အောင်​မြင်​တဲ့ ​ကောက်​ရိုးမှို စိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၁

အောင်​မြင်​တဲ့ ​ကောက်​ရိုးမှို စိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၁

စိုက်​ပျိုးမှို​တွေက အများကြီးပါ။ နိုင်​ငံမှာက​တော့ အဓိက ​ကောက်​ရိုးမှို ဒုတိယက​ ငွေနှင်း မှို။ ဒိ​နောက်​မှာက​တော့ ကြွက်​နားရွက်​မှို လင်​ဇီးမှို ကြယ်​သီးမှို စသဖြင့်​​ပေါ့​။

ကောက်​ရိုးမှိုကို အဓိကစိုက်​ရတာက စိုက်​ရက်​ကတို​တယ်​။ ၁၀ ရက်​ဝန်းကျင်​​လောက်​နဲ့ မှိုကရပြီ​။ ​ဈေးကလည်း စားသုံးသူ အကြိုက်​မှိုမို့ ​တခြားစိုက်​ပျိုးမှို​တွေထက်​ ဈေး​ကောင်း ရတယ်​။ ဒီ​တော့ အများစိတ်​ဝင်​စား အများစိုက်​ချင်​တဲ့မှို ဖြစ်​လာ​တော့တာ​ပေါ့။ ​ငွေနှင်းတို့ ကြွက်​နားရွက်​တို့လို ​အထုပ်​​တွေထုပ်​ရ ​ပေါင်းရ မျိုးထည့်​ရ မျိုးပြည့်​ဖို့ ရက်အကြာကြီး​စောင့်​ရတာ​တွေမလို။ ခုစိုက်​ချင်​ ခုထလုပ်​လို့ရတယ်​ဘာမှခက်​တာမဟုတ်​ဘူး ဆိုပြီးစိုက်​လိုက်​ကြတာ ​အရင်းက​လေး​တောင်​ အနိုင်​နိုင်​ရတဲ့လူနဲ့ တချို့များ ဆို အရင်း​တောင်​မရ ငွေကုန်​လူပမ်းဖြစ်​ရသူ​တွေ မြင်​ရကြား​နေရတာ နှစ်​​ပေါင်း ၄၀ ​ကျော်​ခဲ့ပြီ​ကော။

ဒီကြားထဲ စိုက်​သူအများအားကျ​စေဖို့ တစ်​​ဘောင်​အချိန်​ ၂၀ ​ကျော်​ ထွက်​တယ်​ဆိုတဲ့ လူ​ကော၊ အ​မွှေးနဲ့စိုက်​လို့ရတယ်​ စိုက်​ကြဆို ပညာ​ပေးတဲ့သူ​ကော ​ဟော မ​နေ့တစ်​​နေ့ကဆို ၇-လ အချိန်​ ၇၀ ထွက်​ နည်းပညာမြင့်​ စူပါအထုပ်​​ရောင်းတဲ့သူ​ကော။ အစုံစုံအဖုံဖုံဆို​တော့​တွေး​ခေါ်​မျှော်​မြင်​မှု့ ​ဝေဘန်​ပိုင်းခြားတတ်​မှု့မရှိ ​ပြောသမျှယုံတတ်​ကြရင်​ဖြင့်​ ဒုက္ခ
တော့ ​ရောက်​ကြအုံးမပါ့။ နိုင်​ငံမှာက အလုပ်​အကိုင်​ကရှား အလုပ်​ရပြန်​​တော့လည်း တန်​ရာတန်​​ကြေးကမရ ကုန်​​ဈေှးုန်းကကြီး စားဝတ်​​နေ​ရေးက ခက်​ခဲ မဟုတ်​လား ဒီ​တော့ လည်း ဒီမှိုစိုက်​တာ​လေးက ကယ်​တင်​ရှင်​များဖြစ်​​လေမလားဆို အားကိုးတစ်​ခုနဲ့ စိုက်​ကြ
ရှာတာမို့ ​ပျော်​ချင်​လို့ ​နောက်​​ပြောင်​ တင်​​ပေးလိုက်​တာမျိုး ကိုယ်​ကျိုးအတွက်​ လိမ်​ညာ
တင်​​တာမျိုး​တွေ မလုပ်​သင့်​ပါဘူး။

ကောက်​ရိုးမှိုစိုက်​တာ လွယ်​လွယ်​​လေးပါ ​ပြောလာတဲ့လူ အ​တော်​များများကြုံဖူးပါတယ်​။
"ဆရာမပြ ငါးပိဖုတ်​မှ နည်းမကျ" တဲ့။ ဘာပညာမှ လွယ်​တာမရှိပါဘူး စိတ်​ဝင်​စား​လေ လိုက်​စား​လေ ပညာ​တွေက မကုန်​​လေ​လေပါပဲ။ ကြုံခဲ့ဘူးပါတယ်​။ ကိုယ့်​ထမင်းကိုယ်​စား ​စေတနာအပြည့်​နဲ့ ရှင်းပြတာ​တောင်​ ​"တော်​​တော"့ ဆိုတဲ့အဓိပ္ပာယ်​နဲ့ လက်​ကနာရီကြည့်​ပြတဲ့လူ ရှိခဲ့သလို ဖုန်းနဲ့​မေးလာလို့ ကိုယ့်​အလုပ်​ပစ်​ ရှင်းပြမိ​ပြန်​​တော့ "ရပြီရပြီ" ဆို ဖုန်း
ချပစ်​တဲ့သူနဲ့လည်း ကြုံရဘူးပါတယ်​။ ဘာပဲဖြစ်​ဖြစ်​ ဒါက လူ့​လောကရဲ့ သဘာဝတရားမို့ နားလည်​​ပေးရမှာပါပဲ။

ကောက်​ရိုးမှိုစိုက်​တာမှာ အများစုက Outdoor Cultivation ခန်းပြင်​စိုက်​ပျိုးကြတာမို့ - - -

၁။ ​ကောက်​ရိုး ​ဗေဒါ စက္ကူ နွား​ချေး ကြက်​​ချေး စတဲ့မှိုစာ​တွေကို ပိုးမသန့်​ပါဘူး ပိုးမသန့်
ဘူးဆိုတာက ဒီမှိုစာ​တွေထဲမှာ ပါလာမဲ့ (အထူးသဖြင့်​) မှိုရိုင်းမျိုး​စေ့​တွေကို ​ဖျက်​ဆီး
ပစ်တာကို ဆိုလိုပါတယ်​။ ​ဒါဆို မှိုစိုက်​သူမိတ်​​ဆွေဟာ ဒီမှိုစာတွေမှာ ပါလာနိုင်​မဲ့ မှို
တွေအ​ကြောင်း သိလားလည်​ထားရပါမယ်​။ ဒါ​တွေနဲ့ကင်းလွတ်​​အောင်​ စိုက်​ရင်း​ လေ့
လာ လေ့လာရင်းစိုက်​နဲ့ ပညာယူရပါမယ်​။ မိမိထက်​ လုပ်​သက်​ရင့်​ စိုက်​ပျိုး​နေသူ မိတ်
ဆွေများ တတ်​သိနားလည်​ပညာရှင်​များထံက​ ပညာရယူရပါမယ်​။ ဒီ​နေရာမှာ ​ပြော
ပြမှာကြားချင်​တာက သူတစ်​ဦးတစ်​​ယောက်​ဆီက ပညာရယူပြီဆိုတာနဲ့ သူက ကိုယ်
ဆရာ ဖြစ်​​တော့တာပါပဲ။ ဆရာက သူ့ပညာကို ​ပေးချင်​​အောင်​ အပြုအမူ အ​ပြောအဆို
တတ်​ရပါမယ်​။

၂။ Outdoor မှာလိုအပ်​တဲ့ ပူချိန်​နဲ့ စိုထိုင်းဆကို လို လိုသလို မဖန်​တည်း​ပေးနိုင်​ပါဘူး။
မှိုစိုက်​ရင်​ အဲ့မှိုအတွက်​ လိုအပ်​တဲ့ အပူချိန်​နဲ့ စိုထိုးဆဟာ ​နေ့​နေ့ညည မ​ပြောင်းလဲ
ပဲရှိ​နေရင်​ အ​ကောင်းဆုံးပါ။ နိုင်​ငံမှာ ​မှိုစိုက်​သူအများစုဟာ ဒီလိုမလုပ်​နိုင်​ပါဘူး။
ဒါ​ကြောင့်​မို့လည်း ​ဆောင်းတွင်းမှာ ​အေးလို့ အပူချိန်​ လိုအပ်​တာထက်​ နိမ့်​ကျလို့ မှို
မထွက်​၊ ​ဟော ​နွေရာသီ​ရောက်​ပြန်​​တော့ အပူလွန်​လို့ ထွက်​လာသမျှ မှိုလုံး​တွေ ချွေး
ပူ​လောင်​ ပျက်​ဆီး၊ မိုးတွင်း​ရောက်​ပြန်​​တော့ မုန်​တိုင်းကျ မိုး​တွေဆက်​တိုက်​ ရွာပြန်
သမို့ ထွက်​​နေတဲ့ မှိုလုံး​တွေ ဆက်​မကြီး ရိ​ယော်​ကုနြ်​ပန်​​ကော။ ပြင်​ပရာသီဥတုကို
ကိုယ်​က လိုအပ်​သလို ပြုပြင်​ကိုင်​တွယ်​တတ်​ရမှာ နဖားကြိုးထိုး ​စေခိုင်းတတ်​ရမှာ
ရာသီဥတုက ကိုယ့်​ကို နိုင်​စားသွားရင်​​တော့ ကိုယ်​ညံ့လို့ဆိုတာ ဝန်​ခံရပါလိမ့်​မယ်​။

၃။ ​ကောက်​ရိုးမှိုစိုက်​ဖို့အတွက်​ မှိုမျိုးက ကိုယ်​တိုင်​မထုတ်​လုပ်​တတ်​ကြပါဘူး။ နည်း
ပညာနဲ့ လုပ်​ငန်းဆိုင်​ရာ လိုအပ်​ချက်​ အများကြီးရှိ​နေပါတယ်​။ ဒီ​နေရာမှာ နိုင်​ငံမှာ
အဲ့နည်းပညာ​တွေကို ​ဖောက်​ထွက်​ပြီး ထပ်​ထပ်​ပွားနည်းပညာ​တွေ တတ်​လာကြ
တော့ ဒီပညာနဲ့ လုပ်​စားသူ​တွေ ​ပေါလာတာဟာလည်းရိုသားကြိုးစား မှိုစိုက်​ကြသူ
တွေအတွက်​ခံပြင်းစရာပါ။ ​အောက်​ပြည်​​အောက်​ရွာ မြို့​လေးတစ်​မြို့​ရောက်​သွားခိုက်
မှိုစိုက်​သူ ကိုရိုးသား တစ်​ယာက်​​ပြောပြတာဆို မျက်​ရည်​​တောင်​ ကျ​လောက်​ပါ​ပေ
တယ်​။ သူလက်​ထဲက မှိုမျိုးထုပ်​​တွေက ​ပျော့ပြဲ​နေတာ​တွေ့လို့ ​မေးကြည့်​​တော့ ​ရွေး
ချယ်​ခွင့်မရှိ ​ပေးတာယူရတာတဲ့​လေ။ အစဉ်​လိုက်​ထုပ်​တာ ဒါကုန်​မှဒါ ​ရွေးယူလို့ မရ
ဘူးတဲ့​လေ။ ဒါ ခင်​ဗျားဖျင်းတာ။ ​သူတို့​ပေးတာ ယူလာရသလား ​ပြောဆိုမိခဲ့သမို့ ပြန်
မြင်ယောင်​မိတိုင်း စိတ်​မကာင်း ဖြစ်​ရပါတယ်​။ Thai မျိုး​ထုပ်​​တွေက​နေ ပြန်​ပွား​နေတာ
ဆရာ တိုင်​လာပြန်​​တော့ ရှက်​စရာ​ကောင်းလိုက်​တာကွယ်​ ညည်းညူမိရုံကလွဲလို့ ဘာ
တတ်​နိုင်​မလဲဗျာ။
အောင်​မြင်​တဲ့ ​ကောက်​ရိုးမှိုစိုက်​ပျိုးသူတစ်​ဦး ဖြစ်​​စေရန်​ - ၂

အောင်​မြင်​တဲ့ ​ကောက်​ရိုးမှို စိုက်​ပျိုးသူတစ်​ဦးဖြစ်​လာ​စေဖို့ ​ငွေရှိ ဇွဲရှိရုံနဲ့ မလုံ​လောက်​ပါဘူး။ ​ငွေရှိလို့ စိုက်​တယ်​။ အသိပညာမရှိ ထပ်​ထပ်​ပွား မျိုးနဲ့​တွေ့ Dung Fungi ​တွေ နဲ့ တိုးလို့ ရှုံးရတယ်​။ ဇွဲရှိလို့ ပြန်​စိုက်​တယ်​။ ​ဝေဘန်​ပိုက်းခြားတတ်​မှု့မရှိ သူများ​ပြောသမျှ ယုံ ပုံအပ်​လို့ အရင်းပြုတ်​ပြန်​တယ်​။ ဇွဲရှိတယ်​ကွ ​ကြွေး​ကြော်​လို့ ထပ်​လုပ်​ပြန်​တယ်​။ ရာသီဥတုက ကျီစားသွားလို့ ငိုရပြန်​တယ်​။ ဒါ့​ကြောင့်​- - - မိတ်​​ဆွေမှာ ​ငွေရှိဇွဲရှိရုံနဲ့မရ ဒါ
တွေရှိဖို့လည်း လိုပါတယ်​။

၁။ ကိုယ်​တိုင်​မျိုး မထုပ်​လုပ်​တတ်​သူ​တွေဟာ မျိုး​ကောင်းမျိုးသန့်​ ရ​အောင်​ ကြံ​ဆောင်
တတ်​ရပါမယ်​။ ​ငွေ​ပေးလို့ လက်​ထဲ​ရောက်​လာတဲ့မျိုးဟာ မျိုး​ကောင်းမျိုးသန့်​ဖြစ်​ရဲ့
လား ရောဂါကျ​နေလား ရက်​လွန်​​နေပြီလား ခွဲခြားတတ်​ရပါမယ်​။ အထုပ်​ထဲမှာ အမျှင်
တွေ့တိုင်း ဒါ​ကောက်​ရိုးမှိုမျိုးလို့ ဆုံးဖြတ်​လို့ မရပါဘူး။ "ဒါမှ​ကောက်​ရိုးမှိုမျိုးကွ" ဆိုပြီး
ချက်​ချင်းဆုံးဖြတ်​နိုင်​ရပါမယ်​။ ​ရောဂါကင်းတာ ဝယ်​လာ​ပေမဲ့ မထားတတ်​ရင်​ ​ရောဂါ
ဝင်​လာတတ်​ပြန်​​သေးသမို့ အထားအသိုလည်း တတ်​ရပါမယ်​။
နောင်​ တဖြည်းဖြည်းနဲ့ Commercial Spawn က​နေ မျိုးထုပ်​ထုပ်​တတ်​​အောင်​၊ ထုပ်
တတ်​လာပြီ ဆိုပြန်​​တော့ အရည်​အ​သွေး​ကောင်း​အောင်​၊ ​ကောင်းလာပြန်​ပြီဆို​တော့
Master Spawn က​နေ Commercial Spawn ဒီကမှတစ်​ခါ Culture Media က​နေ
Master Spawn ​နောက်​ဆုံးမ​တော့ Culture Media ​ပေါ့။ Chemicals ​တွေမပါ UV
Lampမသုံး ကိုယ့ကျန်ား​ရေမထိခိုက်​​အောင်​ ​လေ့လာလုပကိုင်​တတ်​ရပါမယ်​။
(ကိုယ်​တိုင်​မျိုးထုတ်​ ကိုယ်​တိုင်​စိုက်​အဆင်​ ​ရောက်​​အောင်​ လှေကားထစ်​​တွေ တက်​သ
လို တစ်​ဆင့်​ချင်း တစ်​ဆင့်​ချင်းတက်​ဖို့ ဘယ်​လိုကူညီ​ပေးရမလဲ ​လှေကားဘယ်​လို
ခင်း​ပေးရမလဲဆိုတာ ကြံ​ဆောင်​​ပေးပါ့မယ်​)

၂။ ကိုယ်​စိုက်​တာက ခန်းပြင်​​ကောက်​ရိုးမှိုစိုက်​တာမို့ အသုံးပြုမဲ့ မှိုစာ​တွေမှာ ပါလာမဲ့
ဘုံမြင့်​မှို Higher Fungi ​တွေ ဘုံနိမ့်​မှို Lower Fungi ​တွေအ​ကြောင်း အနည်းဆုံး
အ​ခြေခံအဆင့်​​လောက်​ထိက​တော့ ​လေ့လာသိရှိထားရပါလိမ့်​မယ်​။ ဒါ​တွေဘာ့
ကြောင့်​ ငါ့မှိုပုံ​တွေမှာ ကျလာတာလဲ၊ ကျ​နေတာ​တွေ ဘယ်​လ်ု နှိမ်​နင်းရမလဲ၊
နောင်​မကျ​အောင်​ ဘယ်​လိုကာကွယ်​ရမလဲ ဒါ​တွေ​လေ့လာတတ်​သိထားရပါမယ်​။
ပိုသိပိုတတ်​ အများပိုကူညီချင်​သပဆိုရင်​ဖြင့်​ အ​ကောင်းဆုံးက မှိုပညာ Mycology
ပါ ​လေ့လာထးသင့်​ပါတယ်​။
(မိတ်​​ဆွေတိုင်း မှိုပညာတတ်​​အောင်​ ကူညီဖို့ ​ကျောင်းဆရာဘဝက သင်​​ပေးခဲ့ရတဲ့
Mycology ထဲက ​ကောင်းနိုးရာရာ​လေး​တွေကို တင်​​ပေးပါ့မယ်​)

၃။ နိုင်​ငံတကာမှာ နီးနီနားနား​ပြောရရင်​ Thai နိုင်​ငံမှာဆို မှိုမျိုးစုံ စိုက်​ပျိုး​နေကြပါတယ်​။
မှိုစိုက်​ပျိုးသူ မိတ်​​ဆွေများဟာ ​ကောက်​ရိုးမှို​လေးတစ်​ခုတည်းနဲ့ ​ကျေနပ်​အားရမ​နေ
သင့်​ပါဘူး။ သူများစိုက်​​နေတဲ့မျိုး​တွေကို ကိုယ့်​နိုင်​ငံမှာလည်း စိုက်​နိုင်​​အောင်​ အားလုံး
လည်းစားတတ်​လာ​အောင်​ ကြံ​ဆောင်​ရပါမယ်​။ ကိုယ့်​​ဒေသထွက်​ အရသာရှိ ​ဈေး
ကွက်​ဝင်​မဲ့ မှို​တွေကိုလည်း ရှာ​ဖွေ​ဖော်​ထုတ်​တတ်​ရပါမယ်​။ ​တောထဲ​တောင်​ထဲသွားမှ
မှိုရတာာမဟုတ်​ပါဘူး။ ကိုယ့်​မြို့ကိုယ်​ရွာတွင်း/​ဘေးမှာတင်​ မှိုရနိုင်​ပါတယ်​။
(ကျုပ်​ဆို ကိုယ့်​မြို့ကိုယ့်​ရွာမှာ မှိုရှာမလို့ဟာ အမျိုး​တွေက နင့်​** မ** မ​တွေ့ပဲ
ဟို**မ** ​တွေ့​နေမယ်​ မသွားရဘူး ​တားသမို့​ ကိုယ့်​**မ** အသစ်​​တွေ​တွေ့/ရနိုင်​တဲ့
ရန်​ကုန်​က Supermarket ဆီကဝယ်​ပို့​ပေးပါဆိုပြီး ညီ​တော်​​မောင်​ဆီ အပူကပ်
ဝါသနာပါ တားမရတဲ့ Culture အလုပ်​ လုပ်​ရတယ်​)

၎။ ကောက်​ရိုးမှိုနဲ့ ပတ်​သက်​တဲ့ အဆင့်​လေး​တွေကို အကျွမ်းတဝင်​ရှိ​အောင်​ ဖော်​ပြ​ပေး
ပါ့မယ်​။ ​ကောက်​ရိုးမှိုက တစ်​မျှင်​ချင်း ရှင်းရှင်းမြင်​ရရင်
က။ ကြည်​ပြီးလက်​​နေပါတယ်​။ ကြည်​လို​က်​လက်​လိုက်​ ကြည်​လိုက်​လက်​လိုက်​နဲ့​ပေါ့။
မျိုးအား​ကောင်းရင်​​တော့ စုခဲ​နေသမို့ အဖြူ​ရောင်​ ရှိပါတယ်​။ ​ငွေနှင်းမှို အဖြူနဲ့
တော့မတူပါဘူး။ ဒါကို စာဖွဲ့ပြလို့ မရပါဘူး။ ကိုယ်​တိုင်​ အထပ်​ထပ်​အခါခါကြည့်​ပါ။
မျက်​စေ့ထဲစွဲ​နေ​အောင်​ ကြည့်​​ပေးပါ။
ခ။ မျိုးပုလင်း မျိုးထုပ်ကို ​ဖောက်​ပြီး ​နမ်းကြည့်​ရင် ​မွှေးကြိုင်​တဲ့ရနံ့ ရှိ​နေပါတယ်​။
Fragrant ပါ။ မျိုးအား​ကောင်းရင်​ ​နမ်းကြည့်​စရာ မလို ​ဖောက်​လို​က်​တာနဲ့
မွှေးကြိုင်​တဲ့ ရနံ့ကို ရပါလိမ့်​မယ်​။
ဂ။ မိတ်​​ဆွေလက်​ထဲကို ​ရောက်​လာတဲ့ ​ကောက်​ရိုးမှိုမျိုးအဆင့်​​တွေကို ကျွန်​​တော်
ရိုက်​ပေးထားတဲ့ ပုံ​လေး​တွေနဲ့ ကြည့်​ မှတ်​မိ​အောင်​ လုပ်​ထားပါ။

#crd









Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ