အောင်မြင်တဲ့ ကောက်ရိုးမှိုစိုက်ပျိုးသူတစ်ဦး ဖြစ်စေရန် - ၆

မနေ့ကပဲ နွေဦး မှာ လေရူးတွေ တိုက်လာပါပြီ။ တောင်ကတိုက်လိုက် မြောက်ကတိုက်
လိုက်ပေါ့။ ဘယ်ကတိုက်တိုက် အညာမြေမှာ တိုက်တဲ့နွေလေဟာ လေခြောက်ကြီးပါ။
တနည်းပြောရရင် စိုထိုင်းဆ ပါဝင်မှု့သိပ်နည်းတဲ့လေပေါ့။
ကောက်ရိုးမှို ငွေနှင်းမှို ဘယ်မှိုစိုက်စိုက် မိမိမှိုပုံ မှိုရုံအတွင်းမှာ စိုထိုင်းဆက များနေရမှာ ဖြစ်ပါတယ်။ မှိုပုံမှိုရုံ မလုံရင်ဖြင့် ဒီတိုက်နေတဲ့ စိုထိုင်းဆနည်းတဲ့ လေခြောက်က မိမိ
မှိုပုံ မှိုရုံအတွင်းက စိုထိုင်းဆ / အစိုဓာတ်ကို ရယူသွားမှာ ဖြစ်တဲ့အတွက် မှိုပုံမှိုရုံအတွင်း
စိုထိုင်းဆ လျင်မြန်စွာကျဆင်းသွားပြီး မှိုတွေပျက်ဆီးကုန်မှာ ဖြစ်ပါတယ်။ နွေရာသီရောက်ရင် ငွေနှင်းမှိုရဲ့ မှိုထီးရွက် အပေါ် မျက်နှာကြောတွေ တင်းလာတာ ဝါခြောက်လာတာ ဘာဖြစ်လိ့ပါလဲ မေးလာတဲ့ မိတ်ဆွေများ ဒါဆို နားလည်လာပါလိမ့်မယ်။
မှိုပုံတွေကို ပလတ်စတစ်အုပ် ပလတ်စတစ်ပေါ်ကမှ သက်ကယ်တို့ ထန်းရွက်တို့ ကဒ်စက္ကူတို့ အုပ်ဆိုင်းပေးထားတာဟာဖြင့် ပြင်းထန်တဲ့ နေရောင်ခြည်ရဲ့ဒဏ်ကို ကာကွယ်ပေးသလို တိုပ်ခတ်နေတဲ့ ပြင်ပလေကိုလည်း ကာကွယ်တားဆီးပေးတာမို့ သင့်လျော်တဲ့ လုပ်ဆောင်မှု့ပါပဲ။ မှိုပုံအတွင်း အလင်းရောက် ဝင်ရောက်မှု့ မရှိတော့တာမို့ မှိုလုံးတွေ
အရောင်ဖျော့၊ အရောင်ဖြူလာစေတဲ့ အကျိုးကျေးဇူးလည်း ရရှိနိုင်ပါသေးတယ်။
ပူပြင်းတဲ့ နွေကာလမှာ မှိုပုံတွေကို ဒီလို ပလတ်စတစ် တိုက်ရိုက်အုပ်ဆိုင်းပေးထားတာ ထက် ပလတ်စတစ်ရဲ့အတွင်းဖက်ကနေ ရေဆွတ် အစိုဓာတ်ပေးထားတဲ့ ပိတ်ကြမ်းစ
ဂုံနီဖျင်စ တစ်ခုခုကို ပထမ အုပ်ဆိုင်းပေးပြီးမှ သူ့အပေါ်ကနေ ပလတ်စတစ်ကို အုပ်ဆိုင်းပေးသင့်ပါတယ်။ ကုန်ကျစရိတ်နည်းစေဖို့ ကောက်ရိုးကဒ်ကို အသုံးပြုနိုင်ပါတယ်။
ကောက်ရိုးကဒ်ဆိုတာက အရှည် ၅ /၆ ပေရှိတဲ့ ဝါးခြမ်းပြားတောင့်တောင့် ၃ ခြမ်းကို
မြေပြင်ပေါ်မှာ ချခင်းထားပါ။ သူ့အပေါ်ကနေ ကောက်ရိုးတွေကို အရင်းတစ်ဖက် အဖျား
တစ်ဖက် မထူမပါး စီခင်းပါ။ ပြီးရင် အပေါ်ကနေ ဝါခြမ်းပြား ၃ ပြား ကပ်ပါ။ အပေါ်ဝါး
ခြမ်းနဲ့ အောက်ဝါးခြမ်းကို သံနန်းကြိုးအပျော့လေးနဲ့ တင်းတင်းလေး တုပ်နှောင်ပေးလိုက်ပါ။ ဒါဆို ကောက်ရိုးကဒ်ကလေး ရပါပြီ။
မှိုပုံတွေအပေါ် ပလတ်စတစ်အုပ်ဆိုင်းမပေးခင် ဒီလို ရေဆွတ်ထားတဲ့ ပိတ်ကြမ်းစ ဂုံနီ ဖျင်စ ကောက်ရိုးကဒ် အုပ်ဆိုင်းပေးခြင်းအားဖြင့် နွေရာသီ အပူချိန်မြင့်မားမှု့ကို လျော့ချပေးနိုင်မှာ ဖြစ်သလို ပူလောင်နေတဲ့ ချွေးသီးချွေးပေါက်တွေကိုလည်း ဒီ အသုံးပြုထားတဲ့ ပိတ်ကြမ်းစ ဂုံနီဖျင်စ ကောက်ရိုးကဒ် တွေက စုပ်ယူထားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှို ပုံအတွင်း ပတ်ဝန်းကျင်လေထုရဲ့ စိုထိုင်းဆကိုလည်း တိုးလာမြင့်လာစေမှာ ဖြစ်ပါတယ်။ ရွံ့စေးမြေ စနယ်မြေ ငေကျာက်ဖြုန်းမြေတွေမှာ စိုက်တဲ့ မိတ်ဆွေများရဲ့ မှိုပုံတွေအတွက် ပို ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ ကောက်ရိုးကဒ် ပြုလုပ်အသုံးပြုသူများအတွက် သတိ ထားရမှာက အသုံးပြုမဲ့ ကောက်ရိုးဟာ ကောက်ရိုးနံ့သင်းနေတဲ့ လတ်ဆတ်တဲ့ အောက် စော်နံမနေတဲ့ ကောက်ရိုး ဖြစ်နေဖို့ပါပဲ။ နို့မို့ မှိုရိုင်းတွေ တက်လာနိုင်ပါတယ်။
* * *
ဆက်ရေးပေးပါ့မယ်။
#crd

Comments
Post a Comment