ကွမ်းသီးပင် စနစ်တကျပျိုးထောင်နည်း

ကွမ်းသီးပင် စနစ်တကျပျိုးထောင်နည်း ”
*******************************************
- မျိုးစေ့အညှောင့်ဖောက်ရန် အရိပ်ကောင်းရပြီး စိုစွတ်သောနေရာဖြစ်ရမည်။
- ၂ ပေခွဲ ၁၄ ပေ ပျိုးခင်းကွက် နှစ်ကွက်ပြုလုပ်ရပါမည်။ တစ်ကွက်နှင့် တစ်ကွက်
  အကွာအဝေးသည်(၃)ပေခြားပြီး မြေကို(၂)လက်မတူးပါ။ ထွက်လာသောမြေကို
  ဘေးဘောင်တွင် ပြန်ပုံပေးပါ။
- ထပ်မံပြီး မြေ(၂)လက်မအနက်ထပ်ပေါက်ပါ။ မြေသားများအား ထုတ်ယူခြင်း
  မပြုလုပ်ပဲ မြေဆွသည့် သဘောဖြစ်ပါသည်။
- ၎င်းမြေနှင့် သဲ(၂)ဆ၊ စက်ဖွဲပြာ(၁)ဆ ရောစပ်ပြီး ပျိုးကျင်းအတွင်း
  ကျင်းနှုတ်ခမ်းနှင့် လက်မဝက်ကွာသည်အထိ ဖြည့်ပေးပါ။
- ဘော်ဒိုဆေးရည် (၅း၅း၅၀) ရွှဲရွှဲပက်ဖျန်းပြီး မြေသိပ်ပေးပါ။
- ရေစစ်ပြီး မြေသိပ်သွားသောအခါ (၃)လက်မခြားစိုက်ကြောင်းများလုပ်ပါ။
- စိုက်ကြောင်းအကျယ်(၂)လက်မ၊ အနက်(၁)လက်မခွဲ ရှိရမည်။

စိုက်မည့် ကွမ်းသီးမျိုးကို ပြင်ဆင်ခြင်း
----------------------------------------
- ပျိုးခင်းပြင်ဆင်နေစဉ်အတွင်း မျိုးကွမ်းသီးကိုလည်း ပြင်ဆင်ရပေမည်။
- မှည့်သောကွမ်းသီးကို (၁၀)ရက်ခန့် လေသလပ်ခံပါ။ (အညှောင့်ထွက်စော၏)
- ပျိုးခါနီး(၂)ပတ်အလိုတွင် မှည့်သောအခိုင်မှ မျိုးသီးများကို ချွေယူပြီး အရိပ်
  အောက်တွင် ဖြန့်ကျဲပြီး ခပ်ထပ်ထပ်အနေအထားရောက်အောင် လုပ်ရမည်။
- ထို့နောက်ကွမ်းသီးများကို ဓားဦးချွန်ဖြင့်(၆)ချက်ခန့်ပေါက်ကာ အချိုးကျ
  ဖျော်စပ်ထားသော နှိုးဆွစေသော ဟော်မုန်းရည်၊ အမြစ်ထွက် ဟော်မုန်းရည်
  တို့တွင် (၅)မိနစ်ခန့်စိမ်ပြီး ပျိုးခင်းအတွင်းရှိ စိုက်ကြောင်းအတွင်း
  ကွမ်းသီးတစ်လုံးနှင့် တစ်လုံး လက်မဝက်စီတန်းခြားပြီး ချပေးပါ။
- နှစ်ပေခွဲပျိုးဘောင်တွင် ကွမ်းသီး (၁၀-၁၂)လုံးဝင်ဆန့်နိုင်ပြီး မြေမြှုပ်ရာတွင်
  သုံးပုံနှစ်ပုံသာ မြှုပ်ရမည်။
- ကွမ်းသီးအညှာအား ဘေးတိုက်ထားမြှုပ်ပေးပါ။ ရေရွှဲရွှဲလောင်းပေးပါ။
  စင်းထားသောကောက်ရိုး ပါးပါးအုပ်ပါ။
- ပျိုးခင်းကို နေ့စဉ်(၂)ကြိမ်ရေလောင်းပါ။
  (၁-၂)လကြာလျှင် အညှောင့်ပေါက်လာမည်။
- အညှောင့်ထွက်လာလျှင် ဘော်ဒိုဆေးရည် (၂း ၂း ၅၀)ကိုပက်ဖျန်းပါ။
  မန်ကိုဇက်(Mancozeb)ဆေးကိုလည်း အချိုးကျကျပက်ဖျန်းနိုင်ပါသည်။
  မှိုသတ်ဆေးသဘောမျိုးဖြစ်သဖြင့် အညှောင့်လေးများ ဖွံ့ဖြိုးသန်မာစေသည်။

ပျိုးအိတ်ပြင်ဆင်ခြင်း
-----------------------
- (၅ x ၇)လက်မအရွယ် ပလတ်စတစ်အိတ်အနက်
- စပ်မြေ ။  ။ သဲမြေ (၂)တင်း၊ စက်ဖွဲပြာ (၂)တင်း၊ နှုန်းမြေ/အပေါ်ယံမြေသား
  (၂)တင်း၊ နွားချေးဆွေးမှုန့် (၁)တင်းခွဲ၊ ကျောက်မှုန့်(၄)ဗူး၊ တီစူပါ(၂)ဗူး၊
  ကွန်ပေါင်း(ဗူးဝက်) (နို့ဆီဗူးများဖြစ်ပါသည်)
- ပျိုးအိတ်များကို (၅)အိတ်လောက်စီထပ်ပြီး အောက်ခြေနားတွင် (၂)ပေါက်၊
  သုံးချိုးနှစ်ချိုးအနားတွင် (၂)ပေါက်ဖောက်ပါ။
- ပျိုးအိတ်အတွင်းသို့ စပ်မြေလေးပုံသုံးပုံထိ ထည့်ပါ။
- အနည်းလိုဓာတ်များပါသော အာဟာရမှုန့်ကို ရေဖြင့်ရောစပ်ပြီး အိတ်နှုတ်ခမ်း
  ရောက်သည်အထိ ထည့်ပါ။
- ၎င်းဆေးမှုန့်(၆၀၀)ဂရမ်ကို ရေ(၄)ဂါလံနှင့် ရောစပ်ပြီး ဇလုံတစ်ခုအတွင်း
  ထည့်ပြီး ၎င်းဇလုံအတွင်းသို့ ပျိုးအိတ်များအား အပေါက်ဖောက်ထားရာ
  နေရာများမြှုပ်ရုံ ထည့်ပေးခြင်းသည် ပိုမိုကောင်းမွန်ပါမည်။ (မိနစ်ဝက်ခန့် မြှုပ်ပါ)
- ထို့နောက် အညှောင့်များအား အပေါ်သို့ထောင်ပြီးထည့်ပါ။
  အညှောင့်မကျိုးစေရန် ဂရုပြုပါ။ အညှောင့်အရွယ်အစားတူသော
  ပျိုးအိတ်များကို အုပ်စုခွဲထားပါ။
  လိုအပ်လျှင် ပြုစုပေးနိုင်ရန်ဖြစ်ပါသည်။
- ကွမ်းသီး သုံးပုံနှစ်ပုံသာမြှုပ်ပြီး ပျိုးအိတ်များအတွင်းသို့ စပ်မြေများနှင့်
  အမြစ်ထွက်ဟော်မုန်းနှင့် ဘီဝမ်းကဲ့သို့ ရောစပ်ပြီး ထည့်ပေးလျှင် ရပါသည်။
- (၄)လကြာ ရွက်ပြားလေးများထွက်လာလျှင် တစ်တန်းခြားဖယ်ထုတ်
  ပျိုးခင်းပြောင်းပါ။ ရေလောင်းရာတွင် ပျိုးအိတ်ထဲဝင်ရောက်စေရန်နှင့်
  ကွမ်းသီးပင်များ လွတ်လပ်စွာရှိနေရန်ဖြစ်သည်။
- (၆ - ၈)လသားအရွယ်တွင် စိုက်ရန်အသင့်ဖြစ်ပါပြီ။

...

Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ