အောင်​မြင်​တဲ့ ​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၎
အောင်​မြင်​တဲ့ ​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၎
မြေဆီလွှာ ​/ မိမိမှိုစိုက်​တဲ့ ​အောက်​ခံ​မြေမှုန်​ ​မြေမှုန်ု​စုတွေကြားမှာ Pore-space လို့​ခေါ်တဲ့ ကြားကွက်​လပ်​က​လေး​တွေ အများကြီးရှိပါတယ်​။ သဲနှုန်း​မြေနဲ့ နှုန်း​မြေမှာရှိတဲ့
Pore-space အ​ရေအတွက်​ဟာ ရွံ့​စေး​မြေတို့ စနယ်​​မြေတို့မှာထက်​ ပိုများပါတယ်​။
နောက်​ပြီး ပါဝင်​တဲ့ Pore-space ​တွေကို ​လေ့လာကြည့်​တဲ့အခါ အ​ပေါက်​​သေး Micropore နဲ့ အ​ပေါက်​ကြီး Macropore ဆိုပြီး ခွဲခြားနိုင်​ပါ​သေးတယ်​။ အ​ပေါက်​​သေး
သေး​လေး​တွေထဲမှာ အမြဲ​ရေခို​နေပြီး အ​ပေါက်​ကြီး​တွေမှာ​တော့ ပတ်​ဝန်းကျင်​အ​ခြေအ​နေအရ ​လေချည်းသာပဲ ခို​နေနိုင်​သလို ​လေ​ကော​ရေ​ကောလည်း ခို​နေနိုင်​ပါတယ်​။
ဒီ​မြေ​တွေဟာ Pore-space ​တွေ ကြွယ်​ဝ​နေတာ​ကြောင့်​ ​လေဝင်​​လေထွက်​နဲ့ ​ရေဝင်​​ရေထွက်​ဟာ တခြား​မြေအမျိုးအစား​တွေနဲ့ ယှဉ်​လိုက်​ရင်​ အ​ကောင်းဆုံး အ​နေအထားမှာ ရှိ​နေပါတယ်​။ ဒါ​ကြောင့်​ ​မြေတွင်း​လေဟာ အမြဲလတ်​ဆတ်​​နေ ​အောက်​စီဂျင်​ကြွယ်​ဝ​နေ ပြီး အပူချိန်​ကိုလည်း ​လျော့ချ​ပေးနိုင်​တဲ့ စွမ်းရည်​ရှိ​နေပါတယ်​။
Outdoor Cultivation အများစုဟာ မှိုပုံ​တွေကို ​မှိုပုံ​တွေကို ​မြေ​ပေါ်မှာ ချစိုက်​တာ ဖြစ်​ပါတယ်​။ အဲ့ဒီလို ​ပြေ​ပေါ်မှာ ချစိုက်​ပြီဆိုရင်​ ရွံ့​စေး​မြေ စနယ်​​မြေ ​ကျောက်​ဖြုန်း​မြေ​တွေထက်​စာရင်​ အထက်​က​ပြောပြခဲ့သလို နှုန်း​မြေနဲ့ သဲနှုန်း​မြေဟာ အ​ကောင်းဆုံးပါပဲ။
ကောက်​ရိုးမှိုဟာ စိုထ်ုင်းဆများတာကို ကြိုက်​နှစ်​သက်​​ပေမဲ့ မှိုပုံ​တွေကို ​ရေ​လောင်းလို့မရ ပါဘူး။ ဒါကို မှိုစိုက်​သူတိုင်း သိပြီး ဖြစ်​မှာပါ။ သူကြိုက်​တာက ပတ်​ဝန်းကျင်​ ​လေထုထဲမှာ
စိုထိုင်းဆ များ​နေဖို့ပဲ ဖြစ်​ပါတယ်​။ မှိုပုံ​တွေက ပလတ်​စတစ်​အုပ်​ထားတာ မဟုတ်​လား။
ဒီအုပ်​ဆိုင်း​ပေးထားတဲ့ ပလတ်​စတစ်​ အတွင်းမှာ စိုထိုင်းဆများ​နေဖို့က ​ရေဖြန်းပုံးနဲ့ ​ရေ
ဖြန်း​ပေးလို့ မရပါဘူး။ မှိုလုံး​လေး​တွေထွက်​လာပြီဆိုရင်​ ပိုဆိုးပါတယ်​။ သဘာဝပုံစံမျိုး
လေထုထဲမှာပဲ စိုထိုင်းဆများ​အောင်​ လုပ်​​ပေးရပါမယ်​။ လုပ်​လည်းလုပ်​​ပေးတတ်​ရပါမယ်​။
ဘယ်​လိုလုပ်​မလဲ။
မှိုပုံတန်း​တွေကြား ​မြေပြင်​ကိုသာ ​ရေ​လောင်း​ပေးဖို့ ဖြစ်​ပါတယ်​။ သဲနှုန်း​မြေနဲ့ နှုန်း​မြေ
မှာ ​ရေ​လောင်းရင်​ ​လောင်းလိုက်​တဲ့​ရေဟာ အိုင်​ဖွဲ့မ​နေပဲ ချက်​ချင်း​မြေထဲကို စိမ့်​ဝင်
သွားပါလိမ့်​မယ်​။ ဒီလို​ရေ​လောင်း​ပေးလို​အတွက်​ အကျိုးရလဒ်​က - - - - -
၁။  မြင့်​တက်​​နေတဲ့အပူချိန်​ဟာ နိမ့်​ကျသွားမှာဖြစ်​ပါတယ်​။ (သင်္ကြန်​ကာလ မိုးက​လေး
     ရွာလို​ရင်​ဖြင်​ ပူလိုက်​တဲ့​နွေ သင်္ကြန်​မိုး​လေးရွာလိုက်​သမို့ ​နေသာထိုင်​သာ ဖြစ်​သွားပြီ
၂။ ​မြေတွင်းဝင်​သွားတဲ့ရေဟာ အ​ငွေ့ပျံပြီး ​မြေပြင်​​ပေါ်ကို ပြန်​တက်​လာတဲ့အခါ အုပ်
    ဆို​င်းထားတဲ့ ပလတ်​စတစ်​အတွင်း စု​ဆောင်းမိ​နေပြီး အတွင်းမှာ စိုထိုင်းဆများလာ
    တက်​လာမှာ ဖြစ်​ပါတယ်​။
ဒီလိုနဲ့ မှိုပုံ​တွေအတွက်​ လိုအပ်​တဲ့ စိုထိုင်းဆကို ရရှိမှာ ဖြစ်​ပါတယ်​။ သတိထားရမဲ့အချက်​က မှိုပုံ​တွေကြား​လောင်းလိုက်​တဲ့​ရေဟာ မှိုပုံ​တွေအတွင် စီးဝင်​မသွား​စေဖို့ ဖြစ်​ပါတယ်​။ မှိုပုံ​တွေရဲ့ ​ဘေးပတ်​ပတ်​လည်​မှာ ​မြေ​ဘောင်​အတားလေး​တွေ လုပ်​ထား​ပေးရင်​ ရပါ တယ်​။ မှိုပုံ​ဘေး ပတ်​ပတ်​လည်​ကို ​ရေ​မြောင်းက​လေး​တွေ ​ဖောက်​​ပေးထားတဲ့နည်းက
လည်း ​ကောင်းပါတယ်​။ ဒါ​ပေမဲ့ ဒီနည်းက မှိုစိုက်​ခင်း တစ်​ခုလုံးကို အစိုဓာတ်​ မရ​စေပါ ဘူး။ မှိုစို​ခင်း တစ်​ခုလုံး ​ရေဖြန်း​ပေးတဲ့နည်းက ပိုသင့်​​လျော်​ပါတယ်​။ တချို့နိုင်​ငံ​တွေမှာ
ကောက်​ရိုးမှိုကို Outdoor စိုက်​တဲ့အခါ အစိုဓာတ်​ ​ကောင်း​ကောင်းရ​စေဖို့ သီးနှံစိုက်​ခင်း
အထူးသဖြင့်​ ငှက်​​ပျောခင်း ပိန်းခင်း​တွေကြားမှာ စိုက်​ပျိုးကြတာ ​တွေ့ရပါတယ်​။
နောက်​တချက်​ သတိထားမိတာက သဲနှုန်း​မြေ နှုန်း​မြေမှာ စိုက်​တဲ့အခါ ​လေဝင်​​လေထွက်​​ကောင်း တနည်းအားဖြင့်​​အောက်​စီဂျင်​ ကြွယ်​ဝစွာရရှိ​စေတဲ့အတွက်​ မှိုမျှင်​သန်​စွမ်းပွား များအား​ကောင်းပြီး ထွက်​လာတဲ့ မှိုလုံး​တွေ ​အောင်​မြင်​စွာ အရွယ်​​ရောက်​လာမှု့ ထွား ကြိုင်း အလုံးလှမှု့​တွေမှာ စံထားရ​လောက်​တာကို ​တွေ့ရတာပါပဲ။
#crd
Comments
Popular posts from this blog
ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း
စိုက်​ပျိုး​ရေးvideosများ update(27.8.2017)
ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ