အာဆီယံသ​ပြေစိုက်​နည်း
"အာဆီယံသ​ပြေစိုက်​နည်း"
အာဆီယံသ​ပြေစိုက်​ပျိုးနည်းနဲ့သ​ပြေအရွက်​​တွေနီရဲ​နေ​အောင်​ဘာ​ဆေးသုံးရမလဲ​မေးကြတဲ့​မောင်​နှမများအတွက်​ပါ။အကြံညဏ်​​ပေးချင်​တဲ့မိတ်​​ဆွေများလည်းဖိတ်​​ခေါ်ပါတယ်​။
  အာဆီယံသ​ပြေကဆိုဒ်​စုံ ​ဈေးစုံရှိပါတယ်​။ပျိုးအိတ်​ထဲကအပင်​က​တော့​ဈေးအသက်​သာဆုံးပါ။ဒါ​ပေမဲ့ပျိုးသက်​နု​သေးတဲ့အတွက်​​သေချာဂရုစိုက်​​ပေးရပါတယ်​။ဝယ်​သူဆီက​ရောက်​လာရင်​​နေပူတန်းမချပဲအရိပ်​ထဲမှာပဲ​ရက်​အနည်းငယ်​ထား​ပေးရပါတယ်​။
 အိတ်​မဲဆိုဒ်​က​တော့စိတ်​ချရပါတယ်​။သက်​တမ်းရင့်​ပြီဖြစ်​တဲ့အတွက်​အ​သေအ​ပျောက်​အလွန်​နဲပါတယ်​။
 စိုက်​မယ်​ဆိုင်​ အရင်​ဆုံး သဘာဝ​မြေသြဇာ​တွေနဲ့​မြေပြင်​ထားလို့ရပါတယ်​။ ပင်​ခြား ၃​ပေမှ၎​ပေ တန်းခြား၅​ပေဆိုရပါတယ်​။ရေဝပ်​​မြေဆိုရင်​​တော့​ဘောင်​ကိုမြှင့်​ထားရပါမယ်​။
  ည​နေပိုင်းမှာ ပျိုးအိတ်​​တွေချစိုက်​လို့ရပါပြီ။ တစ်​ချို့ကလည်း ​မြေသြဇာတန်း​ကျွေးသလို တစ်​ချို့အယူအဆက​တော့ပျိုးအိတ်​​မြေနဲ့ ချစိုက်​တဲ့​မြေဟာတစ်​လ​လောက်​မှ ​ပေါင်းစပ်​မိလို့အဲအချိန်​မှ​မြေဆီသြဇာဂရုတစ်ုက်​​ကျွေးကျပါတယ်​။ ကိုယ်​အားသန်​သလိုပြုစု​ပေးပါ။
  ပန်းကိုက်​များတဲ့စိုက်​ခင်းဆိုတစ်​လ၃. ၄ကြိမ်​၊ပန်းမကိုက်​ရ​သေးရင်​၂ကြိမ်​​လောက်​ဆိုလုံ​လောက်​ပါမယ်​။
 အာဆီက​ရေကြိုက်​တဲ့အွက်​​ရေသွင်း​တော့မပျင်းပါနဲ့ ​နွေရာသီမှာအပင်​​ခြေအစိုဓာတ်​အမြဲရှိ​နေဖို့ ​ပေါင်းမြက်​​တွေရှင်းပြီးရင်​မီးမရှို့ပဲအပင်​​ခြေရင်းမှာစုပုံထား​ပေ။ အပင်​​ခြေရင်း​မြေမကျပ်​​အောင်​လည်း​မြေဖွ​ပေးဖို့မ​မေ့ပါနဲ့။အခုအ​ပေါ်မှာ ပြထားတဲ့အပင်​​သေးကပျိုးထုပ်​​သေး၃၅၀တန်​နဲ့အိတ်​မဲ၆၅၀ ပါ။အိတ်​မဲက​တော့ပျိုးသက်​ရင့်​ပါတယ်​။အပင်​​ရေ​ထောင်​ချီမှာတဲ့သူက​တော့ ပျိုးအိတ်​​သေးက​ဈေးချိုလို့အ​သေးပဲမှာတာပါ။တစ်​နှစ်​​လောက်​ဆိုရင်​​တော့ တစ်​ဧကကိုတစ်​လ ၃ ၄သိန်းမကတဲ့ဝင်​​ငွေနဲ့မိသားစုတစ်​စုအတွက်​ရပ်​တည်​နိုင်​ပါတယ်​။တစ်​ဧကက်ုအပင်​​ရေတစ်​​ထောင်​​လောက်​​တော့ဝင်​ဆံမယ်​ထင်​ပါတယ်​။လိုတာရှိရင်​လည်းဖြည့်​စွက်​​ပေးကြပါ။
#Credit Saw Mya Min
ယခု application ​လေး၌ မိမိတို့၏လုပ်​ငန်း​ကြေငြာများ...အ​ရောင်း​ကြေညာများထည့်​သွင်းလို့ပါက 09797612917သို့ဆက်​သွယ်​နိုင်​ပါသည်​။
Comments
Popular posts from this blog
ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း
စိုက်​ပျိုး​ရေးvideosများ update(27.8.2017)
ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ