့်​ ချီးကျူးဂုဏ်​ယူစရာပါပဲ။ ဒါ​ပေမဲ့ ကောက်​ရိုးမှိုကို ​ကောက်​ရိုးနဲ့ စိုက်​ရမှန်း​တောင်​ မသိ
(ဆရာကြီးခင်​ဗျား ​ကောက်​ရိုးမှိုကို ​ကောက်​ရိုးနဲ့ စိုက်​လို့ရပါသလားခင်​ဗျား) လို့​ ​မေးလာ တာကတော့ရယ်​ရခက်​  ​ငိုရခက်​ ပြောစရာအခက်​ကြီး တစ်​ခုပါပဲ။


#crd



Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ