ကောက်ရိုးမှိုစိုက်နည်းအဆင့်ဆင့် Get link Facebook X Pinterest Email Other Apps July 21, 2018 ရေးသားသူ -ပညာရေးဝန်ကြီးဌာန Size - 1.6MBဒေါင်းရန်နှိပ်ပါယခုblogအားAPG ခွင့်ပြုချက်မရဘဲ မည်သည့်applicationတွင်မှ ယူငင်သုံးစွဲခွင့်မပြုပါ။ Get link Facebook X Pinterest Email Other Apps Comments
ငရုတ်စိုက်နည်း နှင့်ပြုစုနည်း October 06, 2018 ငရုတ်တွင် ကျရောက်သော ရောဂါများ (၁) - - - - - - - - - - - ၁။ Anthracnose မှဲ့ပြောက်စွန်းရောဂါ - - - - - - - - - - ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ရောဂါဖြစ်စေသော မှိုမျိုးကွဲ (strains) ၁၆ မျိုးအထိ တွေ့ရှိထားပြီး အဲဒီအထဲက အတော်များများကို အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်၊ ဒါပေမဲ့ သမပိုင်းဒေသတွေမှာလည်း တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာ - - - အသီးတောင့်ပေါ်မျာ စက်ဝိုင်းပုံစံ ချိုင့်နေတဲ့ အနာကွက်လေးတွေဖြစ်ပေါ်လာမယ်၊ နောက်ပိုင်း အနာကွက်က တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ အသီးတောင့်တွေ ပုပ်မယ်၊ ပင်စည်နဲ့ အရွက်ပေါ်မှာ အညိုပုတ်ရောင် အနားသတ်ပါသော ပုံစံမမှန်တဲ့ အညိုရောင် အစက်ပြောက်လေးတွေလည်း တွေ့ရတတ်တယ်။ ကာကွယ်နှိမ်နင်းနည်း - - ဒီရောဂါကို ကုသနိုင်တဲ့ နည်း မရှိသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်နိုင်မဲ့ နည်းတွေကတော့ - ၁။ မှိုရောဂါအများစုက စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်တဲ့အတွက် -ငရုတ်ပင်များကို စိုက်ပျိုးတဲ့အခါ ရေမ၀ပ်စေရန် နဲ့ ရေ (သွင်း) မများစေရန် ဂရုစိုက်ပါ။ ၂။ ကော်ပါး ပါဝင်သော မှိုသတ်ဆေးများကို သုံးစွဲခြင်းဖြင့် ရောဂါပြန... Read more
စိုက်ပျိုးရေးvideosများ update(27.8.2017) August 27, 2018 ကျွဲကောပင်စိုက်ပျိုးရေး အပိုင်း(၁) ကျွဲကောပင်စိုက်ပျိုးရေး အပိုင်း(၂) ကျွဲကောပင်စိုက်ပျိုးရေး အပိုင်း(၃) ရေနောက်ကျစပါးအထွက်တိုးဖို့ဘာတွေလိုမလဲအပိုင်း(၁) ရေနောက်ကျစပါးအထွက်တိုးဖို့ဘာတွေလိုမလဲအပိုင်း(၂) ရေနောက်ကျစပါးအထွက်တိုးဖို့ဘာတွေလိုမလဲအပိုင်း(၃) ဂေါ်ဖီစိုက်ပျိုးနည်းအပိုင်း(၁) ဂေါ်ဖီစိုက်ပျိုးနည်း အပိုင်း(၂) သခွားမွှေးစိုက်ပျိုးနည်း သခွားမွှေးစိုက်မယ်ဆို ဒီအခြေခံအချက်တွေ သိထားသင့်ပါတယ်။ ဒီစိုက်ပျိုးနည်း ဗွီဒီယိုလေးကို အခုပဲ ကြည့်ရှုကြစို့နော်။ မုန်ညင်းပင်စိုက်ပျိုးရေး မင်္ဂလာပါခင်ဗျာ။ စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ မုန်ညင်းရွက် စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ မုန်ညင်းရွက်ကတော့ အဟာရဓာတ် ပြည့်ဝတဲ့ အသီးနှံ့တစ်မျိုးလည်း ဖြစ်ပါတယ်။ မုန်ညင်းပင်ကတော့ အအေးကြိုက် သီးနှံ့ပင်ဖြစ်ပြီးတော့ နှစ်ချင်းစားသုံးနိုင်တဲ့ အပင်လည်းဖြစ်ပါတယ်။ အရွက်ကိုသာ စားသုံးရပြီးတော့ အပင်အမြင့်ကတော့ တစ်ပေခန့်နှင့် အပင်ရဲ့အကျယ်ကတော့ တစ်ပေခွဲခန့်ရှိပါတယ်။ မုန်ညင်းရွက်ကိုတော့ အတို့အမြှုပ်အဖြစ် စားသုံးခြင်း ဟင်းချိုအဖြစ်... Read more
ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ July 07, 2018 ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA )ပြုလုပ်ပုံ လိုအပ်သော ပစ္စည်းများ ================= ၁ ။ ငါး မျိုးစုံ အပိုင်းအစ အရိအရွဲ = ၃၀ ပိဿာ ၂ ။ သကြားညို = ၃၀ ပိဿာ ၃ ။ ပလပ်စတစ်ပေပါခွံ = ၁ လုံး ( ကလစ်ဖုံးပါ ) ပုံမှာပြထားတဲ့အတိုင်း ငါးမျိုးစုံရဲ့ အပိုင်းအစ ခုတ်စ တွေ နှင့် ငါးဖယ်ခြစ်ခွံစ တွေ ဈေးပွဲချိန်မှာဆိုလျှင် အလွန်သက်သာပါတယ် ။ တချို့ဈေးသည်တွေဆို ကွီးခိုင်ရဲ့ တော်ကီမှာ စီးမျောပြီး အလကားပေးတာများပါတယ် :-) ပုံမှာပါတဲ့ ငါးအပိုင်းအစ အားလုံး ၃၅၀၀ ကျပ် ပဲကျပါတယ် ။ သကြားကတော့ ၄၀၀၀၀ ကျပ်ပါ ။ ပေပါခွံ ( ကလစ်ပါ ) = ၃၅၀၀၀ ကျပ်ပါ ။ အနည်းငယ်ပြုလုပ်ချင်သော ဝါသနာရှင်များ အနေနဲ့ စဥ့်အိုး - မြေအိုး - ကော်ပုံး စသည့်တို့ကို သုံးလို့လည်း ရပါတယ် ။ အဓိက ဒီပုံးကို အေးတဲ့ နေရာမှာထားဖို့ နဲ့ ပုံးအပြည့်မထည့်ဖို့ပါပဲ ။ ပုံးအပြည့်ထည့်လျှင် လျှံကျတတ်သောကြောင့် ပုံးရဲ့ ၄ ပုံ ၁ ပုံခန့် လေဟာနယ် လွှတ်ထားပေးရပါတယ် ။ ငါးနှင့်သကြား ဆတူ ရောသမမွှေပြီးလျှင်တော့ လေလုံအောင်ဖုံးပြီး တစ်ပါတ်တိတိ ပိတ်ထားရပါတယ် ။ ဒုတိယပါတ် စတဲ့နေ့မှာ အဖုံးဖွင့်ပြီး တစ်ရက်ကို ၃ ကြိမ်လောက် မွှေပေးရပါတယ် ။ တစ်လပြည့်လျှင်တော့ သုံးလို့ရပါပြီ ။ ဆေး ၁ဆ = ရေ... Read more
Comments
Post a Comment