သံပုရာစိုက်​နည်းစုံ

သံပုရာမစိုက်​ခင်​​မြေအရင်​ပြင်






လို​သောအချိန်​မှာအသီးသီး​အောင်​လုပ်​မယ်











လက်​ညှိုးသံပုရာ







" သံပရာ နှင့် မီလီဂျ ပိုး(ဒက်ပိုးတု) "
farmer journal

ကျေးဇူးရှင် တောင်သူ လယ်သမား မိဘကြီးများ အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်း
တောင်းရင်း မေတ္တာပို့သအပ်ပါသည် ခင်ဗျား။

ဒီတစ်ပတ်တော့ မွန်ပြည်နယ်၊ ရေးမြို့က သံပုရာ စိုက်ခင်း ပိုင်ရှင်ကြီး သီးမင်းစိန် ထွန်းရဲ့ “သံပုရာမှာ ကျရောက်တဲ့ ပိုးဖြူဖြူ အမှုန်
ကလေးတွေကို ဘယ်လို နှိမ်နင်းရမလဲ ဆရာ” လို့ ဖုန်းနဲ့ မေးမြန်းလာတဲ့ အချက်ကလေးကို ဆွေးနွေး ပေးချင်ပါတယ်။ ဦးမင်းစိန်ထွန်း
ဟာ သံပုရာ ၅ ဧကလောက် စိုက်ထား ပါတယ်တဲ့။ စာရေးသူ မွန်ပြည်နယ်မှာ ပြည်နယ် မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်စဉ်က
တည်းကရေး သံပုရာဟာ အလုံးကြီးတယ်၊ အခွံပါးတယ်၊ အစေ့သေးတယ်။ အပင်ကြီးထွားမှု ကောင်းတယ်ဆိုတဲ့ လက္ခဏာတွေ
ကြောင့် နာမည်ကြီး နေပါတယ်။ ရေးသံပုရာ မျိုးပင်လိုချင် လို့ဆိုပြီး ဆရာတွေ၊ အသိ မိတ်ဆွေတွေ တကူးတက မှာခဲ့ကြလို့လည်း
စာရေးသူစီ စဉ်ပို့ပေးခဲ့ ရတာလည်း မနည်းပါဘူး။

ကဲ ဒါက တစ်ပိုင်းထားပါတော့။ သံပုရာ စိုက်ခင်းပိုင်ရှင် ဦးမင်းစိန်ထွန်းရဲ့ သံပုရာပင်များမှာ ပိုးကောင်ဖြူဖြူအမှုန်က လေးတွေလို
အကောင်တွေ ကတော့ မီလီဂျ ပိုး(ဒက်ပိုးတု) ဘဲဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ (Mealy Bug) လို့ ခေါ်တယ်ဗျ။ ဒီမီ လီဂျပိုးဟာ
အပင်ရဲ့ သစ်ရည်ကိုစုပ်စားတဲ့ ကြမ်းပိုးအမျိုးအစား တစ်ခုဘဲဖြစ်တယ်။  သံပုရာမျိုးဝင် အပင်အားလုံးမှာ ကျနိုင်ပါတယ်။ အရွက်၊
ကိုင်း၊ အမြစ်၊ အသီး အားလုံးမှာ ကျရောက် ပျက်စီးနိုင်ပါတယ်။ သံပုရာအပြင် အခြားအပင်အတော်များများ မှာလည်း ကျနိုင်ပါ
တယ်။  မီလီဂျပိုးဟာ အထီးနဲ့အမရှိတယ်။ အမဟာ ဥမအုသေးမီကာလမှာ လွတ်လပ် စွာ လှုပ်ရှားသွားလာနေလေ့ရှိပါတယ်။

မိတ်လိုက်ပြီးရင် အမဟာ အရွက်အောက် မျက်နှာပြင် ကိုင်းခွကြား၊ အညွန့်အဖူး တွေပေါ်မှာ ဥများအုချ ပါတယ်။ အမသည် ဥပေါင်း
(၃၀၀-၆၀၀) ထိ အုနိုင်ပါတယ်။ ဥတွေဟာ  အ၀ါရောင် ရှိပါတယ်။ ခန္ဓာကိုယ်ဟာ ဘဲဥပုံ ရှိပါတယ်။ အရှည် ၄ မီလီမီတာခန့်သာ ရှိပါ
တယ်။ ခန္ဓာကိုယ်မှာ ထင်ရှားသော အဆစ်များ ပါရှိပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင် ပေါင်ဒါမှုန့် များကဲ့သို့ ဖုံးလွှမ်း နေပါတယ်။
ခန္ဓာကိုယ်ဟာ ဦးခေါင်းမှ အမြီးဘက်သို့ ရှူးနေပါတယ်။ မီလီဂျပိုး အထီးဟာ တစ်မီလီမီတာ ခန့်သာရှိပြီး ခရမ်း ပြာရောင်မှ အ၀ါ
ရောင် ရှိပါတယ်။ ဦးခေါင်းမှာ ရိုးရိုးမျက်လုံး လေးလုံးရှိပြီး ရှည်လျားသော အာရုံခံနှစ်ခုနှင့် အမွှေးကြမ်းများ ရှိပါတယ်။

အတောင်နှစ်စုံ ရှိပါတယ်။ နောက်အတောင်မှာ သေးငယ်၍ အတောင်ငုတ်နေ ပါတယ်။ ခြေထောက်များသည်ရှည်၍  ဆလင်ဒါပုံရှိ
ပါတယ်။ အမွှေးထူ နေပါတယ်။ အထီး၏ အမြီးပိုင်းတွင် အရည်ဖြူများ စစ်ထုတ်သော အညွန့်အတက် နှစ်ခုရှိပါတယ်။  မီလီဂျပိုး၏
သက်တမ်းမှာ တစ်လခွဲသာ ကြာပါတယ်။ ဥများမှ ပေါက်လာသော အကောင်ငယ်များမှာ အပင်၏ သစ်ရည်ကို စုပ်စားကြပါတယ်။
အကောင်ကြီးလာပြီး အကောင်ဦးရေများလာပါက အပင်အ ရွက်များ ၀ါကုတ်၍ ခြောက်သေသွား စေပါတယ်။

အသီးများလည်း အ၀ါရောင် အကွက်များ ဖြစ်၍ အနာကွက်များဖြစ်သွားပါ တယ်။ မီလီဂျပိုးကို ကာကွယ်နှိမ်နင်းရန် မှာ –
(၁) မီလီဂျပိုး အမတစ်ကောင်သည် ဥပေါင်းရာနှင့် ချီဥနိုင်သဖြင့် ပွားများမှုနှုန်း မြန်ပြီး အရေအတွက်များသဖြင့် ဂရုပြုရန် လိုပါသည်။ ဒီမီလီဂျပိုးဟာကျပြီဆိုတာနဲ့ အရေအတွက် ချက်ချင်းများလာတယ်။ ပြီးရင် ခန္ဓာကိုယ်ကို အဖြူရောင်ဖယောင်းမှုန့် တွေနဲ့ ဖုံးလွှမ်းသွားတဲ့
အတွက် ဆေးဖျန်းရင်လည်း အထဲကအကောင်လေးကို မထိတဲ့ အတွက် ထိရောက်မှုမရှိပါဘူး။ ဒါ့ကြောင့် ဆေးဖျန်းကာကွယ်နှိမ်နင်း
မယ်ဆိုရင် ကြိုတင်ဆေးဖျန်း (ဒါမှမဟုတ်) အကောင်တစ် ကောင်နှစ်ကောင်စတွေ့တာနဲ့ ဖယောင်း လွှာမဖုံးခင် မပွားခင် လက်ဦးမှုရ
အောင် ဆေးဖျန်းပါ။ 

(၂) မီလီဂျပိုးစကျကျခြင်း အကောင် နည်းတုန်းမှာ အကောင်ပါတဲ့ အရွက်၊ ကိုင်းကို ဖြတ်ပြီး မီးရှို့ပစ်ပါ။

 (၃) စိုက်ခင်းအနီး ပတ်ဝန်းကျင်မှာ မြက်ခြောက်၊ အမှိုက်ခြောက်၊ သစ်ကိုင်း ခြောက်များကို လေတင်ဘက်မှ မီးရှို့၍ မီးခိုးမှိုင်း တိုက်ပေးပါ။

(၄) ဘော်ဒို ဆေးရည်ကို အသီးအပွင့် မရှိချိန် ကိုင်းများတစ်လျှောက် သုတ်လိမ်း ပေးထားပါ။ သံပုရာစိုက်ခင်းထဲတွင် နေရာအနှံ့
ထုံးမှုန့်များ ဖြူးထားပေးပါ။ (၅) ပိုးစတွေ့လျှင် စီဗင် 85.WP ဆေး တစ်ဧက သုည ဒသမ ၅ ကီလိုနှုန်း သုံးရက်ခြား တစ်ကြိမ်
သို့မဟုတ် အင်ဒိုဆာလ်ဖန်ဆေး တစ်ဧက ၅၀၀ စီစီနှုန်း နှစ်ပတ်ခြား တစ်ကြိမ် သို့မဟုတ် တမာပိုးသတ်ဆေး ရေ နှစ်ဂါလံတွင် ဆေး
၆၀ စီစီနှုန်းရောစက်၍  ပက်ဖျန်းပေးပါ။

 ကဲဒီလိုဆိုရင် ဦးစိန်ထွန်းရဲ့ သံပုရာ ခင်းမှာကျတဲ့ မီလီဂျပိုး (ဒက်ပိုးတု) ကင်း ဝေးသွားပါ
လိမ့်မယ်ဗျာ။  တောင်သူ လယ်သမားကြီးများ အားလုံး သီးနှံတွေအထွက်တိုးလို့ လူမှုစီးပွား ဘ၀တွေလည်း ဖွံ့ဖြိုးတိုးတက်ကြပါ
စေလို့ ဆုမွန်ကောင်းတောင်းပေးလျက် . . .

                                 Lu Gyan Gyi
                                 

ယခုapplication​လေး၌မိမိတို့ ​အ​ရောင်းအဝယ်​​ကြေညာများ၊လုပ်​ငန်း​ကြေငြာများထည့်​သွင်းလိုပါက 09797612917သို့ဆက်​သွယ်​ပါ။





Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ