အောင်​မြင်​တဲ့ ​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၇

အောင်​မြင်​တဲ့ ​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၇

ဒီစာတမ်းတင်​​ပေး​နေတဲ့အချိန် ​ဖေ​ဖော်​ဝါရီလ ​နှောင်းပိုင်းက အ​အေး​လျော့ အပူချိန်
တက်​လာတဲ့ ​နွေဦးအကြို ပါ။ မနက်​အ​စောပို​င်း​လေး ​အေး​ပေမဲ့ ​နေ့ပိုင်းဆို ပူလာပါပြီ။
မ​နေ့ကဆို ​နေ့ပိုင်းအပူချိန်​ဟာ ၃၅ အထိ တက်​လာတာ ​တွေ့ရပါတယ်​။ March, April
ရောက်​ရင်​ဖြင့်​ အဲဒီအထက်​ အပူချိန်​ ၄၀ အထိ တက်​လာပါလိမ့်​မယ်​။ အပူဆုံးလဖြစ်​ တဲ့ May လ​ရောက်​ရင်​​တော့ ၄၀ အထက်​မှာပဲ ရှိနေ​တော့မှာပါ။ ဒီလ​တွေဟာ ​လေထုထဲမှာ စိုထိုင်းဆကလည်း သိပ်​နည်းပါတယ်​။

နွေရာသီမှာ ​ကောက်​ရိုးမှိုအတွက်​ အပူချိန်​ကမြင့်​ စိုထိုင်းဆကနည်း ​နေတာ ​ခေါင်းထဲ
ထည့်​ထားရပါလိမ့်​မယ်​။

နိုင်​ငံမှာက ​ကောက်​ရိုးမှိုကို Outdoor စိုက်​ကြတာမို့ ဘယ်​​လောက်​ပူပူ ပလတ်​စတစ်​က
အုပ်​ဆိုင်း​ပေးရမှာဖြစ်​ပါတယ်​။ အပူချိန်​ဟာ ဖလ်​လုံအိမ်​သ​ဘော သက်​​ရောက်​လာတာမို့ ပိုလို့ မြင့်​တက်​လာမှာ ဖြစ်​ပါတယ်​။  ဒီကြားထဲ နွား​ချေးမြင်း​ချေး​ကြက်​​ချေး​တွေက ထည့်​စိုက်​ကြအုံးမှာဖြစ်​တာ​မို့ သူတို့​ကြောင့်​ ထွက်​လာမဲ့ အပူက မီး​လောင်​ရာ​လေပင့်​ (ပြင်​ပ အပူချိန်​) ထက်​ကို ပိုမြင့်​လာ​တော့မှာ ဖြစ်​ပါတယ်​။

မြင်း​ချေး နွး​ချေး​ ကြက်​​ချေးတွေထည့်​စိုက်​ရင်​ မှိုပိုထွက်​ မှိုလုံးအရွယ်​အစား​တွေလည်း ပိုမိုထွားလာမှာ ​သေချာပါတယ်​။ ဒါ​ပေမဲ့ ​စံနစ်​မရှိ ဖြစ်​သလိုပုံထားတဲ့ ​နေရာ​တွေက​နေ
ရယူလာတဲ့ မြင်း-နွား-ကြက်​​ချေး​တွေမို့ ရာခိုင်​နှုန်းပြည့်​နီးပါး Dung Fungi ​တွေ Slime
Mould ​တွေ ပါလာမှာ ဖြစ်​ပါတယ်​။ ပိုးသန့်​တာလည်းမရှိ /မသိကြ​တော့ မှိုပုံ​တွေထဲ
ပြီးစလွယ်​ ထည့်​သုံး​နေကြတာပါ။ ဒီ​တော့ မလိုလားအပ်​တဲ့ Weed Fungi ​တွေ ပေါက်
လာမှာက​တော့ အ​သေအချာပါပဲ။ အနည်းအများသာ ကွာပါလိမ့်​မယ်​။

သူများနိုင်​ငံ​တွေမှာက ဘယ်​မှိုစိုက်​စိုက်​ လိုအပ်​တဲ့ မှိုစာ​တွေကို စံနစ်​တကျရယူ စံနစ်​ တကျသို​လှောင်​ စံနစ်​တကျပိုးသန့်​ကြတာပါ။ ဒါ​တွေ ဒီမှာ လုပ်​ဖို့က မှိုစိုက်​သူအများ စုအတွက်​ အသိပညာနဲ့ ​ငွေ​ကြေးအင်​အားနည်းလှပါတယ်​။ ​ဒီကြားထဲက​နေ နိုးကြား ကြိုးစားတဲ့ လူငယ်​တချို့ ရဲ့ ​ကျေးဇူး​ကြောင့်​ သူတို့ရဲ့ ​မေတ္တာ​စေတနာ​တွေနဲ့ နည်းပညာ​တွေ မျှ​ဝေ​ပေးမှု့ကြောင့်​ တိုးတက်​မှု့​တွေက​တော့ ရှိလာ​နေပါပြီ။ ဒါ​တွေကို အရယူတတ်​ရပါမယ်​။

ဗိုလ်​ချုပ်​​ပြောသလို ​ခြေတစ်​လှမ်းချင်း လှမ်း​နေလို့​တော့မရပါဘူး။ သူများတစ်​လှမ်းလှမ်း ရင်​ ​လေးငါးဆယ်​လှမ်း လှမ်းရပါလိမ့်​မယ်​။ ဒီလိုလှမ်းနိုင်​ဖို့က မိမိတို့ကိုယ်​တိုင်​က စာဖတ်​ကြဖို့ပါ။ လူငယ်​​တွေ စာဖတ်​အားနည်းပါတယ်​။ စိတ်​တိုရမလား ​ပြောရရင်​ ​ရေးသူက စာထဲမှာ ​ရေး​ပေးထားပါလျှက်​ ပြန်​ပြန်​​မေး​နေတာမျိုး​တွေ အမြဲ​တွေ့ရပါတယ်​။ စာကို အ​ပေါ်ယံ​ကြော မျက်​​စေ့နဲ့ ဖတ်​သွားတာပါ။ နှလုံးသားထဲက ဦး​နှောက်​နဲ့ မဖတ်​ကြပါဘူး။ဝေဘန်​ပိုင်းခြားသုံးသပ်​တတ်​မှု့ပိုင်းမှာလည်း အားနည်း ကြပါတယ်​။ ​ပြောသမျှ ယုံတတ်
ကြတာဟာလည်း မ​ကောင်းပါဘူး။


#crd

Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ