ရဲယိုသီးအစွမ်းအံမခမ်း
" ရဲယိုအစွမ်း အံ့မခန်း "
* ရဲယိုနှင့်ပတ်သက်သော အချက်အလက်များ *
Morinda citrifolia ကို ဟာဝိုင်ရီကျွန်းတွင် နိုနီ (Noni) ဟုလည်းကောင်း၊ အိန္ဒိယတွင် အင်ဒီးယန်း မာလ်ဘာရီ (Indian mulberry) အသီးဟု လည်းကောင်း၊ မြန်မာနိုင်ငံတွင် ရဲယိုဟုလည်းကောင်း လူသိများသည်။ အခြားအမည်များမှာ Great morinda, Beach mulberry, Tahitian noni, Cheese fruit ဟူ၍ ဖြစ်သည်။ Morinda citrifolia ကိုရာသီဥတုမရွေး၊ အရပ်ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း အနံ့ပြင်းပြီး ခါးသက်သော အရသာရှိသည့်အတွက် အစာရေစာပေါများသော သာမာန်အခြေနေမျိုးတွင် စားသုံးလေ့မရှိကြပါ။ အစာရေစာရှားပါးသော အခြေအနေမျိုးတွင်အခြားရွေးချယ်စရာမရှိတော့မှသာ အာဟာရဖြစ်စေရန်အတွက်စားသုံးလေ့ ရှိကြသောကြောင့် အချို့က Starvation fruit ဟု လည်း ခေါ်ကြသည်။
ရဲယိုပင်၏ အဓိကဇာတိမှာ အရှေ့တောင်အာရှဖြစ်ပြီး မကြာသေးမီကမှ အိန္ဒိယတိုက်ငယ်၊ ပစိဖိတ်ကျွန်းများ၊ ပြင်သစ်ပိုလီနီးစီးယားနှင့် ဒိုမီနီကန်ရီပတ်ဗလစ်နိုင်ငံများသို့ ပျံ့နှံ့သွားသည်။ ရဲယိုပင်အများဆုံး စိုက်ပျိုးသောနေရာမှာ တဟီတီကျွန်း (Tahiti) ဖြစ်သည်။
* ရဲယိုပင်သည် အရိပ်ရသောသစ်တောများတွင်ပေါက်သကဲ့သို့ အရိပ်မရှိသောကျောက်တောင်များ၊ သဲသောင်ရှိသော ကမ်းခြေများတွင် ပေါက်ရောက်နိုင်သည်။ အမြဲစိမ်းခြုံ (သို့မဟုတ်) သစ်ပင်ငယ်အမျိုးအစားဖြစ်ပြီး ၁၈ လ သားတွင် အရွယ်ရောက်ကာ ၁ဝ ပေခန့် မြင့်တက်လာပြီး တခါတရံ ပေ ၃ဝ အထိမြင့်နိုင်သည်။ ဆားငန်မြေကို ခံနိုင်ရည်ရှိသည့်အပြင် မိုးခေါင်သည့်ဒဏ်နှင့် ဆင့်ပွားမြေဒဏ်ကိုလည်း ခံနိုင်သည်။
ထို့ကြောင့် ရဲယိုပင်သည် သက်ရှိများရှင်သန်နိုင်သော မည့်သည့်နေရာမျိုးမဆို ပေါက်ရောက်နိုင်ပြီ မီးတောင်မြေ၊ ပိုးလောက်လန်းများ ကျက်စားသောကမ်းခြေမြေတို့တွင်လည်း ပေါက်ရောက်သည်။
ရဲယိုပင်စည်၏အခေါက်သည် မီးခိုးရောင်ရှိ၍ မြောင်းတိမ်ကလေးများလည်းပါရှိပြီး အရပ်လေးမျက်နှာသို့ ကိုင်းများဖြာထွက်သည်။ အရွက်များမှာ အစိမ်းရင့်ရောင် ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး တစ်ပေခန့်အထိ ရှိသည်။ ရွက်ကြောများစွာပါရှိကာ အသီး သီးသည့်နေရာမှလွဲ၍ အစုံလိုက် အရွက်များထွက်ပြီး စားသုံးလျှင်လည်း အရသာရှိသည်။
ရဲယိုပွင့်များသည် တစ်နှစ်ပတ်လုံးပွင့်၍ အပွင့်၏ ခေါင်းပိုင်းသည် လုံးဝိုင်းပြီး သေးငယ်သော အဖြူရောင် အပွင့်ငယ်လေးများပါရှိကာ ယင်းတို့မှ အသီးများသီးလာ ကြသည်။
ရဲယိုပင်သည် ၁၂ လ ရာသီပတ်လုံး အသီးသီးနိုင်ပြီး ရဲယိုပင်တစ်ပင်မှ တစ်လလျှင် ပျမ်းမျှ ၆ ကီလိုဂရမ်ခန့် အထိ ထွက်ရှိနိုင်သည်။ ရဲယိုသီး၏ အရွယ်အစားမှာ ၄ စင်တီမီတာမှ ၇ စင်တီမီတာ အထိ အမျိုးမျိုး ရှိနိုင်သည်။
ရဲယိုသီးသည် အသားများ၍ အစေ့မာသောအသီးဖြစ်ပြီး ရှည်လျား လုံးဝန်းသောပုံ ရှိသည်။ ရင့်မှည့်ချိန်၌ စူးရှသောအနံ့ရှိ၍ ခ့နနျန်မကငအ အဖြစ် လူသိများသလို အော့အန်ချင်သောသစ်သီးဟုလည်း ခေါ်ကြသည်။ ရဲယိုသီးမှာ စတင်သီးချိန်၌ အစိမ်းရောင်ဖြစ်ပြီး၊ တဖြည်းဖြည်း အဝါရောင်ပြောင်းလာကာ နောက်ဆုံးရင့်မှည့်ချိန်တွင် အဖြူရောင်ဖြစ်သွားသည်။ အသီးတွင် အစေ့များစွာ ပါဝင်ပြီး လှော်၍စားလည်းလျှင်ရသည်။ ရဲယိုပင်၏အရွက်များ၊ အသီးများနှင့် အမြစ်များကို ဆေးအဖြစ်သုံးကြသည်။
* မိရိုးဖလာ အသုံးပြုပုံ
ရဲယို၏မူရင်းဇာတိမှာ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝ ကျော်လောက်မှ ဟာဝိုင်ရီကျွန်းဒေသများသို့  ရောက်ရှိသွားသည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။
ကမ္ဘာအနှံ့အပြားတွင် ရဲယိုသီးကို ရောဂါအမျိုးမျိုးအား သက်သာ ပျောက်ကင်းစေသည်ဟုဆိုကာ ရာစုနှစ်များစွာကြာအောင် စားသုံးခဲ့ကြသည်။ ပစိဖိတ်ကျွန်းမှ လူများသည် ရဲယိုကို ဓမ္မတာသွေးဆင်းကောင်းစေရန်၊ ဆီးချို သွေးချို ကုသရန်နှင့် အရိုးကျိုးလျှင် အမြန်ပြန်ဆက်စေရန် အားဆေးရည်အဖြစ် သောက်သုံးလေ့ရှိကြသည်။ ထိုင်းနိုင်ငံတွင် မူးဝေခြင်းနှင့် အော့အန်ခြင်းများ သက်သာ စေရန် အသုံးပြုကြပြီး ဖီဂျီနိုင်ငံ၌လည်း ပွေးရောဂါနှင့် လိပ်ခေါင်းရောဂါ ကုသရာတွင်လည်းကောင်း၊ ခံတွင်းရနံ့မကောင်းခြင်း၊ အသံဝင်ခြင်းနှင့် ပါးစပ်အတွင်းအနာဖြစ်ခြင်း စသော ခံတွင်းရောဂါများကို ကုသရန် စားသုံးကြပါသည်။
မြန်မာနိုင်ငံတွင် ရဲယိုရွက်နှင့် အသီးကို ဆေးဝါးအဖြစ် နှစ်ပေါင်းများစွာကြာအောင် သုံးစွဲခဲ့ကြပါသည်။ရောဂါလက္ဒ္ခဏာများပေါ်မူတည်ပြီး ရဲယိုပင်၏ ပဉ္စငါးပါးအားလုံးကို အသုံးပြုကြသည်။ ရဲယိုရွက်များကို ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ဆီးချိုသွေးချို ရောဂါနှင့် သွေးတိုးရောဂါများတွင်လည်း သုံးလေ့ရှိသည်။ ရဲယိုသီးကို ချောင်းဆိုးခြင်း၊ လည်ချောင်းပြွန် ရောင်ရမ်းခြင်း၊ အစာမကြေခြင်း၊ ဝမ်းဗိုက်ရစ်၍်နာခြင်း၊ သွေးတိုးရောဂါနှင့် အဖုအကျိတ်ရောဂါ အမျိုးမျိုးအတွက်လည်း အသုံးပြုကြသည်။ ရဲယိုသီး၏ အနံ့ဆိုးဝါးခြင်းကြောင့် လူအများစုမှာ နေထိုင်မကောင်းသည့်တိုင်အောင် စားသုံးရန် အလွန်ဝန်လေးတတ်ကြသည်။
* ရဲယိုတွင်ပါဝင်သော အာဟာရဓာတ်များ
ရဲယိုအသားမှုန့် တွင် အဓိကမရှိမဖြစ် ဗီတာမင် ၁၁ မျိုး ပါဝင်ပြီး အခြားဗီတာမင်ဓာတ်များဖြစ်သည့် နိုင်ယာစင် (ဗီတာမင် B3)၊ သိုင်ရာမင်း (ဗီတာမင် B1)၊ ရိုင်ဗိုဖလေဗင် (ဗီတာမင် B2) နှင့် ပရိုဗီတာမင်အေ (ကာရိုတင်နွိုက်)များလည်း များစွာပါဝင်သည်။ ထို့ပြင် ရဲယိုတွင် အစားအစာမှရသော မရှိမဖြစ်သတ္တုဓာတ်ဆား (၇) မျိုး ပါဝင်ပြီး အကြွကယ်ဝဆုံး သတ္တုဓာတ်ဆားမှာ ပိုတက်ဆီယမ်ဖြစ်ကာ သံဓာတ်၊ ဆိုဒီယမ်၊ ဆယ်လီးနီးယမ်း၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ်တို့လည်း အနည်းငယ်စီ ပါဝင်သည်။
ကာဗိုဟိုက်ဒြိတ်နှင့် အစားအစာမှရသော အမျှင်ဓာတ်များ ပေါကြွကယ်ဝပြီး အသားဓာတ်ပမာဏ (အမိုင်နိုအက်စစ် ၁၈မျိုး) နှင့် အဆီဓာတ်အနည်းငယ် ပါဝင်သည်။
* ရဲယိုအမှုန့် ၁ ဂရမ်တွင်ပါဝင်သော အာဟာရဓာတ် တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကာဗိုဟိုက်ဒြိတ် ၆ဝဝ မီလီဂရမ် (၆ဝ%)
အသားဓါတ် ၅ဝ မီလီဂရမ် (၅%)
အဆီဓါတ် ၁၂ မီလီဂရမ် (၁.၂%)
အစားအစာမှရသောအမျှင်ဓါတ် ၂၂၅ မီလီဂရမ် (၂၂.၅%)
အနှစ် ၇၃ မီလီဂရမ် (၇.၃%)
စိုထိုင်းမှု (အစိုဓါတ်) ၅၃ မီလီဂရမ် (၅.၃%)
ဗီတာမင်များ ၈ မီလီဂရမ် (ဝ.၈%)
သတ္တုဓာတ်ဆားများ ၂၉ မီလီဂရမ် (၂.၉%)
* ဗီတာမင်ပါဝင်မှု
ဗီတာမင်စီ ၈ မီလီဂရမ်
ဗီတာမင်အေ ၂ အိုင်ယူ
နိုင်ရာစင် ၄ဝ မိုက်ခရိုဂရမ်
* သတ္တုဓာတ်ဆားပါဝင်မှု
ပိုတက်ဆီယမ် ၂၆ မီလီဂရမ်
ဆိုဒီယမ် ၂ မီလီဂရမ်
ကယ်လ်ဆီယမ် ၈ဝဝ မိုက်ခရိုဂရမ်
သံဓာတ် ၁၆ မိုက်ခရိုဂရမ်
* ဆေးဖက်ဝင် အာနိသင်ပေးသော ဒြပ်ပေါင်းများ
(၁) အယ်လ်ကလွိုက်များ (Alkaloids)
Alkaloids များမှာအပင်များတွင် သဘာဝအလျောက်တွေ့ရှိရသော အေမင်း (amine) များ ဖြစ်သည်။ ရဲယိုတွင် အဓိကပါဝင်သည့် Proxeronine သည် Alkaloids တစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်ထဲရောက်သောအခါ Proxeronine enzyme ၏ အကူအညီဖြင့် Xeronine အဖြစ် ပြောင်းလဲသွားသည်။ Xeronine သည် အသားဓာတ် ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် ရောဂါဖြစ်နေသော နေရာတွင်ရှိသည့် သေဆုံးသွားသော ဆဲလ် (dead cells) များနှင့် Metabolites များကို ဖယ်ထုတ်ရာ၌များစွာ အထောက်အကူပြုပါသည်။
(၂) အပင်မှရသောဟော်မုန်းများ
ရဲယိုတွင်ဆီရိုတိုနင်အကြိုဟော်မုန်း(Serotonin precursor)၊ ဆီရိုတိုနင် (Serotonin)နှင့် Damnacanthal, Nordamnacanthal, Anthraquinones စသည့်ဒြပ်ပေါင်းများကို တွေ့ရှိရသည်။ Damnacanthal သည် Anthraquinone အမျိုးအစားတစ်ခုဖြစ်ပြီး ဘက်တီးရီးယားပိုးကို သေစေနိုင်သောသတ္တိ၊ ပိုးများကို ဟန့်တားနိုင်သော ဂုဏ်သတ္တိနှင့် ကင်ဆာကိုတိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများရှိသည်။ Anthraquinone သည် နာတာရှည် ထိပ်ကပ်နာ (Chronic sinusitis) ရောဂါတွင် ဘက်တီးရီးယားပိုးများကို သေစေနိုင်သောကြောင့် ထိပ်ကပ်နာဝေဒနာကို သက်သာပျောက်ကင်းစေသည်။
(၃) စကိုပိုလက်တင် (Scopoletin)
ရဲယိုတွင်ပါဝင်သော Scopoletinသည် ဘက်တီးရီးယားပိုးနှင့် မှိုပိုးများကိုဆန့်ကျင်တိုက်ထုတ်နိုင်သည့်အပြင် သွေးကြောများကို ကျယ်စေပြီး သွေးဖိအားကို ကျစေသည်။ ထို့အပြင် Histamine များကိုဆန့်ကျင်ပေးနိုင်သည့် ဂုဏ်သတ္တိနှင့် နာကျင်ကိုက်ခဲမှုကို သက်သာစေသော အကျိုးကျေးဇူးများလည်း ရှိသောကြောင့် နှာခေါင်းပိတ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျီပေါင်းတက်ခြင်း စသည့် ဝေဒနာများတွင် အသုံးပြုနိုင်သည်။
(၄) အင်ဇိုင်းများ (Enzymes)
ရဲယိုသီး၏အရေးကြီးသော အင်ဇိုင်းတစ်မျိုးမှာ Proxeronase ဖြစ်ပြီး ခန္ဓာကိုယ်ထဲ၌ Proxeronine ကို Xeronine အဖြစ်ပြောင်းလဲပေးသည်။
(၅) ဖလေဗင်နွိုက်များ (Flavonoids)
Rutin နှင့် Asperulosidic acid ကဲ့သို့သော Phenolic ဒြပ်ပေါင်းများကို ရဲယိုမျိုးရင်းများစွာ၌တွေ့ရှိရသည်။ ထို့အပြင် Catechin နှင့် Epicatechin များလည်း ပါဝင်ပြီး ဒြပ်ပေါင်းများသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သော အာနိသင် ရှိကြောင်း တွေ့ရသည်။
(၆) အပင်မှရသောစတီရောများ
ဘီတာစစ်တိုစတီရော (Beta-sitosterol) သည် အပင်မှရသော စတီရောတစ်မျိုးဖြစ်ပြီး ကိုလက်စထရောကို ကျစေနိုင်သော အာနိသင် ရှိသည်။
(၇) ဖိုက်တိုအီစထရိုဂျင်များ
Lignans များသည် အပင်မှရသော အီစထရိုဂျင် (Phytoestrogen) အုပ်စုတစ်မျိုးဖြစ်ပြီး ဇီဝဆိုင်ရာ သက်ဝင်ထကြွမှု များ (Biological activities) ရှိကြသည်။
(၈) မိတ်ဆွေပိုးများ (Probiotics)
(Long chain sugar molecule) သကြားဓါတ်မော်လီကြူးများဖြစ်သည့် အော်လီဂို (oligo) နှင့် ပိုလီဆက်ခရိုက် (polysaccharides) များသည် ၄င်းတို့တွင်ပါဝင်သော အမျှင်ဓါတ်ကို အူအတွင်းရှိ ဘက်တီးရီးယားများဖြင့် အချဉ်ဖောက်နိုင်သည်။ထို့နောက် ကျန်းမာရေးနှင့်ညီညွတ်သော အာနိသင်များ ရရှိစေသည့် (Short chain fatty acid) အဆီအက်စစ် ဒြပ်ပေါင်းများအဖြစ်သို့ ပြုလုပ်ပေးသည်။ ယနေ့အထိ ရဲယို၏အကျိုးကျေးဇူးများကို သိပ္ပံနည်းကျလေ့လာမှုဖြင့် ပြည့်စုံအောင် မဖော်ထုတ်နိုင်သေးသော အာနိသင်များအနက် တစ်ခုဖြစ်သည်။
(၉) အော်ဂဲနစ်အက်ဆစ်များ (Organic Acids)
ရဲယိုသီးတွင် ထူးခြားသော ကိုယ်ပိုင်အနံ့ ကိုပေးသည့် caprlytic acid, ursolic acid, caproic acid အစရှိသည့် အော်ဂဲနစ်အက်ဆစ်များ ပေါကြွယ်ဝသည်။ ထို အော်ဂဲနစ်အက်ဆက်များထဲမှ Ellagic acidသည် (Powerful Antioxidant) အစွမ်းထက်သောဓာတ်တိုးဆန့် ကျင် ပစ္စည်းတစ်မျိုးဖြစ်သည်။
* ဇီရိုနင်းဆိုသည်မှာ (Xeronine)
၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟာဝိုင်ရီတက္ကသိုလ်မှဦးဆောင် ဇီဝဓာတုပညာရှင် Professor Dr. Ralph Heinicke မှ နာနတ်သီးထဲတွင်ပါဝင်သော အင်ဇိုင်းများကိုလေ့လာရင်း Xeronine ကို စတင်တွေ့ ရှိခဲ့ပြီးနောက် နာနတ်သီး နှင့် ရဲယိုသီးထဲမှ ထုတ်နှုတ်ထားသော ဇီရိုနင်း၏အကျိုးကျေးဇူးများကို ၄၅ နှစ်ကြာသည်အထိလေ့လာခဲ့သည်။ ဇီရိုနင်းဆိုသည်မှာ လူတို့ ကလပ်စည်းများအပေါ် ကောင်းမွန်သောအာနိသင်ကို ပေးစွမ်းနိုင်သည့် ဟော်မုန်း (Hormone) တစ်မျိုးဖြစ်သည် ။ Xeronine hormone များသည် ရဲယိုသီးထဲတွင် ပရိုဇီရိုနင်းဟော်မုန်း (Proxeronine hormone) များအဖြစ် များစွာ ပါဝင်ပြီး နာနတ်သီးတွင်လည်း ပမာဏ အနည်းငယ် ပါဝင်ပါသည်။
Xeronine သည် သေးငယ်သော Alkaloid တစ်မျိုးဖြစ်ပြီး ပမာဏ အနည်းငယ် (pictogram range) ရှိရုံမျှဖြင့် ဇီဝကမ္မဗေဒနည်းအရ များစွာအသုံးဝင်သည်။ ၁ ပစ်တိုဂရမ် (1 pictogram) ဆိုသည်မှာ ၁ နာနိုဂရမ် (1 nanogram) ၏ တစ်ထောင်ပုံပုံ လျှင်တစ်ပုံ သို့မဟုတ် ၁ဝ-၁၂ ဂရမ် (10-12 gram) ဖြစ်သည်။ သစ်ပင်များ၊ သတ္တဝါများနှင့် အဏုဇီဝပိုးမွှားများ၏ ကျန်းမာသော ကလာပ်စည်းများထဲတွင် ဇီရိုနင်းပါဝင်မှုပမာဏ အလွန်ပင်နည်းပါးသော်လည်း ဓာတုဗေဒနည်းအရ ခွဲခြမ်းစိတ်ဖြာ၍ ကြည့်လျှင် တွေ့ရှိနိုင်မည် ဖြစ်သည်။
* ခန္ခာကိုယ်ထဲတွင် ဇီရိုနင်းဖြစ်ပေါ်လာပုံ
Dr. Heinicke သည် သက်မှတ်ထားသည့် ပမာဏ အတိုင်းပါရှိရမည့် Building Block ခေါ် Proxeronineများမှ အူမကြီးထဲတွင် Xeronine အဖြစ်ပြောင်းလဲထုတ်လုပ်ကြောင်း တွေ့ရှိခဲ့သည်။ ရဲယိုသီးတွင် Proxeronine နှင့် ပရိုဇီရိုနေ့စ် (Proxeronase enzyme) တို့မြောက်များစွာပါဝင်ပြီး Xeronine အဖြစ် ပြောင်းလဲ ထုတ်လုပ်ရန်အတွက် ပရိုဇီရိုနေ့စ်အင်ဇိုင်းမှ အကူအညီပေးသည်။ Proxeronine များသည် အူမကြီးအတွင်း၌သာမက အခြားသောခန္ခာကိုယ် အစိတ်အပိုင်းများ အတွင်းတွင်လည်း Proxeronase enzyme နှင့်ပေါင်းစပ်၍ Xeronine အဖြစ်ပြောင်းလဲပေးနိုင်သည်။ ဆီရိုတိုနင်ဟော်မုန်း (Serotonin) ပြုလုပ်ရာတွင်လည်း Proxeronase enzyme ၏အကူအညီ လိုအပ်ပေသည်။
* ဇီရိုနင်းထုတ်လုပ်ခြင်း
ရဲယိုသီးတွင်ပါဝင်သော Proxeronine များ ခန္ဓာကိုယ်ထဲသို့ရောက်ရှိသောအခါ အူနံရံမှစုပ်ယူပြီး အသည်းထဲတွင်သိုလှောင်ထားပါသည်။ ခန္ဓာကိုယ်၌လိုအပ်လျှင် အသည်းထဲမှ Proxeronine များထုတ်လုပ်ပေးနိုင်ရန် ဦးနှောက်မှ ၂ နာရီလျှင်တစ်ကြိမ်အချက်ပြပေးသည်။ ခန္ခာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းအသီးသီးမှ လိုအပ်သော Xeronine ပမာဏ ထုတ်လုပ်နိုင်ရန် သွေးထဲတွင်းပါဝင်လာသော Proxeronine ကို စုပ်ယူသည်။ သာမန်အားဖြင့် ဇီရိုနင်းတည်ဆောက်ရန်အတွက် လိုအပ်သော အခြားဇီဝဓာတုပစ္စည်းများသည် ကလပ်စည်းများထဲတွင် လုံလောက်စွာပါဝင်ပြီးယာယီအားဖြင့် Proxeronine ကို ခဏတာမျှ သာ ထောက်ပံ့ ပေးပါသည်။
တစ်ရှူး(Tissue) တစ်ခုစီရှိ ဆဲလ် (Cells) များတွင် (Protein) အသားဓာတ်များပါဝင်ပြီး ထို Protein များတွင် ဇီရိုနင်းကို စုပ်ယူရန်အတွက် လက်ခံရာဌာနများရှိကြသည်။ ထို့ကြောင့် ဇီရိုနင်းသည် ခန္ဓာကိုယ်၏ပရိုကိုလာဂျင်နေ့စ်စနစ်ကို ပရိုတီးနေ့စ်အဖြစ်သို့ ပြောင်းလဲပေးခြင်းအားဖြင့် မီးလောင်ကျွမ်းမှုများ ကြောင့် သေနေသောတစ်ရှူးများကို လျှင်မြန်စွာဖယ်ရှားပေးနိုင်သည်။
* ခန္ဓာကိုယ်ထဲတွင် ဇီရိုနင်း၏ လုပ်ငန်းဆောင်တာများ
ပရိုတင်းမော်လီကျူးများအားစည်းကမ်းတကျ ထိန်းညှိပေးခြင်း
 Xeronine ၏ အဓိကလုပ်ငန်းမှာ Protein များ၏ ပုံသဏ္ဍန်နှင့် မာကြောမှုတို့ကိုထိန်းညှိပေးရန်ဖြစ်သည်။ Protein မော်လီကျူးများသည် ဆဲလ်နံရံများ တလျှောက်ဖြတ်သန်းနိုင်ပြီး ကျန်းမာသောတစ်ရှူးများ ဖြစ်စေရန် လုပ်ဆောင်ပေးသည်။ ယင်းအာဟာရဓာတ်များ ဆဲလ်ထဲသို့ ဝင်ရောက်ခြင်းမရှိပါက ဆဲလ်သည် သူ၏လုပ်ငန်းကို အချိန်တိုတိုနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
အာဟာရဓာတ်ကို တစ်ရှူးမှစုပ်ယူမှု ပိုကောင်းစေခြင်း
ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင် အိမ်တအိမ်ကဲ့သို့ပင် အဝင်ဝတံခါးများ နှင့် ပြတင်းပေါက်များရှိကြသည်။ ကားဂိုဒေါင်ထဲသို့ ကားတစ်စီးမောင်းသွင်းသောအခါ တံခါးမကြီးကို ခပ်ကျယ်ကျယ်ဖွင့်ထားရန်လိုသကဲ့သို့ ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲတွင်လည်း ပိုကြီးသော ပရိုတင်းမောလီ ကျူးတစ်ခုကို စုပ်ယူလိုလျှင် ယင်းကိုအသုံးပြုရန် ပိုကြီးမားသော စိမ့်ပေါက်တစ်ခုကို ဖွင့်ဟထားရန် လိုသည်။
ဇီရိုနင်း (Xeronine) သည် ကလပ်စည်းများ၏ အမြှေးပါး ရှိ စိမ့်ပေါက်လေးများ ကြီးလာစေရန်နှင့် အာဟာရဓာတ် များ စုပ်ယူမှု ပိုမိုကောင်းမွန်လာစေရန် ကူညီပေးသည်။ ဤစိမ့်ပေါက်လေး ကြီးလာခြင်းဖြင့် ပို၍ကြီးသော ပက်ပတိုက်ခေါ် အမိုင်နိုအက်စစ်များ ကွင်းဆက်ကို ကလပ်စည်းထဲသို့ဝင်စေပြီး ကျွန်ုပ်တို့အား ပို၍ နေထိုင်ကောင်းစေသည်။ အကယ်၍ ဤကွင်းဆက်များကို အသုံးမပြုခဲ့လျှင် အဆီအဖြစ် ပျောက်ဆုံးသွားခြင်း (သို့) ဖယ်ရှားပစ်ခြင်းခံရပြီး ဆုံးရှုံးသွားမည် ဖြစ်သည်။
ပျက်စီးသွားသည့် ကလပ်စည်းများကို ပြန်လည်ပြုပြင်ပေးခြင်း
ဇီရိုနင်းသည် ထိခိုက်ပျက်စီးသွားသော ဆဲလ်များကို ပြန်လည်ပြင်ဆင်ပေးရန် မော်လီကျူးလာအဆင့်၌ ပြုလုပ်ပေးသည်။ ဖိနှိပ်မှုဒဏ်တစ်ခုဖြစ်လျှင် အင်္ဂါ (သို့) တစ်ရှူးတစ်ခုတွင် ဇီရိုနင်း လိုအပ်ချက်ပိုမိုများပြားလာပြီး ဤဖြစ်စဉ်တွင် ကင်ဆာဖြစ်စေနိုင်သော မူမမှန်ကလပ်စည်းထကြွမှု၊ ကျန်းမာရေးပြဿနာများ၊ ကူးစက်ရောဂါ များ၊ အဆိပ်အတောက်များဖြစ်ပေါ်လာနိုင်သည်။ အသည်းသည် ပုံမှန်အားဖြင့် ပျက်စီးနေသောဆဲလ်များအတွက် ဆီရိုတိုနင်နှင့် ပရိုဇီရိုနေ့စ်တို့ကို ပိုလျှံစွာထောက်ပံ့နေသော်လည်း ပရိုဇီရိုနင်း ချို့တဲ့မှု ဖြစ်ပေါ်နိုင်သည်။ ထိုဖြစ်စဉ်များမှ ကင်းဝေစေရန် Proxeronine ကြွယ်ဝသော ရဲယိုသီးကို အသုံးပြုနိုင်ပါသည်။
လူတစ်ယောက်တွင်ရှိသော ဇီရိုနင်း၏ တာဝန်သည် သူ၏ Tissue ထဲ၌ရှိသော ဇီရိုနင်း ပမာဏပေါ် မူတည်နေပါသည်။ အကယ်၍ ရောဂါသည် ဇီရိုနင်းချို့တဲ့မှုကြောင့် ဖြစ်ပွားရသည်ဆိုလျှင် ဇီရိုနင်းပါသော ဆေးဝါးများပေးပါက ရောဂါပြဿနာ၏ ခံစားရသော ဝေဒနာများကို လျော့ပါးသက်သာစေပါလိမ့်မည်။ ထို့ကြောင့် ဇီရိုနင်းသည် ရောဂါအများစုတွင် အတိုင်းအတာတစ်ခုထိ သက်သာပျောက်ကင်းစေနိုင်ပါသည်။
ဆေးဝါးဆိုင်ရာဂုဏ်သတ္တိ
၁။ ကင်ဆာတိုက်ဖျက်နိုင်သော အစွမ်းသတ္တိ
(၁)ရဲယိုသည် ကလပ်စည်းများအပေါ် ကင်ဆာဖြစ်စေသော DNA လက်ခံအဖြစ် တည်ဆောက်ခြင်းမှ ကာကွယ်ပေးသည်။
Carcinogen များသည် ကျွန်ုပ်တို့၏ ဆဲလ်ထဲတွင်ရှိသော (DNA) ကို တိုက်ခိုက်ပူးပေါင်းပြီး (Carcinogen DNA Adduct Molecule) ကို ပြုလုပ်ပေးသည်။ (DNA) များသည် အငြိမ်မနေဘဲ ဖြစ်လိုက် ပျက်လိုက် ပွါးများလိုက် အမြဲဖြစ်နေသည်။ ပုံမှန် (DNA) မှ ပွါးများလျှင် ပုံမှန် ဆဲလ်များ ထုတ်ပေးသော်လည်း (Carcinogen Adduct) မှ ပွားများပါက ပုံမှန်မဟုတ်သော ကင်ဆာဆဲလ်များ ဖြစ်ပေါ်လာပါသည်။ ရဲယိုတွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် Carcinogen နှင့် DNA များ ပူးပေါင်းပြီး ပွားမလာစေရန် ဟန့်တားပေးနိုင်ပါသည်။
သာမာန် ဆဲလ်များ ရှင်သန်ပွားများရန်အတွက် သွေးကြောလေးများမှတစ်ဆင့် အာဟာရဓာတ်များ လိုအပ်သကဲ့သို့ ကင်ဆာဆဲလ်တွင်လည်း အာဟာရဓာတ်များ လိုအပ်သည်။ ကင်ဆာဆဲလ်များသည် သာမာန်ဆဲလ်ထက် ပိုပြီး လိုအပ်သောကြောင့် သာမာန်သွေးကြောလေးများနှင့် မလုံလောက်၍ လိုအပ်သည့် အာဟာရဓာတ် ပြည့်ပြည့်ဝဝရပြီး ဆဲလ်များ တိုးပွားလာစေရန်အတွက် သွေးကြောအသစ်များ ထပ်မံပြုလုပ်ရပါသည်။ ထိုကဲ့သို့ သွေးကြောလေးများ ပွားများခြင်းကို Angiogenesis ဟုခေါ်ပြီး လှုံ့ဆော်ပေးသော Enzyme ကို Quinol oxidase or NOX Enzyme ဟု ခေါ်ပါသည်။ ရဲယိုတွင် ပါဝင်သော Damnacanthal, Epigallocatechin gallate (EGCg) နှင့် အခြားဓာတုဒြပ်ပေါင်းများ (Phytochemical 150) ကျော်မှ ကင်ဆာဆဲလ်များ ပွားများခြင်း၊ ကြီးထွားခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကို ဟန့်တားပေးသည့်အပြင် Program cell death or Apoptosis (ကင်ဆာဆဲလ်များ အဆက်မပြတ် ပွားများခြင်းမှ လျှော့ချပေးခြင်း) ဖြစ်ခြင်းကိုလည်း အားပေးသည်။
(၂) ရဲယိုတွင်ပါဝင်သော Antioxidant များက ဓာတ်တိုးခြင်းကို ဆန့်ကျင်ပြီး ကင်ဆာရောဂါကာကွယ်ပေးသည်။
ခန္ဓာကိုယ်ထဲတွင် Oxidative stress (ဓာတ်တိုးခြင်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်) များသည် ကင်ဆာဖြစ်စေနိုင်သော အခြေခံအကြောင်းရင်းဖြစ်သည်။ Cell အတွင်းသို့ Free radical များစွာဝင်ရောက်လာလျှင် Cell ၏ DNA ပျက်စီးပြိုကွဲသွားပြီး Abnormal Growth Cell (မူမမှန် ကြီးထွားလာသော ဆဲလ်များ)  ဖြစ်ပေါ်လာသည်။ Abnormal Growth Cell ပွားများမှု ပိုမိုများပြားလာပါက ထိမ်းချုပ်၍ မရနိုင်တော့ဘဲ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်း တစ်ခုသို့ ပျံ့နှံ့သွားပြီး ကင်ဆာရောဂါ ဖြစ်ပေါ်လာနိုင်သည်။
DNA ကို ပျက်စီးစေပြီး ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲစေနိုင်သော ဓာတ်ပစ္စည်းများဖြစ်သည့် င်္မနန မေိငခေူ များအား တိုက်ထုတ်ရန်အတွက် Free radical များ လိုအပ်ပါသည်။ ထို့ကြောင့် Antioxidant များ ပေါကြွယ်ဝသော ရဲယိုကို စားသုံးခြင်းဖြင့် Carcinogen DNA Adduct Formation ကို လျှော့ချပေးနိုင်သည်။
ရဲယိုသည် ပထမအဆင့်အဖြစ် ကင်ဆာရောဂါကာကွယ်နိုင်သော အာနိသင်ရှိပြီး ရဲယိုရှိ ဆေးဖက်ဝင်ဒြပ်ပေါင်းများသည် အမှန်တကယ်အလုပ်လုပ်သော ကလပ်စည်းများကို ပြန်လည်မွေးဖွားစေခြင်းဖြင့် ကလပ်စည်းများ၏ လုပ်ငန်းကို ပိုမို ကောင်းမွန်စေသည်။
ထို့ပြင်အရေပြားကင်ဆာ၊ရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ နှင့် အူမကြီးကင်ဆာများကိုကုသရာတွင်လည်း အကူအညီပေးသည်။
လေ့လာချက်များအရ ခရမ်းလွန်ရောင်ခြည်များနှင့် ကြာရှည်ထိတွေ့ပါက ခုခံအားစနစ်ကို ကျဆင်းစေသည်ဟု သိရပါသည်။ ယခုအခါတွင် အိုဇုန်းလွှာပါးလွှာခြင်းကြောင့် ခရမ်းလွန်ရောင်ခြည်များနှင့် ထိတွေ့မှု ပိုများလာသည့်အတွက် အရေပြား ကင်ဆာများ ဖြစ်ပွားနှုန်းမြင့်မားလာသည်။ ရဲယိုသည် ခန္ဓာကိုယ်ခုခံမှုစနစ်ကို လှုံဆော်ပေးသည်သာမက ဆယ်လီးနီးယမ်း သတ္တုဓာတ်ဆား ပါဝင်သည့်အတွက် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းကိုလည်း သိသာစွာ လျှော့ချပေးနိုင်ပါသည်။
(၃) ရဲယိုတွင်ပါဝင်သော Damnacanthal က ကင်ဆာဆဲလ်များ ထိန်းချုပ်ရန် အထောက်အကူပြုသည်။
Tomonori Hiramatusu (တိုမိုနိုရီဟာရမတ်ဆု) အဖွဲ့မှ လေ့လာချက်အရ ရဲယိုမှရသော Damnacanthal အဆီအနှစ်သည် ကင်ဆာဖြစ်စေသော Ras ဗီဇပေါ်တွင် ဟန့်တားနိုင်သောဂုဏ်သတ္တိရှိသည်ဟု ဖော်ထုတ်တွေ့ရှိခဲ့သည်။
လေ့လာချက်တစ်ခုတွင် အမြှေးပါးလက်ခံရာ ပရိုတင်းတစ်မျိုးဖြစ်သော p561ck နှင့်ပေါင်းပြီး ကလပ်စည်းကြီးထွားဖွံဖြိုးမှုနှင့် လုပ်ငန်းဆောင်တာများတွင် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်ကြောင်း တွေ့ရှိခဲ့သည်။
p561ck ဗီဇ၏ ပုံသဏ္ဋာန်ပြောင်းလဲမှုများကို Lymphomas ခေါ် လင့်မ် အဖုအကြိတ်ရောဂါ နှင့် Neuroblastoma ခေါ် အာရုံကြော အဖုအကြိတ် ရောဂါများတွင်မကြာခဏတွေ့ရတတ်သည်။ Damnacanthal သည်ပက်ပ်တိုက်ကို ပေါင်းစပ်သည့်နေရာတွင် ယှဉ်ပြိုင်ဟန့်တားခြင်းဖြင့် p561ck ဗီဇကို တားမြစ် ဟန့်တားနိုင်ကြောင်း တွေ့ရသည်။
Damnacanthal သည် ကင်ဆာဖြစ်စေနိုင်သော မူမမှန် ဆဲလ်များအား ပုံမှန်ဖြစ်စေခြင်းဖြင့် ခန္ဓာကို ယ်ဖြစ်စဉ်များကို ထိန်းချုပ်ပေးနိုင်သည့်အတွက် ကင်ဆာအကျိတ်အဖုများ ကြီးထွားလာမှုကို ရပ်တန့်စေသည်။
သုတေသနစမ်းသပ်ချက်များအရ ကင်ဆာရောဂါအပေါ် ရဲယို၏အကျိုးကျေးဇူးများမှာ-
၁။ ကင်ဆာဖြစ်စေနိုင်သော အရာများကို ဖျက်ဆီးနိုင်စွမ်းရှိသဖြင့် ကင်ဆာရောဂါကာကွယ်ရေးတွင် အစွမ်းထက်လှသည်။
၂။ ကင်ဆာဝေဒနာရှင်များ ခံစားရလေ့ရှိသော နာကျင်မှုဝေဒနာကို သက်သာစေသည်။
၃။ စိတ်ရွှင်လန်းစေပြီး ကောင်းမွန်စွာ အိပ်ပျော်စေသည်။
၎။ ကင်ဆာဆဲလ်များကို တိုက်ဖျက်သည့် ဓာတုဆေးများ၏ အာနိသင်ကို ပိုမိုထက်မြက်စေသည်။
၅။ ကင်ဆာဆဲလ်များ သူ့အလိုလို သေဆုံးခြင်း (Apoptosis) ဖြစ်အောင် လှုံ့ဆော်နိုင်စွမ်းရှိသည်။
၆။ ကင်ဆာဆဲလ်၏ အသက်သွေးကြောများကို ဖြတ်တောက်နိုင်စွမ်းရှိပါသည်။
၇။ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများကို ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲစေရန် ဟန့်တားနိုင်သည်။
၈။ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးသည့်အတွက် Secondary infection ခေါ် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ အလွယ်တကူ မဝင်ရောက်နိုင်ရန် တားဆီးပေးသည်။
၉။ ကင်ဆာဆဲလ်ကြောင့် ခန္ဓာကိုယ်ချို့ယွင်းမှုကို ပြန်ကောင်းစေပြီး အနာကျက်မြန်စေသည်။
၁ဝ။ ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန် လျော့ကျပိန်ချုံးခြင်းကို ကာကွယ်ပေးသည်။
၂။ စိတ်ဖိစီးမှုနှင့် စိတ်ကျမှုကို ပြေလျော့စေသောသတ္တိ
ရဲယိုသည် စိတ်ကျရောဂါခံစားနေရသော လူနာများအားကုသရာတွင် အထောက်အကူပေးနိုင်သည်။ ရဲယိုမှ ဇီရိုနင်းသည် ဆီရိုတိုနင်နှင့် ပေါင်းစပ်ကာ စိတ်ဓာတ်စွမ်းအားကို မြှင့်တင်ပေးသည်။ Serotonin နှင့် Melatonin သည်ခန္ဓာကိုယ်၏ အပူချိန်နှင့် စိတ်အခြေအနေကို ထိန်းချုပ်ပေးနိုင်သည်။ နှစ်ခြိုက်စွာ အိပ်ပျော်စေသည်။
ဇီရိုနင်းသည် ကလပ်စည်းလက်ခံရာဌာနတစ်ခုနှင့်အနီးရှိ စုပ်ယူရာနေရာထဲသို့ အံဝင်ခွင်ကျဖြစ်စေပြီး ဘီတာအင်ဒိုဖင်းများ ထွက်စေပြီး လူများကို စိတ်ရွှင်လန်းစေပါသည်။ ဇီရိုနင်း၏ လုပ်ငန်းများထဲမှ တစ်ခုမှာ Endorphin absorption နှင့် နီးစပ်သည့်ဘက်သို့ ပျော်ဝင်စေခြင်းဖြင့် အာရုံခံနပ်ကြောအားကောင်းမွန်စေရန် Cohormone အဖြစ် လုပ်ငန်းဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။
Dr.Heinicke က စိတ်ကျရောဂါသည်အများအပြားမှာ ရဲယိုဆေးသောက်ခြင်းဖြင့် စိတ်ကျရောဂါ ပျောက်ကင်းနိုင်ကြောင်း အခိုင်အမာတွေ့ရှိထားသည်။
ရဲယိုတွင် ပါဝင်သည့် Scopoletin သည် Melatonin ဟိုမုန်းပြုလုပ်ရန် အသုံးဝင်သော Serotonin ထုတ်ပေးသည့် ဦးနှောက်အတွင်းရှိ Pineal gland ၏ လုပ်ဆောင်မှုကို တိုးမြှင့်ပေးသည်။
အရက်၊ ကိုကင်း၊ ဆေးခြောက်နှင့် ဘိန်းဖြူစွဲပြီး ဖြတ်မရသော လူနာအများ အပြားကို ရဲယိုဆေးနှင့်အတူ Psychotherapy ဟုခေါ်သော စိတ်ကုထုံးဖြင့် ကုသပျောက်ကင်းနိုင်သည်ဟု လေ့လာသိရှိခဲ့ကြသည်။
လုပ်ငန်းခွင်အတွင်း ပင်ပန်းမှု၊ စိတ်ဖိစီးမှုကြောင့် စိတ်ကျဝေဒနာခံစားရမှုနှင့် စိတ်ကစဥ့်ကလျားဖြစ်နေသော လူများအတွက် ရဲယိုသည် သဘာဝကပေးသော လက်ဆောင်မွန်ပင်ဖြစ်သည်။
၃။ အကိုက်အခဲသက်သာစေသော အစွမ်းသတ္တိ
နာကျင်မှုသည် ရောင်ရမ်းမှု (Inflammation) ၏ လက္ခဏာဖြစ်သည်။ ရောင်ရမ်းခြင်းကြောင့် ခန္ဓာကိုယ်တွင် Prostagladin ဟူသော ဓာတ်ပစ္စည်းများ ထွက်ရှိလာသည်။ ထိုသို့ထွက်ရှိလာရန် Cyclo oxygenase (COX) enzyme က ပြုလုပ်ပေးသည်။ COX 1 နှင့် COX 2 ဟူ၍ enzyme နှစ်မျိုးရှိသည်။ COX 2 က နာကျင်မှုကို ဖြစ်စေသည်။ ရဲယိုတွင် ပါဝင်သော ဇီရိုနင်းက COX 2 ကို ဟန့်တား ဖျက်ဆီးနိုင်သဖြင့် နာကျင်မှုကို လျော့ပါးသက်သာ စေနိုင်သည်။
 ကင်တပ်ကီပြည်နယ်မှ တိရိစ္ဆာန်ဆေးကုဆရာဝန် ၏လေ့လာမှုအရ အဆစ်ရောင်ဝေဒနာခံစားနေရသော ခွေး၊ ကြောင်တို့ကို ရဲယိုဆေးတိုက်ကျွေးရာတွင် ၉ဝ ရာခိုင်နှုန်းမှာ ပျောက်ကင်းကြောင်းတွေ့ရှိရသည်။
ရဲယိုသည် ဖော်မင်း ကဲ့သို့ အာနိသင်ရှိသဖြင့် အရိုးအဆစ်ရောင်ရမ်းခြင်းနှင့် ခေါင်းကိုက်ရောဂါတို့ကို သက်သာ ပျောက်ကင်း စေသည်။ ထို့အပြင် လည်ပင်း ကျီးပေါင်းတက်ခြင်း၊ အရိုးကျီးပေါင်းတက်ခြင်းတို့ကြောင့် နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေနိုင်သည်။
၎။ ချွဲအရည်ထွက်နည်းခြင်း
နှာခေါင်းလေဂလိုင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းနှင့် ရင်ကြပ်ပန်းနာရောဂါများ တွင် ချွဲအမြှေးပါးမှ ချွဲအရည်အလွန်အမင်းထွက်ကျခြင်း၊ အူသိမ်ဦးပိုင်းအနာ၊ အစာအိမ် ရောင်ရမ်းခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း စသော အစာခြေရည် အက်စစ်များ အများအပြား ထွက်စေခြင်းကို သက်သာစေသည်။ ဇီရိုနင်းသည် အစာအိမ်မှ အူထဲသို့ အစာထုတ်ပေးချိန်ကို တိုးမြှင့်ထားနိုင်သည့်အတွက် အစာအိမ်ကြွက်သားများကျုံ့ရာတွင် သန်စွမ်းမှုကို ပိုကောင်းစေသည်။ ရဲယိုတွင် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်သည့် Ellagic acid ပါဝင်သည့်အတွက် H .pylori ခေါ် အစာအိမ်အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ ကြီးထွားခြင်းကို တားမြစ်နိုင်စွမ်းရှိသည်။ နာတာရှည် ထိပ်ကပ်နာ ဝေဒနာရှင်များ ပုံမှန်မှီဝဲပါက ခံစားရလေ့ရှိသော ရောဂါလက္ခဏာများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေပါသည်။
၅။ ကူးစက်ရောဂါများမှကာကွယ်နိုင်သောသတ္တိ
ဟာဝိုင်ရီ ယူနီဗာစီတီ အဏုဇီဝဌာနရှိ သုတေသီတစ်စုမှ ရဲယိုသီးတွင် ဘက်တီးရီးယားပိုးများကို သေစေနိုင်သောသတ္တိ ရှိကြောင်း တွေ့ရှိခဲ့သည်။ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်းမှ ကာကွယ်တွန်းလှန်နိုင်သည်။ ရေယုန် အမျိုးအစား ၁ နှင့် ၂၊ ဗိုင်းရပ်စ်ပိုးကြောင့် သိုင်းရွိုက် ရောင်ရမ်းခြင်း၊ မုန့်ချိုအိတ်ရောင်ရမ်းခြင်း၊ Epstein-Barr ဗိုင်းရပ်စ်နှင့် ဗိုင်းရပ်စ်ပိုးဝင်ရောက်ခံရပြီး ရရှိသောရောဂါလက္ခဏာများပေါ်တွင် ဗိုင်းရပ်စ် ပိုးများ ပျံ့နှံ့ ကူးစက်ခြင်းကို တွန်းလှန်ပေးနိုင်သည်။ ခံတွင်းမှတ်ခရုစွဲခြင်း၊ မိန်းမကိုယ် မှိုစွဲ၍ရောင်ရမ်းခြင်း၊ အားကစားသမားများ ၌ခြေဖဝါးမှိုစွဲခြင်းနှင့် အခြားမှိုစွဲရောဂါများတွင် မှိုပိုးစွဲကပ်ခြင်းကို ကာကွယ် ပေးနိုင်သည်။
၆။ ခန္ဓာကို ခုခံအား ထိန်းညှိပေးနိုင်ခြင်း
ရဲယိုသည် ရောဂါဝေဒနာများကို တိုက်ဖျက်ရာ၌ အရေးကြီးသော Immune system အတွင်းမှ T cells များကို ထုတ်ပေးနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်၏ သဘာဝခုခံအားများ၏ အရေးကြီးအစိတ်အပိုင်းဖြစ်သော Macrophages နှင့် Lymphocytes ပါဝင်သည့် ရောဂါခုခံစွမ်းအား စနစ်ကို တိုးမြှင့်ပေးသည်။
ရဲယိုသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ပုံမှန်ဖြစ်စေရန် လုပ်ဆောင်နိုင်သည့်အတွက် Autoimmune disease (အလိုအလျောက်တုံ့ပြန်မှုရောဂါများ) ဖြစ်သော ရူမက်တွိုက်အာသရိုက်တစ် (Rheumatoid arthritis) ခေါ် သွေးကြောင့်ဖြစ်သော လေးဖက်နာ၊ သွေးကြောင့်ဖြစ်သော အရေပြားယားနာ (Psoriasis)၊ ဆီးချိုသွေးချိုရောဂါ၊ SLE ခေါ် Systemic Lupus Erythromatosus နှင့် Chron's disease များကို သက်သာစေပါသည်။
၇။ သွေးတိုးကျစေခြင်း
ရဲယိုတွင် ပါဝင်သော Scopoletin ဒြပ်ပေါင်းသည် သွေးကြောများကို ကျယ်စေပြီး ပုံမှန်သွေးဖိအားကို ရရှိစေသည်။ ထိုဒြပ်ပေါင်းကို ၁၉၉၄ ခုနှစ်တွင် ဟာဝိုင်ယီတက္ကသိုလ်မှ သုတေသနပညာရှင်များက ရဲယိုသီးမှ ပထမဆုံးသီးသန့် ခွဲထုတ်နိုင်ခဲ့ပါသည်။
သွေးခုန်နှုန်းကို စနစ်တကျ ထိန်းသိမ်းပေးခြင်းဖြင့် သွေးတိုးရောဂါ၏နောက်ဆက်တွဲဆင့်ပွားရောဂါများကို ထိန်းသိမ်းနိုင်စွမ်းရှိသည်။ သွေးတိုးနှင့် နှလုံးရောဂါကို ဖြစ်ပွားနိုင်စွမ်းရှိသော သွေးတွင်းအဆီဓါတ်များကို ချပေးနိုင်စွမ်းရှိကြောင်းကိုလည်း နယူးယောက်မှ သုတေသနဆရာဝန်ကြီး Dr. Scott Gerson မှ လေ့လာတွေ့ရှိခဲ့သည်။
ကင်ဆာအမျိုးမျိုးတွင် ရဲယိုအားသုတေသနပြုခြင်း
ကမ္ဘာတလွှားတွင် ရာစု နှစ်ပေါင်းများစွာကြာအောင် အသုံးပြုပြီးဖြစ်သော ရဲယိုမှ ထုတ်လုပ်သည့် သဘာဝထွက်ကုန်များနှင့် ရိုးရာဆေးဘက်ဝင်မှုများကို သိပ္ပံပညာဖြင့် အတည်ပြု စစ်ဆေးထားပါသည်။ ရဲယို၏ အကျိုးကျေးဇူးများမှာ တဖြည်းဖြည်း လူသိများလာ သည်နှင့် အမျှ ရဲယိုဖြင့်ပြုလုပ်ထားသော ကုန်ပစ္စည်းများကိုလည်း ပို၍စိတ်ဝင်စားလာပြီး သိပ္ပံနည်းကျစွာ ဖော်ပြနိုင်ရန် ဆောင်ရွက်လာကြသည်။ ရဲယိုသည် ၂ဝရာစုအစောပိုင်းလောက်ကပင် ကမ္ဘာအနှံ့ရှိ သုတေသီများကို မျက်စိကျလောက်အောင် ဖမ်းစားစပြုလာခဲ့ပါသည်။ လေ့လာချက်များကို တစ်ခုပြီးတစ်ခုလေ့လာခဲ့ကြရာ ရဲယို၏ အံ့သြဘွယ်ရာအရည်အသွေး များကို ဖော်ထုတ်ပြသနိုင်ခဲ့ပါသည်။
ယခုအခါရဲယို၏ အကျိုးကျေးဇူးအမျိုးမျိုးနှင့် ပတ်သက်၍ သိပ္ပံနည်းကျ သုတေသနစာတမ်းပေါင်းများစွာထွက် ရှိလာပြီ ဖြစ်သည်။ ယင်းတို့အနက်မှ ကင်ဆာအမျိုးမျိုးကို ကာကွယ်ကုသရာ၌ ရဲယို၏အကျိုးကျေးဇူးများနှင့် ပက်သက်သည့် စာတမ်းအနည်းငယ်ကို ဖော်ပြပါမည်။
ကင်ဆာကာကွယ်ရေးတွင် ရဲယို၏ အကျိုးကျေးဇူး
M.Y Wang and C.Su
ရောဂါဗေဒဌာနယ UIC ဆေးတက္ကသိုလ်ယ ရော့ခ်ဖို့ဒ် (Rockford)ယ အီးလီးနွိုက်စ် (Illenois) 61107, ယူအက်စ်အေ Department of R&D, Morinda Inc, Provo, Letah 84606, USA Annals of the New York Acadamy of Sciences 952:161-168 (2001).
* ကင်ဆာဆဲလ် ပုံသဏ္ဍာန်များ
ရဲယိုကို ပိုလီနေးရှန်းလူမျိုးများက ရှေးရိုးရာဆေးအဖြစ် နှစ်ပေါင်း ၂ဝဝဝ ကျော်ကြားသည့်တိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြသည်။ Morinda citrifolia ခေါ် ရဲယိုသည် ကင်ဆာဆဲလ်များ စတင်ပွါးများမှုအပေါ်၌ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ပထမအဆင့် တွေ့ရှိချက်အရ သောက်သုံးရေ ၁ဝဝ စီစီထဲတွင် (TNJ) တဟီတီရဲယိုဖျော်ရည် ၁ဝ စီစီ ထည့်ဖျော်ထားသောဖျော်ရည်ကို တစ်ပါတ်တိတိ ကြာအောင် သောက်ပါက DMBA-DNA ဖွဲ့စည်းဖြစ်ပေါ်လာခြင်းကို ကာကွယ်နိုင်ကြောင်း ညွှန်ပြခဲ့ပါသည်။ DMBA-DNA ၏ အဆင့်များကို SD ကြွက်မများ၏ နှလုံးတွင် ၃ဝ%၊ အဆုတ်တွင် ၄၁%၊ အသည်းတွင် ၄၂%၊ ကျောက်ကပ်တွင် ၈ဝ% လျှော့ချနိုင်ခဲ့ပါသည်။ ပိုမိုထူးကဲသော ရလဒ်များကို C57 B2-6 ကြွက်ထီးများတွင် ရရှိပြီး ၁ဝ% TNJ ဖျော်ရည်သည် DMBA - DNA ဖွဲ့စည်းဖြစ်ပေါ်မှုကို နှလုံးမှာ ၆ဝ%၊ အဆုတ်မှာ ၅ဝ%၊ အသည်းမှာ ၇ဝ% နှင့် ကျောက်ကပ်မှာ ၉ဝ% လျှော့ချနိုင်ခဲ့ပါသည်။
ကင်ဆာကာကွယ်နိုင်မှုလုပ်ငန်းစဉ်ကို လေ့လာဖော်ထုတ်ရန် TNJ ၏ အင်တီအောက်ဆီဒင့်အာနိသင်ကို lipid hydroperoxide (LPO) နှင့် tetrazolium nitroblue (TNB) တို့ဖြင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့သည်။
TNJ ၏ဓာတ်တိုးဆန့်ကျင်နိုင်သည့် အာနိသင်ကို အမေရိကန်တွင် ဗီတာမင်စီ၊ စပျစ်သီးအစေ့အမှုန့် (Grape seed powder), Pycnogenol (PYC) တို့ကို နေ့စဉ်စားသုံးခြင်းဖြင့် ရရှိလာသောအကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်သည်။ ဤရလဒ်သည် ကင်ဆာ ကိုကာကွယ်မှုပေးနိုင်သည်ဟု ထောက်ပြနိုင်ခဲ့သည်။ TNJ ၏ ဓာတ်တိုးဆန့်ကျင်နိုင်သည့် အာနိသင်သည် ရဲယို Morinda citrifolia ၏ ကင်ဆာကာကွယ်နိုင်သည့်အကျိုးကျေးဇူးကို ကူညီ ပံ့ပိုးပေးသည်။
ရဲယို၏ကင်ဆာရောဂါအပေါ်အထွေထွေအကျိုးကျေးဇူးများ
အဆုတ်ကင်ဆာတွင် ရဲယို၏အကျိုးကျေးဇူး
ရဲယို (Morinda citrifolia) ၏ ကင်ဆာတိုက်ဖျက်နိုင်သော အစွမ်းကိုစမ်းသပ်ရန် လူးဝစ်အဆုတ်ကင်ဆာ(Lewis Lung Carcinoma) ကလပ်စည်းကို ကြွက်၏ဝမ်းဗိုက်အမြှေးပါးထဲသို့ ထိုးသွင်းကာ စမ်းသပ်ပါသည်။
Hirazumi, E.Furrasawa, S.C. Chou & Y. Hokama
ဟာဝိုင်ရီယူနီဗာစီတီ၏ဆေးဝါးဗေဒဌာနမှ Ms.Annie Hirazumi ဦးဆောင်သောသုတေသနအဖွဲ့မှ လေ့လာခဲ့သည့် လေ့လာချက်သည် အလွန်သိသာ ထင်ရှားသော သုတေသနဖြစ်သည်။ Ms.Annie Hirazumi သည် ရဲယိုသီးလေ့လာမှုကို အလွန်စိတ်ဝင်စားခဲ့သောကြောင့် ရဲယို၏အံ့သြဘွယ်ရာ အရည်အသွေးများနှင့် အတွေ့အကြုံများကို ပို၍စောစီးစွာ သိရခြင်းဖြစ်သည်။ သူမ၏ဖခင်ကိုယ်တိုင် ရဲယိုဖျော်ရည်သောက်ပြီး မိတ်ဆွေတစ်ဦးကဲ့သို့ ကူညီပံ့ပိုးပေးခဲ့သည်။ နောက်တစ်ကြိမ် သူမ၏ အချစ်တော်ခွေးလေးတစ်ကောင် သေတော့မည့်ဆဲဆဲတွင် ရဲယိုဖျော်ရည်စစ်စစ်ကိုကျွေးပြီး လေ့လာခဲ့ရာ ကံကောင်းထောက်မစွာဖြင့် သူမ၏ခွေးလေးသည် ပြန်လည်ကောင်းမွန်လာသောကြောင့် အန်နီသည် မယုံနိုင်လောက်အောင် ကောင်းသောရဲယိုအကြောင်းကို ဆက်လက်လေ့လာရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
သူမသည် ရဲယိုသီး၏အစွမ်းထက်လှသော ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ပတ်သက်သည့် လေ့လာစရာများကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ဓာတ်ခွဲခန်းနှင့် တိရိစ္ဆ္ဆာန်များတွင် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းနှင့်ဆေးလက်တွေ့စမ်းသပ်ချက်များအရ သုတေသီများသည် ရဲယိုဖျော်ရည်တွင် ခုခံအားစနစ်ကို တိုးမြှင့်စေပြီး ကင်ဆာအကျိတ်ကလပ်စည်း များကို တန်ပြန်တိုက်ခိုက်နိုင်ကြောင်း တွေရှိခဲ့သည်။
Ms.Annie Hirazumi နှင့် သူမ၏အဖွဲ့တို့သည် ဓာတ်ခွဲခန်း၌လူးဝစ်အဆုတ်ကင်ဆာကလပ်စည်းများ (LLC) ကို ကြွက်များ (အထူးသဖြင့် C57B1/6 ကြွက်)တွင် ထိုးသွင်းပေးပြီး အတိအကျခွဲခြားလေ့လာခဲ့သည်။
ကင်ဆာကလပ်စည်းထိုးသွင်းပြီး ဆေးမကုဘဲ ပစ်ထားသောကြွက်အားလုံးသည် ၉ ရက်မှ ၁၂ ရက်အတွင်း သေဆုံးသွားခဲ့သည်။ သို့သော် ကင်ဆာကလပ်စည်းထိုးသွင်းထားသောကြွက်အချို့ကို ရဲယိုဖျော်ရည်များတစ်နေ့လျှင် ငါးကြိမ်ခွဲ၍ တိုက်ပြီးနေ့စဉ်ကုသခဲ့ရာ သိသိသာသာ အသက်ရှင်ကြောင်းတွေ့ရသည်။ ရက်ပေါင်း ၅ဝ ထက်ပိုပြီး အသက်ရှင်သော ကြွက် ၂၂ ကောင်အနက် ၉ ကောင်မှာ (၁ဝ၅% မှ ၁၂၃%) ဆက်လက် ရှင်သန်ကြောင်းတွေ့ရသည်။ ဤစစ်ဆေးစမ်းသပ်ချက်ကို အခြားကြွက်များစွာတွင် ဆက်လက်၍စမ်းသပ်ခဲ့ရာ အလားတူရလဒ်ကိုပင် ရရှိသည်။
သုတေသနအဖွဲ့က ရဲယိုဖျော်ရည်သည် လက်ခံကြွက်၏ခုခံအားစနစ်ကို သွယ်ဝိုက်၍ တိုးမြှင့်ပေးသည်ဟု ထင်မြင်ကြောင်း ကောက်ချက်ချသည်။
* ရင်သားကင်ဆာတွင် ရဲယို၏အကျိုးကျေးဇူး
ရဲယိုသီးအဆီအနှစ်များပါရှိသော ဖျော်ရည်သည် ကလပ်စည်းတွင် အဆိပ်အတောက်ဖြစ်မှု ကို တိုက်ထုတ်နိုင်ပြီးပုံမှန် ရင်သားကလပ်စည်းများ ၌ရင်သားကင်ဆာကလပ်စည်းများ မထိုးဖောက်နိုင် စေရန်တားဆီးပေးသည်။
ဤလေ့လာချက်တွင် HMEC(Human Mammary Epitelial cells) ရင်သားကလပ်စည်း၊ MEC/MCF-7 (MCF-7i) တို့ကို ဓာတ်ခွဲခန်းတွင်မွေး၍ ရဲယိုသီးအသား၊ အခွံ နှင့် အစေ့အားလုံးမှ ထုတ်ယူထားသောအဆီအနှစ်ကို ကင်ဆာကလပ်စည်းများအပေါ် ထည့်၍လေ့လာခဲ့သည်။ ပထမစစ်တမ်းများအရ ရဲယိုသည် ကင်ဆာကလပ်စည်းများအပေါ် အဆိပ်အတောက် အာနိသင်ရှိကြောင်း တွေ့ရှိရသည်။ မပျံ့သေးသော ရင်သားကင်ဆာကလပ်စည်းများနှင့် ထိုးဖောက်ပျံ့ထွက်လာ သော ရင်သားကင်ဆာကလပ်စည်းများပေါ်တွင်လည်း အဆိပ်အာနိသင်ပေးမှုသည် အတူတူပင်ဖြစ်ကြောင်း တွေ့ရသည်။
* အရေပြားကင်ဆာတွင် ရဲယို၏အကျိုးကျေးဇူး
အရေပြားကင်ဆာဖြစ်ပွါးမှုနှုန်း ၉ဝ% ကျော်သည် နေရောင်ခြည် (သို့မဟုတ်) ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများသော အရေပြားများ တွင် အဓိကဖြစ်ပွားသည်။
အခြားဖြစ်နိုင်ခြေများမှာ အသက်အရွယ်ရလာခြင်း၊ မျိုးရိုးလိုက်ခြင်း (အရေပြားကင်ဆာများသည် အသားအရောင်ဖြူသူများ၊ မျက်လုံးအပြာ(သို့) အစိမ်းရောင်ရှိသူများနှင့် ဆံပင်ဝါ (သို့) အနီရောင်ရှိသူများ)၊ ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့မှုများခြင်း၊ ဓာတ်မှန်ဓာတ်ရောင်ခြည် သို့မဟုတ် အခြားဓာတ်ရောင်ခြည်များနှင့် အလွန်အကျွံထိတွေ့မှု ရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အချို့သော ပေါင်းသတ်ဆေးများတွင် ပါရှိသော အာဆင်းနစ်များနှင့် ထိတွေ့လျှင်လည်း အရေပြားကင်ဆာဖြစ်နိုင်သည်။
အရေပြားကင်ဆာတွင် အဓိကအားဖြင့် (၁) Squamous cell carcinoma နှင့် (၂) Basal cell carcinoma ဟူ၍ နှစ်မျိုးရှိသည်။ ပထမအမျိုးအစားသည် ဒုတိယအမျိုးအစားထက် အန္တရာယ် ပိုပေးနိုင်သော အကျိတ်မျိုး ဖြစ်ပြီး ကြီးထွားမှု နှေးသည်။
Squamous cell carcinoma သည် အရေပြား၏အလယ်လွှာတွင် ဖြစ်သောကင်ဆာအမျိုးအစားဖြစ်သည်။ ကြွက်နို့၊ မှဲ့၊ အခြားအရေပြားအနာများမှ ကြီးထွားလာသည့်အကျိတ်အသစ်သည် မူလအစတွင် နာကျင်မှု မရှိဘဲ အနာဖြစ်လာပြီးနောက် တဖြည်းဖြည်း နာကျင်ကိုက်ခဲလာကာ အနာမကျက်နိုင်ဘဲ အရေပြားကင်ဆာဖြစ်ပေါ်လာပါသည်။
အရေပြားကင်ဆာကို စောစီးစွာကုသနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး သို့မဟုတ်ပါက ကင်ဆာဆဲလ်များ ပျံ့နှံ့သွားကာ မသန်မစွမ်းဖြစ်နိုင်ခြင်း (သို့မဟုတ်) သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါသည်။ ပုံမှန်အရေပြားမှစပြီး မီးလောင်ဒဏ်ရာထိခိုက်ဒဏ်ရာ၊ နာတာရှည် ရောင်ရမ်းနေသည့် အရေပြားများတွင် ကင်ဆာဖြစ်နိုင်ပြီး အသက် ၅ဝ ကျော်လျှင် စဖြစ်နိုင်သည်။
အရေပြားအနာ၏ လက္ခဏာများမှာ သေးငယ်၍ မာကြောပြီး နီရဲသော ထင်းရူးသီးပုံသဏ္ဍာန်ရှိသည့် အဖု၊ အပြား (သို့) အလုံးလေးများ ဖြစ်သည်။ မျက်နှာပြင်သည်ပေါင်မုန့်အကာသားကဲ့သို့တင်းနေသည်။ အများအားဖြင့် မျက်နှာ၊ နားရွက်များ၊ လည်ပင်း၊ လက်များ၊ လက်မောင်းများ တွင်ရှိပြီး နှုတ်ခမ်း၊ ပါးစပ်၊ လျှာ၊ လိင်အင်္ဂါ (သို့) အခြားနေရာများမှာလည်း တွေ့နိုင်သည်။
* ရဲယိုတွင် ပါဝင်သော ပိုလီဆက်ခရိုက် (Polysaccharide) ကို ကင်ဆာကုရန်အတွက် chemo-immunotherapy agent အဖြစ် အသုံးပြုနိုင်သည်။ Polysaccharide များသည် ခန္ဓာကိုယ်ခုခံအားစနစ်၏ Cytokines များ ထွက်လာအောင် လှုံ့ဆော်ပေးခြင်းဖြင့် ကင်ဆာအဖုအကျိတ်ကို တုန့်ပြန်စေသည်။ Cytokines များ မှာ Interleukin, Interferon-gamma, Nitric oxide, Tumor necrosis factor နှင့် Natural killer cells တို့ဖြစ်ပါသည်။
ထို့ပြင် cytokine များသည် ဆဲလ်များ ဗီဇပြောင်းလဲခြင်း နှင့် မူမမှန် ကြီးထွားလာမှုတို့ကို ဟန့်တားခြင်းဖြင့် ကင်ဆာဆဲလ်များ ပွားများခြင်းကို ထိန်းချုပ်ပေးသည်။ ရဲယိုသည် ကင်ဆာဆဲလ်များ အပေါ်တွင် သွေးကြောအသစ်များ ထွက်ပေါ်လာခြင်းကိုလည်း ဟန့်တားပေးနိုင်သည်။
ရဲယို၌ပါသောဇီရိုနင်းသည် UV light ကို စုပ်ယူ၍ ခန္ဓာကိုယ်ရှိ တစ်ရှူးများကို ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲအောင် ထိထိရောက်ရောက် ကာကွယ်ပေးထားသောကြောင့် ရဲယို မှန်မှန် စားသူများတွင် အရေပြားကင်ဆာ ဖြစ်ပွါးရန် အလားအလာ အလွန်နည်းပါးသွားပါတော့သည်။
* အကျိုးကျေးဇူးအနှစ်ချုပ်
၁။ ကင်ဆာရောဂါကာကွယ် ကုသရာတွင် အသုံးပြုနိုင်သည်။
၂။ ကူးစက်ရောဂါများ၊ ဘက်တီးရီးယားပိုး၊ မှိုပိုးများနှင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများ ကာကွယ်နိုင်သည်။
၃။ ထိပ်ကပ်နာရောဂါကို ထိရောက်စွာ ကာကွယ်ကုသနိုင်သည်။
၎။ နာကျင်မှုသက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။
၅။ ခုခံစွမ်းအားကျဆင်းခြင်းကြောင့် နာတာရှည်မှိုစွဲခြင်း၊ ရေယုန်ဖြစ်ခြင်း၊ HIV ရောဂါများတွင် ခုခံအားတိုးမြှင့်ပေးနိုင်သည်။
၆။ စိတ်ဖိစီးမှု ပပျောက်စေရန်နှင့် စိတ်ကျရောဂါကို လျော့ပါးသက်သာစေနိုင်သည်။
၇။ သွေးကြောင့်ဖြစ်သော လေးဘက်နာ၊ အရေပြားယားနာရောဂါ SLE၊ Chron's disease ကဲ့သို့သော သွေးတွင်း အလိုအလျောက် ဓာတ်မတည့်ဖြစ်သော ရောဂါများတွင်အသုံးပြုနိုင်သည်။
* ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသောဆေးညွှန်းပမာဏတွင် ဘေးထွက်ဆိုးကျိုးမရှိပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်
ရဲယိုကို ၁၉၄ဝ ခုနှစ်မှ စတင်၍ အမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး (USFDA) ၏ GRAS (Generally recognised as sample) စာရင်းတွင် အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ဘေးကင်းစိတ်ချရသော ဖြည့်စွက်စာ (safe food supplement) ဖြစ်ကြောင်းဖော်ပြခဲ့သည်။ ကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်ဆုံးဖြစ်သည့် အက်စ်ပရင်နှင့် ကော်ဖီတို့တောင် သတ်မှတ်ဖော်ပြခြင်းမခံခဲ့ရသော်လည်း ရဲယိုတွင် ပါဝင်သောပစ္စည်းများသည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အန္တရာယ်မဖြစ်သည့်အပြင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရဲယိုသောက်ပါက ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။
* သတိပြုရမည့်အချက်များ
ရဲယိုကို အစာစားပြီးသောက်လျှင် အာနိသင်အနည်းငယ်သာရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အစာအိမ်ထဲရှိ Pepsin(ပက်ပ်ဆင်) နှင့် Hydrochloric acid (dilute) တို့က ရဲယိုတွင် အဓိကပါဝင်သော ပရိုဇီရိုနင်ကို ဖျက်ဆီးပစ်ခြင်းကြောင့် ဖြစ်သည်။ ရဲယိုတွင်ပါဝင်သော ဓာတ်ပစ္စည်းများမပျက်စီးစေရန် ကော်ဖီ (သို့) လက်ဖက်ရည် (သို့) နွားနို့ (သို့) အရက် တို့နှင့် တွဲ၍မသောက်သင့်ပါ။ ထို့ကြောင့် ရဲယိုကို အစာမစားမီ နာရီဝက်ခန့်ကြို၍ ရေတစ်ဖန်ခွက်နှင့် သောက်သုံးပါက အကောင်းဆုံးဖြစ်ပါသည်။
* တွဲဖက်အသုံးမပြုသင့်သော အရာများ
ရဲယိုသည် လိမ္မေ္မ်ာသီး၊ မကျည်းသီး၊ အုန်းသီးရည်၊ ငှက်ပျောသီးနှင့် ခရမ်းချဉ်သီး တို့ကဲ့သို့ ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် နာတာရှည် ကျောက်ကပ်မကောင်းသောသူများတွင် အသုံးမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သွေးထဲတွင် ပိုတက်ဆီယမ်သတ္တ္တုဓာတ် ပိုမိုများပြားလာနိုင်ခြင်းကြောင့် ဖြစ်သည်။
#credit
Lu Gyan Gyi
28-7-2018

Comments
Post a Comment