လျှော်ဖြူစိုက်ပျိုးမည့်တောင်သူဦးကြီးများကြီးပွါးတိုးတက်စေဖို့စနစ်တကျလျှော်ဖြူပင်စိုက်ပျိုးနည်း

=========================
> လျှော်ဖြူပင်ရဲ့ရုက္ခဗေဒအမည်ဟာ( Streculia Species )မြန်မာအခေါ်ဆေးကုလားမ(သို့)လျှော်ဖြူပင်ဟူ၍ခေါ်ကြပါသည်
ပေါက်ရောက်ရာဒေသတွေကတော့အပူပိုင်းဒေသတွေမှာအများအားဖြင့်ပေါက်ရောက်ဖြစ်ထွန်းကြသည်မြန်မာနိုင်ငံမှာတော့မန္တလေးတိုင်းဒေသကြီး,စစ်ကိုင်းတိုင်းဒေသကြီး,မကွေးတိုင်းဒေသကြီးတွေမှာအောင်မြင်ဖြစ်ထွန်းကြပါတယ်မြန်မာနိုင်ငံအောက်ပိုင်းအခြားဒေသတွေမှာလည်းအနည်းငယ်စိုက်ပျိုးကြပါသည်
လျှော်ဖြူပင်ဟာမည်သည့်မြေအမျိုးစားမဆိုစိုက်ပျိုးနိုင်ပါသည်ရေဝပ်မြေနဲ့လယ်မြေစေးလိုနေရာတွေမှာတော့မစိုက်ပျိုးသင့်ပါဘူးလျှော်ဖြူပင်ရဲ့သဘာဝဟာရေငတ်ပင်ဖြစ်တဲ့အတွက်နွေရာသီမှာရေသွင်းစရာမလိုအောင်သဘာဝကနေအစေးဥနဲ့ကဆီအိမ်တို့ကနေအဟာရနဲ့လိုအပ်တဲ့ရေဓါတ်ကိုထုတ်လုပ်ပေးပါတယ်
ထို့ကြောင့်ဥအိမ်မပုတ်စေရန်အရေးကြီးပါသည်လျှော်ဖြူဟာသဘာဝရွက်ပြတ်ပင်အမျိုးစားဖြစ်တဲ့အတွက်နွေရာသီမှာအရွက်မရှိအောင်အလက်ချတတ်ပါတယ်ထိုအချိန်မှာတော့အစေးလုံးဝမထုတ်သင့်ပါဘူးအရွက်ညွန့်ထွက်ပြီးအရွက်ရင့်မှသာအစေးပြန်ထုတ်ပါ
မိမိစိုက်ပျိုးမည့်မြေဟာမြေဆီကောင်းလွန်းသောမြေနွေရာသီဆောင်းရာသီမှာရေလည်းပေးနိုင်ပါက20´-20´ခြားစိုက်ပါမစိုက်ခင်အနည်းဆုံးထွန်စက်နှစ်စပ်မောင်းထားပါအချိန်လည်းပေးနိုင်တယ်အပင်ပန်းလည်းခံနိုင်တယ်ဆိုပါကတစ်ပေပတ်လည်ကျင်းကိုကြိုတူးထားပါ
ထို့နောက်စိုက်ကျင်းထဲတွင်နွားချေး(သို့)ဆိတ်ချေးအာမို15ပတ်လည်လ္ဘက်ရည်အကြမ်းပန်းကန်တစ်လုံးထည့်ပါကာဘိုဖြူရမ်3-Gမြေအောင်းပိုးသတ်ဆေးထည့်ပါအားလုံးထည့်ပြီးနောက်စိုက်ကျင်းအားကျင်းတူးရာမှထွက်လာသောမြေများဖြင့်ပြန်ဖုံးပါအနည်းဆုံးတစ်လနှပ်ထားပြီးနောက်မြေအစိုဓါတ်ကောင်းမွန်စွာရွာသောမိုးတွင်တူးပြီးပြန်ဖုံးထားသောစိုက်ကျင်းကိုဖေါ်ပြီးစိုက်ပါ
စိုက်သည့်အခါအနည်းဆုံးပျိုးသက်ငါးလသားရှိမှစိုက်ပါစိုက်ပြီးအပင်ရင်းကိုနာနာနှိပ်ပါပျိုးအိပ်မြေချရာတွင်အပင်ရင်းတွင်ခွက်မကျန်ခဲ့ပါစေနဲ့စိုက်ပြီးမိုးရွာတဲ့အခါရေဝပ်မှာစိုးသည့်အတွက်ပါ
စိုက်ကျင်းကိုကြိုမတူးနိုင်သည့်မိတ်ဆွေများအနေနှင့်လည်းမိုးနူးနူးနပ်နပ်ရွာပြီးအစိုဓါတ်ကောင်းမွန်စွာရရှိပါကမိမိစိုက်မည့်ပေခြားအတိုင်းကျင်းတူးပြီးစိုက်ပါပျိုးအိတ်သာသာအကျယ်နဲ့အနက်ကိုတူးပါဖွဲပြာနဲ့နှမ်းဖတ်အမှုန့်အနည်းငယ်ကာဘိုဖြူရမ်3-Gမြေအောင်းပိုးသတ်ဆေးထည့်ပါထည့်ပြီးပစ္စည်းများအပေါ်မြေနည်းနည်းပြန်ဖုံးပါစိုက်ပြီးသည့်နောက်အရွက်များခါချပါလိမ့်မည်စိုးရိမ်စရာမရှိပါအပင်အမြစ်စွဲပြီးနောက်အရွက်သစ်များပြန်လည်ထွက်လာပါလိမ့်မည်လျှော်ဖြူသည်နှစ်ရှည်ပင်ဖြစ်သည့်အတွက်ကြားလွတ်မြေတွင်ရာသီပေါ်သီးနှံကိုလဲစိုက်ပျိုးနိုင်ပါသည်တောင်သူဦးကြီးများအားလုံးအောင်မြင်တိုးတက်ကြီးပွါးချမ်းသာကြပါစေ
=============
လျှော်ဖြူစိုက်းပျိုးရေးဝန်ဆောင်မှုလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်
Ph -09774602062
09258888977 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
***********************************
လျှော်ဖြူတစ်ပင်ကို အစေးဘယ်လောက်ထွက်သလည်း
တစ်ပင်ကို တစ်နှစ်ဘယ်လောက်ရပါသလည်း
လျှော်ဖြူပင်ကို လူသိများလာပြီး စီးပွားရေးတွက်ခြေကိုက်မှု့ကြောင့် စိုက်ပျိုးမှု့များပြားလာချိန်မှာ သိသူကော မသိသူကော လေ့လာသူကော မလေ့လာသူများပါ အင်နှင့်အားနှင့်စိုက်ပျိုးလာကြပါတယ်
လျှော်ဖြူပင်မှအစေးကို ၅နှစ်သား ရင်စို့လုံးပတ် ၂၇လက်မခန့်မှာ စတင်အစေးထုတ်နိုင်ပြီး အစေးကာလအားဖြင့် ဇူလိုင်လမှ ဖေဖော်ဝါရီလထိ အဓိကထားထုတ်ကြပါတယ်
စိုက်ခင်းအတွင်း စိုက်ချိန်တူ ပြုစုမှု့တူသော်လည်း အစေးထွက်နှုန်းကွာဟမှု့များရှိနေသည်မို့ တစ်ပင်မည်မျှထွက်ပြီး မည်မျှတွက်ခြေကိုက်ပါတယ်ဆိုတာကို အသေချာပြောဖို့ မဖြစ်နိုင်ပါဘူး
အစေးထုတ်ချိန်တွင် မိုးရွာသွန်းမှု့ကြောင့် အစေးများ မိုးရေနှင့်ထိကာ ပျက်စီးမှု့လည်းရှိပါတယ်
အစေးထုတ်ကာလတွင်း လုပ်သားအင်းအား မလုံလောက်မှု့ကြောင့်သော်လည်းကောင်း
အစေးထုတ် ကျွမ်းကျင်မှု့အားနည်းခြင်းကြောင့်သော်လည်းကောင်း အစေးပမာဏနှင့် အစေးအရည်သွေးကောင်းရရှိခြင်းများအပေါ် ထိခိုက်မှု့ရှိပါတယ်
ထို့အပြင် မမျှော်မှန်းနိုင်သောအခက်ခဲများ ရှိနေခြင်းကြောင့် အစေးမည်မျှရကာ မည်မျှ တွက်ခြေကိုက်သည်ကို တိတိကျကျပြောဖို့ထက် ပျှမ်းမျှ မှန်းခြေကိုပဲ ပြောပါရစေ
ပုံမှန်ပြုစုမှု့ ပုံမှန်း အစေးထွက်နှုန်းနှင့် ၅နှစ်သား ရင်ဆို့လုံးပတ် ၂၇လက်မနှင့်အထက် ပေ ၂၀ပတ်လည်စိုက်ခင်းတစ်ဧက၏ တစ်နှစ်ဝင်ငွေနှင့်ထွက်ငွေမှာ
တစ်ဧက ၄၃၅၆၀ စတုရန်းပေ
ပေ ၂၀ပတ်လည်ဖြစ်သောကြောင့် ၂၀x ၂၀ = ၄၀၀
၄၃၅၆၀÷၄၀၀= ၁၀၈.၉ ပင်
စိုက်ကွင်း၏ ခြံစည်းရိုး ကောက်ခြင်း လိမ်ခြင်း မြေမညီခြင်း စိုက်လို့မရသော ရေစီးကြောင်းများပါခြင်းကြောင့် ယခုတွက်ထားသော အပက်ထက် ရော့နည်းနိုင်ခြေရှိပါတယ်
သို့အတွက် တစ်ဧက ၁၀၀ပင်သာ တွက်ပါမည်
အစေးအဓိကထုတ်လုပ်ကာလမှာ ၈လx၃၀=၂၄၀ ရက်
ရက်ပေါင်း ၂၄၀ အတွင်းမှာ မမိုးရွာသွန်းသည့်ကာလ ၄၀ရက်သတ်မှတ်ပါမည်
အစေးစတင်ထုတ်လုပ်ချိန် မန်းပြင် မန်းစောင့် မန်းနှပ်ကာလ ၃၀ ရက်
ထို့ကြောင့် အစေးကောင်းကောင်းမွန်မွန်ရသောကာလ
၁၇၀ရက်
၅နှစ်သား ရင်ဆို့လုံးပတ် ရှိသောအပင်များတွင် တစ်ရက်အစေးထွက်းနှုန်း တစ်ပင် ၁ကျပ်သားခန့်မှန်း (အထွက်ကောင်းသောအပင်များ ၅ကျပ်သားထိထွက်သော်လည်း အချို့အပင်များက တစ်ကျပ်သားပင် မပြည့်ပါ)
တစ်နှစ်တာကာလအတွင်း ၁၇၀ရက် x ၁ကျပ်သား = ၁ပိသာ ၇၀ကျပ်သား
ယခုလက်ရှိဈေးမှာ ပျှမ်းမှ ၃၀၀၀၀ကျပ်ခန့်
၁ပိသာ၇၀ကျပ်သား x ၃၀၀၀၀ကျပ် = ၅၁၀၀၀ကျပ်
တစ်ပင်လျှင် တစ်နှစ်ဝင်ငွေ ၅၁၀၀၀x ၁၀၀ပင် = ၅၁၀၀၀၀၀ိ/-
တစ်ဧကအတွက် တစ်နှစ်ထွက်ငွေ
တစ်ဧက အပင်၁၀၀ ၅နှစ်သားအတွက် ကျွမ်းကျင်လုပ်သား ၁ယောက်လိုအပ်ပါတယ်
စတင်လုပ်ကိုင်သော ကလမှ ပြီးဆုံးသည့်ကာလထိ ၈လကြာငှါးရမ်းရပါမယ် ထည်ရေး ၄ကြိမ်ခန့်ဝင်ပေးရပါမယ်
ရွက်ဖြန်းအားဆေး ပိုးသတ်ဆေး မြေသြဇာကြွေးရပါမယ်
လုပ်သားတစ်ယောက် ၁၇၀၀၀၀x၈လ= ၁၃၆၀၀၀၀ိ/-
ထည်ရေး ၄ကြိမ် x ၂၀၀၀၀= ၈၀၀၀၀
ပိုးသတ်ဆေး ၁၀၀၀၀
ရွက်ဖြန်းအားဆေး ၂၀၀၀၀
မမျှော်လင်နိုင်သော ကုန်ကျစရိတ် ၃၀၀၀၀
စုစုပေါင်းထွက်ငွေ= ၁၅ဝဝဝဝဝိ/- ကျပ်
တစ်ဧက တစ်နှစ် ဝင်ငွေ ၅၁၀၀၀၀၀ -
တစ်ဧက တစ်နှသ်ကုန်ကျစရိတ် ၁၅၀၀၀၀၀ =
တစ်ဧက တစ်နှစ်အမြတ်ငွေ ၃၆၀၀၀၀၀ိ/-
ဈေးအတက်ကျ ကုန်ကျငွေအတက်ကျနှင့် ထွက်နှုန်းအျပ်ါမူတည်ကာ အကျိုးမြတ် ကွာဟနိုင်ပါယေ် ခုတွက်ပြတာဟာ ဖြစ်နိုင်ရည်ရှိတဲ့ပမာဏကိုတွက်ပြခြင်းဖြစ်ပါတယ်
မည်သူမဆို copy and share လုပ်နိုင်ပါတယ် credit ပေးရင်ရပါပြီ
ကျော်မျိုးထွန်း
လျှော်ဖြူစိုက်ပျိုးရေး

Comments
Post a Comment