"သစ်ပင်များကိုင်းဆက်ရာတွင် လူအများ မသိသေးသောအချက်"
"သစ်ပင်များကိုင်းဆက်ရာတွင် လူအများ
မသိသေးသောအချက်"
သစ်ပင်များ မျိုးပွားနည်းစာအုပ်များ အား မိမိနှင့် လက်လှမ်းမှီသလောက် ဖတ်ရှု လေ့လာ နေသကဲ့သို့ ရောက်လေရာ နေရာတိုင်းတွင် အလျင်းသင့်သလို
သစ်ပင် ကိုင်းကူးဆက်ခြင်း မျိုးပွားခြင်း လုပ်ငန်းလုပ်ဆောင်နေသော ပညာရှင်များထံတွင် သင်ယူလေ့လာဆဲ မေးမြန်း ဆွေးနွေးနေဆဲပင်
မိမိဖတ်ရှု လေ့လာမိသော စာအုပ်စာတမ်းများ ရုပ်သံမှတ်တမ်းများတွင် ရှေးနှစ်ပေါင်းများစွာက ရေးသား ထုတ်ဝေခဲ့သော်လည်း နည်းစနစ်ရှုထောင့် အရကြည့်ပါက ယခုထက်တိုင်ခေတ်မှီနေဆဲ စာအုပ်စာတမ်းများ ရှိသကဲ့သို့ ယခုခေတ်မှ ရေးသားပြီး update မဖြစ်သော စာအုပ်စာတမ်းများ ယုတ္တိမရှိ မမှန်ကန်သော နည်းစနစ် စာအုပ်စာတမ်းများ ရုပ်သံမှတ်တမ်းများ ရှိနေဆဲပင်
ထိုကဲ့သို့သော ရုပ်သံမှတ်တမ်းများမှာ facebook group များတွင် တင်လာ ကြသည်ကို အများဆုံး တွေ့နေကြရပါသည်
စိုက်ပျိုးရေးဗဟုသုတ အခြေခံရှိသူ တွေးတော ဆင်ခြင်မှုဖြင့် လေ့လာ သူတို့အနေဖြင့် ပြဿနာမရှိ သော်လည်း
ဘာမှမသိဘဲ ယခုအချိန်မှ စိုက်ပျိုးရေးလောက အတွင်းဝင်လာသူ အင်တာနက် ကျွမ်းကျင်သူတို့
ကျတော့ ထိုရုပ်သံမှတ်တမ်းများသည် အမှန်ဟု ပြောဆို ငြင်းခုံလာသောအခါ တင်ပြလာသောအခါ အခက်တွေ့ပါလေရော
ဒါတွေက ပြန်လည်သုံးသပ် ဆင်ခြင်စရာတွေပါ
မိမိ ယခုတင်ပြမည့်အကြောင်းအရာသည်
၁၉၆၇ခုနှစ် ဇန်နဝါရီလ၂၁ရက် နေ့တွင် ဦးအောင်သိန်း ရေးသား ထုတ်ဝေခဲ့သော ဥယျာဉ်စိုက်ပျိုးခြင်း စာအုပ်မှဖြစ်ပြီး ခေတ်သစ် ကိုင်းကူးဆက်နည်း စာအုပ်များတွင် မတွေ့ရသော အဓိကအချက် ဖြစ်သည့်သစ်ပင်၏ တည်ဆောက်ပုံအား ရေးသား ထားခြင်းပါ
သစ်ပင်များ ကိုင်းကူးဆက်ခြင်းသည်
မျက်မြင်အားဖြင့် လွယ်ကူသည်ဟု ထင်ကြပေလိမ့်မည်
သို့သော်
ထင်သလောက် မလွယ်ကူခြေ
သစ်ပင်ကိုင်းကူး ဆက်ရန် အတွက် အရေးကြီး လိုအပ်ချက်ဖြစ်သော သစ်ရည်တက်ချိန်နှင့် ကိုင်းဆက်ခြင်း အဖူးမြုတ်ခြင်း ပြုရာတွင် အဓိကဖြစ်သော ကင်ဘီယမ်(Cambium)အရစ်ခြင်း ထိစပ် ရမည်ကို မေ့လျော့ခြင်း မသိကြခြင်းတို့ ကြောင့် ကိုင်းကူး ဆက်ရာတွင် အောင်မြင်မှု နည်းပါးနေသည်ကို ကြုံတွေ့နေကြရပါတယ်
ဆရာဦးအောင်သိန်း၏ စာအုပ်တွင် ရေးသားထားမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
(ကိုင်းဆက်ခြင်း၏ သဘောကို နားလည်ရန် သစ်ပင်၏ အင်္ဂါအစိတ်အပိုင်းများနှင့် ၎င်းတို့ တည်နေပုံ ၎င်းတို့၏ ဝတ္တရားများကို သိရှိထားရန် လိုပေသည်
အဖူးမြုတ်သည် ဖြစ်စေ ကိုင်းဆက်သည် ဖြစ်စေ
ကင်ဘီယန် အရစ်ချင်း ထိတွေ့ပေါင်းစပ်မှသာ
အောင်မြင်လေသည်
သစ်ပင်တိုင်းတွင် ကင်ဘီယမ်အရစ် ရှိသည်
၎င်းအရစ်သည် သစ်ပင်များကြီးထွားရန်အား
ပေးသော အရစ်ဖြစ်သည် တနည်းအားဖြင့် ဆိုရသော်
သစ်ပင်များကြီးထွား လာသည်မှာလည်း အရစ်များ ကြီးထွားလာခြင်း ကြောင့်ဖြစ်သည်
ပုံတွင် မြင်ရသည့်အတိုင်း ကင်ဘီယမ်အရစ် သည် အခေါက်၏ အောက်နားတွင် ရှိသည်
ကိုင်းချင်းဆက်သည့် အခါ၌ဖြစ်စေ
အဖူးမြုတ်သည့် အခါ၌ဖြစ်စေ
အပေါ်မှဆက်မည့်အကိုင်း သို့မဟုတ် အဖူး၏ ကင်ဘီယန်အရစ်နှင့် အောက်ခံပင်၏ ကင်ဘီယန် အရစ်တို့ သည်တစ်ခုနှင့် တစ်ခုထိတွေ့ မှသာ ဆက်စပ်၍သွားသည်
ကိုင်းခြင်းဆက်သည် ဖြစ်စေ အဖူးမြုတ်၍ မျိုးကူးသည်ဖြစ်စေ သစ်ပင်အချင်းချင်း မျိုးတူရမည် မျိုးမတူသော အပင်ချင်းကူး၍မရချေ
မျိုးတူသည်ဆိုရာ၌
သစ်ပင်များကို ရုက္ခဗေဒ အလိုအားဖြင့် အုပ်စုလိုက် ခွဲခြားထားသည်တွင် တစ်အုပ်စုအတွင်းပါဝင်သော သစ်ပင်တို့သည် မျိုးတူသည်ဟု ဆိုလိုသည်
အမျိုးတူချင်းကူး၍ ရသည်ဆိုရာ၌
ရှောက်ပင်နှင်လိမ္မော် တမျိုးနှင့်တမျိုး ကိုင်းဆက်ရ၍ လိမ္မော်နှင့်သရက်တို့သည် အုပ်စုတခု
တည်းတွင် မပါဝင် အမျိုးမတူသောကြောင့် ကိုင်းဆက်၍ မရဟု ဆိုလိုပေသည်
အမျိုးချင်း တော်စပ်သော်လည်း တခါတရံ ကူးဆက်၍ မရသည်လည်းရှိသည်)
လို့ ရေးသားထားပါတယ်
မိမိလေ့လာတွေ့ရှိသမျအား ပြန်လည်မျဝေခြင်း ဖြစ်ပါတယ်
Credit: original uploader
ဗဟုသုတကျေးရွာ
...

vmware fusion download free crack
ReplyDelete